Exit print mode Print Data A+ A- Undo all

HUA MULAN ( 2020 )

HUA MULAN ( 2020 )

Synopsis:

ထုံးစံအတိုင်း ဗားရှင်းတမျိုးနဲ့ မူလန်ပေါ့ ဒါပေမယ့်

ဒီမူလန်ဗားရှင်းကတော့ မဆိုးဘူးပြောရမယ်.

မူလန်လေးနည်းနည်းမလှတာကလွဲရင် ဇာတ်ကားလေးကမဆိုးလှပါဘူး

ထင်ထားတာထက်ပိုပြီးကောင်းပါတယ်

တခြားမူလန်မင်းသမီးထက်စာရင် မလှဘူးပဲပြောတာပါနော်

ကြည့်ရင်းကြည့်ရင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဒီမူလန်လေးလည်

း ချစ်စရာကောင်းတာတွေ့ရပါလိမ့်မယ်

ကိုယ်ခံပညာတော်ပြီး လူဆိုးဖမ်းရတာကိုနှစ်ခြိုက်တဲ့ မူလန်တစ်ယောက်

လူဆိုးထိန်းဆီမှာ လူဆိုးဖမ်းဖို့အလုပ်တောင်းသော်လည်း

မိန်းကလေးဖြစ်နေလို့လုပ်ချင်တာ လုပ်ခွင့်မရခဲ့ပါဘူး

ဒီအချိန်မှာ တိုင်းပြည်ကိုကျူးကျော်လာတဲ့ ရန်သူတွေကိုကာကွယ်ဖို့

တစ်အိမ်တစ်ယောက်စစ်မှုထမ်းခေါ်ရာက ဖခင်ကိုယ်စား

ယောက်ျားလေးယောင်ဆောင်ပြီး တပ်ထဲဝင်ရောက်ခဲ့ပါတယ်

သိုင်းပညာကိုပင်ကိုယ်ဝါသနာပါတဲ့မူလန်တစ်ယောက် တပ်ထဲမှာလည်း

တပ်သားကောင်းတစ်ယောက်အနေနဲ့လေ့ကျင့်သင်ကြားနိုင်ခဲ့ပါတယ်

စစ်ပွဲတွေအပေါ်မှာ သာမာန်လောက်သာအစက စိတ်ထဲထားခဲ့ပေမယ့်

မိတ်ဆွေရင်းတစ်ယောက် တိုက်ပွဲကျသွားတဲ့အခါ… ခိုကိုးရာမဲ့ပြည်သူတွေ

မျက်စိရှေ့မှာသေဆုံးတာကိုတွေ့လိုက်ရတဲ့အခါ သူ့အမြင်တွေပြောင်းလဲလာပြီး

အောင်လံလွှင့်လိုစိတ်တွေ ပြင်းထန်လာပါတယ်

ဘယ်လိုတွေအောင်မြင်အောင်တိုက်ခိုက်မလဲ

မူလန်ဇာတ်လမ်းကိုအမျိုးမျိုးပုံဖော်ရိုက်ကူးကြတဲ့အထဲမှာ

ဒီကားလေးကလည်းတစ်မျိုးကောင်းပါတယ်

ဒီဇာတ်လမ်းလေးကို မူလန်ကယ်တင်ထားခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ဖြစ်တဲ့

ချူးလိုက်ဟော်က အသက်ကြီးရင့်တဲ့အချိန် ပြန်ပြောင်းပြောပြတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်

ဂျင်းတော့ဂျင်းပေမယ့် ရသမြောက်ဂျင်းလေးမို့ အားပေးကြည့်ရှုကြပါဦးနော်

Translated & Review By Htoo Htoo Ka Joe

Encoded By LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
He Jianan
Stars
Du Yuming, Gu Shangwei, Sun Jiaolong, Zhang Dong
Release Date
Sep 9, 2020
Rated
花木兰
Runtime
1 hr. 14 min.
Country
China
IMDB Rating
7.9
IMDB votes
39