Exit print mode Print Data A+ A- Undo all

Inside (2023)

A solitary exhibition.
Inside (2023)Inside (2023)

Synopsis:

Inside (2023)

Inside ရုပ်ရှင်ကိုကြည့်ရင်း အရင်ဆုံးသတိရမိတာက ဘုရင်မိုင်းဒက်စ်ပဲ။
အလိုကြီးပြီး ထိလိုက်သမျှရွှေဖြစ်တဲ့ဘုရင်ကြီးပေါ့။
နောက်ဆုံးတော့ သူ့စားစရာတွေတောင်ထိလိုက်တိုင်းရွှေဖြစ်လို့ ငတ်သေလုနီးပါးဖြစ်ခဲ့ရတယ်။

ဒီဇာတ်လမ်းမှာတော့ နီမိုဆိုတဲ့သူခိုးပေါ့။ သူက ခေတ်မှီထိန်းချုပ်စနစ်တွေနဲ့ တိုက်ခန်းတစ်ခုက ပန်းချီကားတွေကို သွားခိုးတာ။
ပိုင်ရှင်ကလဲခရီးသွားနေတာ ဘယ်တော့မှပြန်လာမယ်မသိ။
ဖြစ်ချင်တော့သူကအဲ့ဒီတိုက်ခန်းထဲမှာပိတ်မိသွားပါလေရော။
စနစ်ကလဲ ချို့ယွင်းမှုဖြစ်တယ်လို့တွင်တွင်ပြနေပြီး လုံးဝအလုပ်မလုပ်တော့ဘူး။
အဲ့လိုစမတ်ဟုမ်းထဲမှာပိတ်မိတာက ကျွန်းတစ်ကျွန်းပေါ်တစ်ယောက်ထဲကျန်တာမျိုးထက်တောင်ပိုဆိုးသေး။
ရေစနစ်ကလဲအလုပ်မလုပ် အပူအအေးစနစ်ကလဲ ပူလိုက်အေးလိုက်ဖြစ်ချင်ရာတွေဖြစ်။
စားစရာဆိုတာကလဲသိပ်မရှိ။ ဒီကြားထဲစမတ်ရေခဲသေတ္တာဆိုတာကလဲ စက္ကန့်ပိုင်းလောက်များကြာကြာဖွင့်မိရင်
“ဟေး မာကရီနာ” ဆိုပြီး နာငြီးအောင်သီချင်းဆိုသတိပေးသေးတယ်။
ဒီလိုရူးလောက်စရာတိုက်ခန်းထဲမှာ၊ သူလာခိုးတဲ့အဖိုးတန်ပန်းချီများစွာရဲ့အလယ်မှာ ပိတ််မိနေတဲ့သူခိုး “နီမို” ထွက်လမ်းကိုဘယ်လိုရှာမလဲ။
နီမိုရဲ့ ကြိုးပမ်းမှုတွေ ပိတ်လှောင်မှုတွေ စိတ်အတက်အကျတွေကို ပန်းချီတစ်ချပ်လိုပဲ အနုစိတ်ဖော်ပြထားလို့
ကြည့်ရှုသူကိုပါ မွန်းကြပ်မှု၊ လွတ်မြောက်ဖို့တောင့်တမှုတွေ ခံစားမိလောက်အောင် ရသမြောက်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။

Genre….. Drama, Thriller
Quality…. 1080p | 720p | 480p
File size…1.2GB | 564MB | 282MB
Format… mp4
Duration…. 1h 45min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Rashida
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
16 March 2023
Rated
R
Runtime
1h 46min
Awards
3 Nominations
Revenue
USD $170 000,00
Popularity
277.439
Status
Released
ID IMDb.com
tt14781036
IMDB Rating
5.6
IMDB votes
5.1k
ID Themoviedb.org
958196
TMDb Rating
6
TMDb votes
57