Exit print mode Print Data A+ A- Undo all

I Can Only Imagine (2018)

I Can Only Imagine (2018)I Can Only Imagine (2018)

Synopsis:

IMDb rating 7.6 အထိရရှိထားတဲ့ 2018ခုနှစ်ထွက် Christian Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

Mercy Me တီးဝိုင်းအဖွဲ့ရဲ့ Best Selling Christian Song ဖြစ်တဲ့ I Can Only Imagine ကိုရိုက်ကူးထားတာဖြစ်ပြီးအဆိုပါသီချင်းဟာ အမေရိကန်နိုင်ငံတွင်နံပါတ် ၁ ချိတ်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။

ဒီသီချင်းကိုသူ့ရဲ့အဖေနဲ့ဆက်ဆံရေးအကြောင်းရေးဖွဲ့ထားခဲ့တဲ့အဆိုပါတီးဝိုင်းအဖွဲ့ရဲ့ Lead Singerလည်းဖြစ်တဲ့ Bart Millard အဖြစ် Michel Finely ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကို ဒေါ်လာရသန်းဖြင့်ရိုက်ကူးထားခဲ့ပြီး ၈၄သန်းအထိပြန်လည်ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုတွင် တတိယအအောင်မြင်ဆုံးသောMusic Biopic အဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

ဝေဖန်ရေးဆရာတစ်ချို့ကတော့ ဒီဇာတ်ကားလေးကို အခြား Faith-Based ဇာတ်ကားတွေနဲ့ယှဉ်ရင် ပိုပြီးစိတ်လွှမ်းမိုးနိုင်တဲ့
တိုးတက်မှုဖြစ်စေတဲ့ကားလေးဖြစ်တယ်လို့ဆိုထားပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ဘဝ မိဘတွေအဆင်မပြေမှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ Bart Millard တစ်ယောက်
မိခင်အိမ်ကနေထွက်သွားပြီးတဲ့နောက် ဖခင်နဲ့ပဲနေရတဲ့အခါ ဖခင်စိတ်တိုင်းကျဖြစ်စေချင်တာတွေကိုပဲ သဘောကျဖြစ်အောင်လုပ်ပေးခဲ့ပေမယ့် ကံကြမ္မာကသူ့ကိုလမ်းမှန်ပို့ခဲ့တယ်ဆိုရမလားပဲခြေကျိုးခဲ့ပြီး ဘောလုံးအသင်းကနေ Music Club ကိုရောက်သွားခဲ့ပါတယ်။

ငယ်စဉ်ကတည်းက သီချင်းတွေကိုခုံမင်မြတ်နိုးလာပြီး စိတ်ဉာဏ်ကွန့်မြူးတတ်တဲ့ Bart တစ်ယောက်အတွက်လမ်းမှန်အပေါ်ရောက်စေတဲ့ ပထမခြေလှမ်းလို့ပြောရမှာပါပဲ။

ဒါပေမယ့် အရာရာဟာ အဆင်ပြေပြေဖြစ်သွားတာမဟုတ်ပါဘူး။ ကြိုးစားရုန်းကန်ခဲ့ရတာတွေ စွန့်လွှတ်ခဲ့ရတာတွေလည်းအများကြီးရှိခဲ့တာကိုတွေ့ရမှာပါ။

ဒီကားလေးဟာ I Can Only Imagine ဆိုတဲ့သီချင်းလေးဖြစ်ပုံလာပုံကိုအဓိကထားရိုက်ကူးထားတာဖြစ်ပြီး Music Drama ကြိုက်သူတွေအတွက်သဘောတွေ့စေမယ့်ကားလေးဖြစ်မယ်ဆိုတာလည်း Rating အရသိနိုင်ပါတယ်။

ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်သလို ရသအမျိုးမျိုးလည်းခံစားရနိုင်တဲ့ကားလေးပါ။

ခရစ်ယာန်ဘာသာနဲ့အကျွမ်းတဝင်မရှိတဲ့အတွက် အသုံးအနှုန်းမှားယွင်းဘာသာပြန်ထားမိရင် ခွင့်လွှတ်ပေးကြစေလိုပါတယ်။

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)

File Size : (900 MB) and (370 MB)
Quality : Blu-Ray 720p
Running Time : 1hr 50min
Format : Mp4
Genre : Drama, Family, Music
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264.DTS-HDC
Translated by Thura Zarni Aung
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
I Can Only Imagine
Director
Andrew Erwin, Jon Erwin
Stars
Brody Rose, Cloris Leachman, Dennis Quaid, Gianna Simone, J Michael Finley, Jason Burkey, Kevin Downes, Madeline Carroll, Rhoda Griffis, Tanya Clarke
Release Date
16 Mar 2018
Rated
PG
Runtime
110 min
Awards
N/A
Country
USA
Popularity
12.089069
Status
Released
ID IMDb.com
tt6450186
IMDB Rating
7.6
IMDB votes
4,475
ID Themoviedb.org
470878
TMDb Rating
7.1
TMDb votes
33