Channel Myanmar


Inglourious Basterds (2009)

Inglourious Basterds    

R 153 min ActionAdventureDramaWar

8.3
IMDB: 8.3/10 892,831 votes

,

, , ,

Won 1 Oscar. Another 124 wins & 153 nominations.

USA, Germany

83638

Report error

spree

Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ…..
နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။
အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။

ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတဲ့ ဇာတ်ကားကောင်းမို့ CM ပရိသတ်ကြီး ခံစားကြည့်ရှုကြပါဦးလို့……

 

– Zawgyi –

Rotten Tomatoes 89% IMDb 8.3/10 ရရွိထားၿပီး ေအာ္စကာ ၁ ဆုနဲ႔ အျခားေသာ ဆုေပါင္း ၁၂၄ ဆုရရွိခဲ႔တဲ႔ ၂၀၀၉ ခုႏွစ္ထြက္ ဟစ္တလာ လုပ္ၾကံေရး ဇာတ္ကားေကာင္း တစ္ကားကို CM ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။
ဒုတိယကမ႓ာစစ္ရဲ႕ အစပိုင္း ျပင္သစ္ကို နာဇီတို႔ သိမ္းပိုက္ထားခ်ိန္ကာလ…..
နာဇီေတြကို တန္ျပန္သုတ္သင္ဖို႔အတြက္ မဟာမိတ္ ေတြဟာ လွ်ိဳ႕ဝွက္ တပ္ဖြဲ႕တစ္ခုကို ဖြဲ႔စည္းဖို႔ လက္ဖတင္နင္ Aldo Raine (Brad Pitt)ကို တာဝန္ေပးခဲ႔ပါတယ္။ Aldo ဟာ Basterds လို႔ေခၚတဲ႔ ဂ်ဴး ကျပားေတြ အမ်ားအျပားပါဝင္တဲ႔ တပ္ဖြဲ႕ကိုဖြဲ႕စည္းၿပီး ဟစ္တလာရဲ႕ နားရြက္ကို တံေတြးစြတ္ပါေတာ႔တယ္။ Basterds ေတြဟာ နာဇီမွန္သမွ်ရက္ရက္စက္စက္သတ္ၿပီး ဦးေခါင္းေရကို ခြါယူေလ႔ရွိပါတယ္။သူနဲ႔သူ႕လူေတြဟာ ဟစ္တလာကို လုပ္ၾကံဖို႔ ၿဗိတိသွ်တို႔ရဲ႕သူလွ်ိဳ၊ဂ်ာမန္ နာမည္ႀကီးမင္းသမီး Bridget von Hammersmark(Diane Kruger)နဲ႔ပူးေပါင္းၿပီး ကီႏို စစ္ဆင္ေရးကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးပမ္းၾကပါေတာ႔တယ္။
အဲဒီအခ်ိန္မွာပဲ နာဇီေတြ သုတ္သင္ခဲ႔တဲ႔ ဂ်ဴးမိသားစုတစ္ခုက ထြက္ေျပးလြတ္ေျမာက္ၿပီး နာဇီေတြကို လက္စားေခ်ဖို႕ႀကိဳးစားေနတဲ႕ ႐ုပ္ရွင္ရံုပိုင္ရွင္ ဂ်ဴး မိန္းမလွေလး Shosanna Dreyfus(Mélanie Laurent) ကလည္း သူ႔လက္စားေခ်မႈကို အေကာင္အထည္ေဖာ္ဖို႔ အခြင့္အေရးတစ္ခုကို အမွတ္မထင္ ရရွိလာပါတယ္။

ဒီလို အေျခအေနမွာပဲ Jews Hunter လို႔နာမည္ႀကီးၿပီး ေကာက္က်စ္စဥ္းလဲၿပီး ဉာဏ္မ်ားတတ္တဲ႔၊ ကာနယ္ Hans Landa (Christoph Waltz) ဟာ ဒီလုပ္ၾကံမႈကို ဘယ္လိုမ်ိဳး တားဆီးကာကြယ္မလဲ။ Basterds ေတြရဲ႕ ကံၾကမၼာနဲ႔ ဟစ္တလာရဲ႕ ကံၾကမၼာဟာ ဘယ္သူ႕အေပၚမွာ မူတည္မလဲ? လုပ္ၾကံမႈကေရာ ေအာင္ျမင္မလား…. က်ဆံုးမလား ဆိုတာကို ရင္သပ္ရႈေမာနဲ႕ ၾကည့္ရႈရမွာပါ။

ဒီဇာတ္ကားဟာ ဇာတ္လမ္း ဇာတ္အိမ္နဲ႔ ဇာတ္႐ုပ္ေတြကို အမ်ားနဲ႔မတူေအာင္ ခြဲထြက္႐ိုက္ကူးတဲ႔ ေနရာမွာ နာမည္ေက်ာ္တဲ႔ ေအာ္စကာဆုအျပင္ အျခားဆုေတြအမ်ားႀကီး ရထားတဲ႔ ဒါ႐ိုက္တာ Quentin Tarantino ရဲ႕ လက္ရာပါ။ ဇာတ္လမ္း၊ သ႐ုပ္ေဆာင္မႈ နဲ႔ ႐ိုက္ကူးတင္ျပမႈေတြအရမ္းေကာင္းတဲ႕ ဇာတ္ကားေကာင္းမို႕ CM ပရိသတ္ႀကီး ခံစားၾကည့္ရႈၾကပါဦးလို႔……

 

File Size    : 1 Gb
Duration   : 02 : 32 : 59
Quality      : Bluray Quality
Format      : MP4
Translator : Kaung Thant Sin
Encoder     : Littleneo

 

inglourious_basterds_wallpaper_by_fighteroffoos



No downloads available

Genres

Related movies