Exit print mode Print Data A+ A- Undo all

Inside the Yellow Cocoon Shell (2023)

Inside the Yellow Cocoon Shell (2023)Inside the Yellow Cocoon Shell (2023)

Synopsis:

 

ဒီဇာတ်ကားက ဗီယက်နမ်​စကား​ပြောရုပ်ရှင်ဖြစ်ပြီး ဗီယက်​နမ်​ဒါရိုက်တာ​ Phạm Thiên Ân ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ်။ သဘာဝတရား၊ ယုံကြည်ခြင်းနဲ့ စိတ်​ဝိညာဉ်​ကိုပြန်လည်ရှာဖွေခြင်း အငွေ့အသက်​တွေထုံလွှမ်းထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes ရုပ်​ရှင်​ပွဲတော်မှာ Camera d’or ဆုကိုဆွတ်ခူးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။

ဇာတ်လမ်း​အကျဥ်း​ကတော့ ဆိုင်းဂုံမြို့ (ဟိုချီမင်းမြို့)​မှာနေတဲ့ Thiên ဆိုတဲ့လူငယ်တစ်ယောက်ဟာ မရီး​ဖြစ်သူ အက်ဆီးဒင့်တစ်ခုမှာသေဆုံးပြီးနောက် ရုပ်အလောင်းကိုမွေးရပ်မြေတောင်တန်းဒေသကို ပြန်ပို့ပေးဖို့အကြောင်းဖန်လာပါတယ်။ Thiên​ ကလေးဘဝမှာနေထိုင်ခဲ့တဲ့တောင်ပေါ်ကျေးလက်ဒေသကို မရီးရဲ့ကျန်ရစ်သူ သားဖြစ်တဲ့ ငါးနှစ်သားကလေးငယ်နဲ့အတူ ပြန်​သွားပြီးခေတ္တနေထိုင်ဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ဒေသခံ​တွေရဲ့ဘာသာရေးယုံကြည်မှုတွေနဲ့သဟဇာတဖြစ်ဖို့ ရုန်းကန်​နေရတဲ့ Thiên​ ရဲ့ အဇ္ဈတ္တ​လွန်​ဆွဲမှုနဲ့အတူ ကွယ်​လွန်သူမရီးရဲ့ ခင်ပွန်းဖြစ်တဲ့ Thiên​ ရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုကို စုံစမ်း​ရပုံတို့ကို ရိုး​ရှင်း​စွာတင်ဆက်ထားတာဖြစ်ပါတယ်။ ကြားထဲမှာ အဆက်အစပ်သိပ်မရှိလှတဲ့ အဖြစ်အပျက်တွေနဲ့အတူ အတိတ်​ကိုတူးဆွခြင်း ယုံကြည်​မှုကိုပြန်လည်ရှာဖွေခြင်းသဘောတရားတွေကို ထည့်သွင်း​ပုံဖော်ထားပါတယ်။

ဇာတ်လမ်း​က ရိုးရှင်းပေမဲ့ Cinematography ကတော့ဆန်းပြားလှပပြီး ရုပ်ရှင်​ဝေဖန်​သူတွေ ချီးမွမ်း​ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes အပြင်​ တခြား​သောရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Drama/Narrative ဖြစ်ပါတယ်။ ဒိုင်​ယာလော့ဂ်နည်းပြီး visual ပိုင်းကိုအသားပေးထားတာဖြစ်သလို ရှည်လျား​တဲ့ရိုက်ချက်တွေနဲ့ သမာရိုးကျမဟုတ်တဲ့တင်ပြပုံကြောင့်လည်း ဒီဇာတ်ကားကို ရုပ်ရှင်​ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်​တောင်ပေါ်​ကျေးလက်ဒေသရဲ့ လှပတဲ့ရှုခင်းတွေကိုလည်းမြင်တွေ့​ရမှာပါ။ ဇာတ်​လမ်းက တချို့​ပရိသတ်​တွေအတွက် ပျင်း​ရိ​စရာ​ကောင်းနိုင်ပေမဲ့ Cinematography​ နဲ့တင်ကြည့်ရတန်နေပြီလို့ဆိုနိုင်ပါတယ်။ Art​ House ရုပ်ရှင်​တွေကို​နှစ်သက်​သလို အချိန်​လည်းပေးပြီး စိတ်​အေးလက်အေးကြည့်ရှုခံစားနိုင်တဲ့ပရိသတ်တွေ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။

 

File size…(3 GB)/(1.6 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:59:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Vader



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
9.387
Status
Released
ID IMDb.com
tt10399622
IMDB Rating
6.7
ID Themoviedb.org
1114816
TMDb Rating
6.7
TMDb votes
9