Exit print mode Print Data A+ A- Undo all

Hotel Royal (2020)

Hotel Royal (2020)Hotel Royal (2020)

Synopsis:

Hotel Royal 2020

လူ့သဘာဝ သရုပ်ဖော်ကားလေးတွေဟာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ရှယ်ဆွေးလို့ကောင်းလှပါတယ်။
ဒါကို The pursuit of happyness လိုကားမျိုးလေးတွေက သက်သေပြလို့နေပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ အဲလိုကားမျိုးလေးတွေရှာကြည့်ရင်းနဲ့ ကျွန်တော့်မျက်စိရှေ့ရောက်လာတာကတော့ Hotel Royal ဆိုတဲ့ဂျပန်ကားလေးပါ။
Rating က 5.6 သာရထားပြီး ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း စကားပြောကဖောင်းပွနေတတ်တာမို့ ဒီကားလေးမို့ တစ်ခြားလေးတွေထက် နောက်ဆုံးမှကြည့်မယ်လုပ်ထားခဲ့ပါတယ်။
အမျိုးအစားက Family အမျိုးအစားမလို့ လူ့သရုပ်ဖော်ကိုက၊ မိသားစုချစ်ခြင်းတွေဖက်ကို ဦးစားပေးမယ့်ကားမျိုးလေးလို့တော့ တွေးထားလိုက်ပါတယ်။

တကယ်ဒီကားလေးကို ကြည့်ဖြစ်သွားတဲ့အချိန်မှာတော့ အထင်နဲ့အမြင်ဟာ တက်တက်စင်အောင်လွဲရပါတော့တယ်။
စကားပြောကျစ်လျစ်မှုမရှိဘဲ ဖောင်းပွနေတာမျိုးမရှိသလို၊ မလိုတဲ့အပိုသရုပ်ဆောင်မှုတွေလည်းမတွေ့ရပါဘူး။
ပြောရမယ်ဆို ကျွန်တော် ၃ ခါကျော်ကျော်လောက်ကို မျက်ရည်ဝဲရတဲ့အထိပါပဲ။
ဘာကြောင့် IMDb နည်းနေရလဲကတော့ Lucy လိုရသင့်သလောက် rating ထိမတက်လာတာမျိုးဘဲဖြစ်လိမ့်မယ်လို့ပဲတွေးလိုက်ရတဲ့အထိပါ။
ဘာသာပြန်ဖို့ကြည့်ကြည့်နေရင်း မျက်ရည်တွေထထဝဲရသလို ဇာတ်ကားကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်မျိုးကြီးကျန်ခဲ့စေတဲ့ ကားကောင်းလေးပါပဲ။

ဇာတ်လမ်းအကျဉ်လေးပြောရမယ်ဆိုရင် မီဆာယိုဆိုတဲ့ ကောင်မလေးဟာ Hotel Royal ဆိုတဲ့ စုံတွဲတွေလာလာတွဲလေ့ရှိတဲ့ဟိုတယ်ကြီးမှာ ခံစားချက်မဲ့နေတာကနေပဲစ‌တယ်ပေါ့ဗျာ။
ဒီတော့ ဒီကောင်မလေး ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ဒီဟိုတယ်ကြီးမှာရော ဘယ်လိုဇာတ်လမ်းမျိုးတွေရှိနေခဲ့တာလဲ၊ မိသားစုနဲ့သက်ဆိုင်တဲ့အကြောင်းလေးတွေကို ဘယ်လိုထုတ်ဖော်ဖွင့်ဟသွားမလဲဆိုတာ Hotel Royal ဆိုတဲ့ကားလေးထဲမှာ ရှုစားပေးလှည့်ပါဦးခင်ဗျာ။ ကြည့်ရတာတကယ်တန်စေမယ့်ကားကောင်းလေးတစ်ကားပါ။

 


File Size__(1.9GB) / (900MB)
Quality__1080p, 720p
IMDb Rating__5.6/10
Format__mp4
Duration__01:44:00
Type__Adult, Family
Subtitle__Myanmar Subtitle (Hardsub)
Translated by STA
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Hoteru royaru
Director
Masaharu Take
Stars
Amane Okayama, Ami Tomite, Ayumu Saitô, Bokuzō Masana, Chika Uchida, Fukiko Hara, Haru, Joey Iwanaga, Ken Yasuda, Ken'ichi Matsuyama, Kimiko Yo, Sairi Ito, Shiori Tamada, Tomochika, You Hasegawa, Yu Inaba, Yui Natsukawa
Release Date
November 13, 2020
Runtime
1h 44m
Country
(Japan)
Popularity
1.468
Status
Released
ID IMDb.com
tt12440108
IMDB Rating
5.6
ID Themoviedb.org
735672