Channel Myanmar

Jai Gangaajal (2016)

Jai Gangaajal    

PG-13 2h 29min BollywoodCrimeDrama

5.6
IMDB: 5.6/10 2,432 votes

, ,

India

1064558

Report error

Jai Gangaajal (2016)_____IMDb – 5.6/10

 

 

ကဲဗျာ အခုတလော ဘောလိဝုဒ်တွေတင်တာနည်းတယ်ဆိုပြီး

ပြောပြောနေကြတဲ့ ပရိတ်သတ်ကြီး အတွက် 2003 ခုနှစ်ကထွက်ရှိထားတဲ့

Gangajal ရဲ့ အဆက် ကားကို တင်ဆက်ပေးလိုက်ပါတယ်

ကုလားကားတို့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်ကွက်ကိုကတော့

သိပ်ပြီး အမွမ်းတင်ပြီး ညွှန်းနေစရာလိုလောက်ဘူးလို့ထင်ပါတယ်

ဇာတ်လမ်း အကျဉ်းလေးကတော့ ဘတ်ဘလိုပန်ဒီ နဲ့ ဒတ်ဘလိုပန်ဒီတို့

ညီအစ်ကို ၂ယောက်ဟာ ဘီဟာ ပြည်နယ် လက်ခီဆာရီမြို့လေးမှာ

ဗိုလ်ကျနေကြတဲ့ လူမိုက် ညီအစ်ကို ၂ဦးဖြစ်ပါတယ် သူတို့ ၂ယောက်ဟာ

လျှပ်စစ်ဓါတ်အားပေးစက်ရုံကိုတည်ဆောက်ဖို့ ငွေ အရင်းမနှီးများထည့်ထားပြီး

သူတို့ ရဲ့ အာဏာရပါတီက အခြေအနေမကောင်းတဲ့ အချိန်မှာ လူလည်တို့ထုံးစံ

လွတ်လမ်းကို ရှာနေကြတဲ့သူတွေပါ ဒီလိုနဲ့ တစ်နေ့မှာ

ဒီလို ဒုစရိုက်မှုတွေထူပြောလှတဲ့ နယ်မြို့လေးကို မိန်းမသား ရဲအရာရှိ

တယောက်ကို အစိုးရကစေလွှတ်လိုက်ပါတယ်

 

 

ရဲအရာရှိ အဗ်ဟာမတ်သာ တဖြစ်လဲ မင်းသမီး ပရီရန်ကာချိုပရာတယောက်

ယောကျာ်းသားတွေနဲ့ အတူတူတန်းတူ တာဝန်ထမ်းဆောင်နိုင်မလား

မဖော်ထုပ်နိုင်ခဲ့တဲ့ အမှုတွေကိုလဲ ပြန်လည် ဖော်ထုပ်နိုင်မလားဆိုတာကိုတော့

ဆက်လက်ကြည့်ရှူလိုက်ပါတော့နော်

ဒီဇာတ်ကားက မိန်းမကို အဓိက ဖိုက်တာတင် ရိုက်ကူးထားတာကြောင့်

ပုံမှန် ကြည့်နေကြ ကုလားကားတွေလို ဘုရားသားတွေကိုတော့

သိပ်တွေ့ရမှာ မဟုတ်ပါဘူး ဗျ 😛



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Jai Gangaajal (2016)


No downloads available

Genres



Related movies