Channel Myanmar

I Still See You (2018)

I Still See You    

N/A N/A Thriller

6.4
IMDB: 6.4/10 49 votes

, , , , , , , , ,

N/A

USA

424468

Report error

ဝိဥာဉ်​​တွေက ကိုယ်​မမြင်​ရ​ပေမယ့်​ ကိုယ့်​ရဲ့ပတ်​ဝန်းကျင်​မှာ ​လျှောက်​သွား​နေကြတာကို သိကြမှာပါ။

ဝိဥာဉ်​ဆိုတာ ကံနိမ့်​လို့ မြင်​ရတာလို့ ယူဆထား​လေ့ရှိကြတယ်​မလား။

ဒီဇာတ်​ကားထဲမှာ​တော့ လူ​တွေဟာ ​သေဆုံးပြီးတဲ့ ဝိဥာဉ်​​တွေကို ​နေ့တိုင်း ​နေရာတိုင်းမှာ ​တွေ့မြင်​​နေကြရတယ်​။

သေဆုံးပြီးတဲ့ ကိုယ့်​ရဲ့​ဆွေမျိုး​တွေ ကိုယ်​ချစ်​ရတဲ့ ဂရုစိုက်​ရတဲ့လူ​တွေဟာ ​နေ့တိုင်းသူ့အချိန်​ကျရင်​ အိမ်​မှာ ​ပေါ်လာတတ်​ပြီး လုပ်​​နေကျအလုပ်​တွေကို လုပ်​ရင်း ​ပျောက်​သွားကြပါတယ်​။

ဘာ​ကြောင့်​ဒီလိုမျိုးဖြစ်​ရသလဲဆို​တော့ အနုမြူဗုံး​ပေါက်​ကွဲတဲ့​နေရာနဲ့ အဲ့ဒီ​နေရာ အနီးတစ်​ဝိုက်​မှာ ဝိဥာဉ်​​တွေဟာ ထိုကဲ့သို့ ​ပေါ်လာ​လေ့ရှိလို့ပါပဲ။

သူ့အချိန်​တန်​ရင်​ ဝိဥာဉ်​​တွေ​ပေါ်လာတယ်​ ငါးစက္ကန့်​​လောက်​ကြာရင်​ ပြန်​​ပျောက်​သွား​လေ့ရှိပါတယ်​။

ဗာရိုနစ်​ကာ ရွန်​နီဟာ မြင်​​တွေ့​နေကြမဟုတ်​တဲ့ တ​စ္ဆေ​တွေကို မြင်​​တွေ့လာရတဲ့ အခါ ထူးဆန်းတဲ့ ခံစားမှုမျိုး​ပေါ်​ပေါက်​လာပါတယ်​။

သူမ​​နောက်​ကို လိုက်​​နေတဲ့ ဝိဥာဉ်​က သူမကို အန္တရာယ်​​ပေးမှာ ကို သူမခံစားလာရပါတယ်​။

ဒါ​ကြောင့်​ ဝိဥာဉ်က ဘယ်​သူဖြစ်​မလဲဆိုတာကို ခက်​လိန်းဆိုတဲ့​ကောင်​​လေးနဲ့ ရှာ​ဖွေခဲ့ပါတယ်​။

အဲ့ဒီဝိဥာဉ်​က ဘာလို့ သူမကို လာ​ခြောက်​တာလဲ။

ဘယ်​သူလဲဆိုတာကို သူတို့​ဖော်​ထုတ်​ပြီးတဲ့​နောက်​ အသက်​အန္တရာယ်​က​နေ ဘယ်​လို လွှတ်​​အောင်​ ကြိုးစားကြမလဲ။

အနုမြူဗုံးက​ရော ဘာ​ကြောင့်​​ပေါက်​တာလဲ။

မိန်းက​လေး​တွေ အများကြီးရှိတဲ့အထဲကမှ ဘာလို့ ရွန်​နီကိုပဲ သတ်​ချင်​တာလဲဆိုတာကို အသည်းတယားယားနဲ့ ဆက်​လက်​ကြည့်​ရှူ​ပေးကြပါ​နော်​။

ဒီကားက သရဲမကျ ဝိဥာဉ်​မကျတဲ့ ကားဖြစ်​ပါတယ်​။

သိပ္ပံဆန်​တဲ့အချက်​​တွေပါတဲ့အပြင်​ စိတ်​ဝင်​စားစရာ လှည့်​ကွက်​​လေး​တွေလည်း ပါလို့ လူငယ်​​တွေ အကြိုက်​​တွေ့​စေမယ့်​ကား​လေးပါ။

လွန်​ခဲ့တဲ့ ရက်​အနည်းကမှ ထွက်​ထားတဲ့ ကားအသစ်​​လေးလည်း ဖြစ်​ပါတယ်​​နော်​။

ဖခင်​​မေတ္တာကို ​ဖော်​ကျူးထားတဲ့ ကားလို့​ပြောရင်​လည်း မမှားပါဘူး။

နောက်​ဆုံး​ပြောချင်​တာက​တော့ ဒီကားကို ကြည့်​ရင်​ ညလူ​ခြေတိတ်​ချိန်​ နားကြပ်​​လေးတပ်​ပြီးကြည့်​ပါလို့။

 

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့  နေခြည် ပါ)

 

File Size : (800 MB) and (350 MB)
Quality : WEB-DL 720p
Running Time : 1h 38min
Format : Mp4
Genre : Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEB-DL.XviD.AC3-FGT
Translated by Nay Chi
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies