Exit print mode Print Data A+ A- Undo all

Imaikkaa Nodigal (2018)

Imaikkaa Nodigal (2018)Imaikkaa Nodigal (2018)

Synopsis:

ရဲနဲ့ ရာဇဝတ်​​ကောင်နဲ့ကြား ဉာဏ်​ကစားတဲ့

စုံ​ထောက်​ကား​ကောင်းကြိုက်​သူ ပရိတ်​သတ်​​တွေအတွက်

ဂျင်းမဟုတ်​တဲ့ အမှန်​အကန်ကားပါ plot twist ​တွေ

အများကြီးနဲ့ကြည့်​​နေရင်း ဟာ​တွေ ဟင်​​တွေ ဟုတ်​တယ်​ဟတွေ

ဘာ​တွေ ညာ​တွေ ဖြစ်​ကုန်​မယ်​ ဒီဇာတ်​လမ်း ဟာ

ဖြစ်​ရပ်​နှစ်​ခုကို အ​ခြေခံထားပါတယ်

ရူဒရာဆိုတဲ့ လူသတ်​သမားဟာ လူသုံး​ယောက်​ကိုပြန်​​ပေးဆွဲတယ်

ငွေသန်း၂၀ ဆီ​တောင်းပြီး ​ငွေရပြီးတာနဲ့ ပြန်​​ပေးဆွဲခံထားရသူ​တွေကို

သွေး​ကြော​တွေဖြတ်​ ​သွေးထွက်​လွန်​ပြီး ​သေ​အောင်​သတ်​တယ်

အ​လောင်း​တွေကို မိဘ​တွေဆီပြန်​ပို့ ခဲ့ပါတယ် 

ဒီအမှုကို အန်​ဂျလီ လို့​ခေါ်တဲ့ CBI အရာရှိတစ်​​ယောက်​က​ဖော်​ထုတ်​ခဲ့ပြီး

ရူဒရာကို အ​သေပစ်​ခတ်​ ဖမ်းဆီးနိုင်​ခဲ့ပါတယ်

ဒါကတစ်​ပိုင်း ဒီလိုနဲ့​နောက်​ ငါးနှစ်​ကြာတဲ့အခါ ရူဒရာ

နံမည်​ နဲ့ပုံစံတူ လူသတ်​မှု​တွေ ထပ်​ဖြစ်​လာပြန်​ပါတယ်

ဒီအခါမှာလည်း အန်​ဂျလီ ဦး​ဆောင်​ပြီး ရူဒရာ ဆိုသူကို

ဖမ်းဖို့ကြိုးစားခဲ့​ပေမယ့်​ ဒီတစ်​​ခေါက်​ ရူဒရာ ဟာ​အရမ်းဉာဏ်​​​များပြီး

စေ့စပ်​​​သေချာလွန်းတဲ့အစီအစဉ်​​တွေ​ကြောင့်

ဖမ်းဖို့ကြိုးစားတိုင်း ရဲ​တွေ အရူးလုပ်​ခံရပြီး

မီဒီယာ​တွေ​ရှေ့မှာ အရှက်​ကွဲရပါ​တော့တယ်

ဒီလို ဉာဏ်​များလွန်းတဲ့ ရူဒရာ ကို ဘယ်​လိုဖမ်းမလဲ

ရူဒရာက ရဲ​တွေကိုဘယ်​လိုတစ်​ပါတ်​ရိုက်​​လဲ

ရူဒရာဆိုတာ.ဘယ်​သူလဲ လွန်​ခဲ့တဲ့ ငါးနှစ်​က ရူဒရာ နဲ့

အတူတူပဲလား ဆိုတာ​တွေကို

ဒီဇာတ်​ကားထဲမှာ စိတ်​ဝင်​စားဖွယ်ကြည့်​ရမှာပါ

………………………………………………………….

ဇာတ်​လမ်းက BBC Sherlock ရဲ့ Richenbech Fall နဲ့နဲနဲ

ဆင်​တာ​လေး​တွေရှိတယ်

(​ကော်​ပီလို့​ပြောတာမဟုတ်​ မတူပါ)

ပြီး​တော့ မှာချင်​တာက သီချင်းသံကြားတာနဲ့ ရစ်​တာမျိုး

မလုပ်​ပါနဲ့ သီချင်းတိုတို​လေး​တွေပါ

ကြားထဲကအ​ရေးကြီးတဲ့

ဇာတ်​ကွက်​​လေး​တွေ လွတ်​သွားမှာစိုးလို့ပါ

ရုပ်ရှင်ကားကို Chanyein Soe မှ ဘာသာပြန်ပေးထားပြီး

အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Imaikkaa Nodigal
Director
R. Ajay Gnanamuthu
Stars
Anurag Kashyap, Atharvaa Murali, Devan, Nayanthara, Raashi Khanna, RJ Ramesh Thilak, Udhayabanu Mageswaran, Vijay Sethupathi
Release Date
29 Aug 2018
Rated
N/A
Runtime
170 min
Awards
N/A
Country
India
Popularity
1.979
Status
Released
ID IMDb.com
tt6186910
IMDB Rating
7.5
IMDB votes
2,215
ID Themoviedb.org
415193
TMDb Rating
6.9
TMDb votes
15