Exit print mode Print Data A+ A- Undo all

Inspector Sun and the Curse of the Black Widow (2022)

Inspector Sun and the Curse of the Black Widow (2022)Inspector Sun and the Curse of the Black Widow (2022)

Synopsis:

Inspector Sun and the Curse of the Black Widow (2022)

“ပင့်ကူတွေ ပိုးတောင်မာတွေ ပုရစ်တွေကျတော့ပျော်မြူးနေကြပြီး… ပိုးဟပ်တွေကျတော့ ချောင်ထဲမှာ…ပုရွက်ဆိတ်တွေဆိုလည်း အမှိုက်သမားလေးတွေကိုဖြစ်လို့…မတရားဘူးကွ ပြောင်းလဲပစ်ရမယ်” ။

အင်းဆက်တွေကြားထဲမှာတောင် မညီမျှမှုတွေကိုယ်စီရှိနေတာကို မခံစားနိုင်တော့တဲ့ ကျိုင်းကောင် Red ကတော့ တရားမျှတမှုကို နည်းလမ်းမှားနဲ့ဆောင်ကျဉ်းပေးဖို့ ကြံစည်နေတဲ့ ရာဇဝတ်ကောင်အကြီးစားကြီးပေါ့။ Red ရဲ့ကျိုင်းအုပ်ကို သက်ဆိုးမရှည်အောင် စက်ရုံကြီးတစ်ခုလုံးကိုဖောက်ခွဲပြီး အပျောက်ဖမ်းမိတဲ့ စုံထောက် Sun ခမျာမှာတော့ ထမ်းပိုးထက်လက်ခကြီးပြီး မျက်နှာမရခြေထောက်ရ ဆိုသလို ရာထူးတိုးရမယ့်အစား အလုပ်ပါနားခံလိုက်ရပါတယ်။

အလုပ်ပြုတ်လို့ဘူပြီး New York ကို အပန်းဖြေခရီးလေးထွက်ဖို့လုပ်ခါရှိသေး …အနောက်ကနေတကောက်ကောက်လိုက်တဲ့ fan အကြီးစားတစ်ယောက်ဝင်ရှုပ်လို့ လေယာဉ်လွတ်သွားပြီး San Fransisco လေယာဉ်ကိုပဲ ဘော်ဒါတစ်ယောက် ဒကာခံကောင်းမှုနဲ့ တက်လိုက်ခွင့်ရလိုက်ပါတယ်။

စုံထောက်ကံမကုန်သေးတဲ့ Sun အတွက် ရေကန်အသင့်ကြာအသင့်ဆိုသလို နာမည်ကောင်းပြန်ရစေမယ့် အခွင့်အရေးတစ်ခု မျက်စိလည်လာရတာကတော့ လေယာဉ်ပေါ်က လက်သည်မပေါ်တဲ့ လူသတ်မှုတစ်ခုကြောင့်ပါပဲ။ ဒါပေမယ့် ထင်သလောက်မရိုးရှင်းတဲ့အမှုမှာ သေဆုံးသူကတော့ Red ရဲ့ သိပ္ပံပညာရှင်ဟောင်းဖြစ်နေတဲ့အပြင် သံသယရှိသူတွေကလည်း တောင်လိုပုံပြီး ယုန်ထင်ကြောင်ထင်ဖြစ်နေရတဲ့ အခြေအနေမှာ …

လေယာဉ်ပေါ်ခိုးလိုက်လာတဲ့လူက Sun ကိုလေးစားတဲ့ စုံထောက်ဝါသနာရှင်ပင့်ကူမလေးအပြင် တခြားအန္တရာယ်ရှိ အင်းဆက်တွေအများကြီးရှိနေသေးတာကို သိလိုက်ရတဲ့အခါ…

အတော်ကိုမှခေါင်းစားရတဲ့ မှုခင်းဇာတ်လမ်းလေးကို plot twist ကောင်းကောင်းလေးတွေ အခွီဇာတ်ဝင်ခန်းလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hnin Wut Yi ပါ။)

File Size          : 2.3GB, 909MB, 526MB
Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p
Format            : mp4
Duration         : 1hr 28mins
Genre              : Animation
Translated by Hnin Wut Yi
Encoded by Kinnov



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Inspector Sun y la maldición de la viuda negra
Director
Julio Soto Gurpide
Stars
Andrea Villaverde(voice), Catherina Martínez(voice), Stars Jesús Barreda(voice)
Release Date
December 28, 2022
Runtime
1h 28m
Awards
2 nominations
Country
Spain
Popularity
536.363
Status
Released
ID IMDb.com
tt6661616
IMDB Rating
5.8
IMDB votes
68
ID Themoviedb.org
987750
TMDb Rating
7.1
TMDb votes
65