Channel Myanmar

Jalebi (2018)

Jalebi    

N/A 112 min Drama

5.6
IMDB: 5.6/10 188 votes

, ,

, , , , , ,

N/A

India

1630354

Report error

Jalebi (2018)

(Zawgyi) 





































(Unicode)

အေရှာ ဟာ သက်လတ်ပိုင်း အရွယ် လှပသော မိန်းမ တစ်ဦးဖြစ်ပြီး

ဘတ်ဆဲလ်လား စာရေးဆရာမ တစ်ဦးလဲ ဖြစ်နေပြန်ပါတယ်

တစ်ရက်မှာတော့ သူ့ မင်္ဂလာဆောင် မယ့် ရက်မှာ

မင်္ဂလာပွဲ ကို ဖျက်ပစ်ခဲ့ပါတယ်…

အကြောင်းအရင်းကတော့ သူ ချစ်တဲ့

လူတစ်ဦးကို မမေ့နိုင်သေးလို့ ပဲ ဖြစ်ပါတယ်…

ကိုယ့်ကို ကိုယ် သတ်သေဖို့လဲ အကြိမ်ကြိမ်ကြိုးစားခဲ့သလို

လောကကြီးဟာ သူမ အတွက် ဘာမှ အဓိပ္ပါယ်မရှိတော့ဘူးလို့

ထင်နေရတဲ့ အခြေအနေ ဖြစ်နေပါပြီ…

နောက်ဆုံး ဖခင် ဖြစ်သူ ရဲ့ ချော့မော့ ဖျောင်းဖျမှုကြောင့်

ခရီးတစ်ခုကို ထွက်ဖို့ စီစဉ်ပါတော့တယ်…

ထိုခရီး မစခင်မှာတော့ သူမ ရဲ့ ပရိတ်သက်တွေအတွက်

ဒေလီမြို့ကို သွားပြီး စာတမ်းဖတ်ပွဲ လုပ်ပေးရမှာဖြစ်ပါတယ်

အခက်ခဲဆုံးကတော့ သူမ ရဲ့ အချစ်ရဆုံးက အဲ့ဒီမြို့မှာရှိနေတာပါပဲ

၇ နှစ် တိတိ အေရှာ တစ်ယောက် စောင့်ခဲ့ပြီးနောက်

အရာအားလုံးဟာ သူမ အတွက် မှောင် အတိပါပဲ ဘာမှပိုမထူးလာတော့ပါဘူး

ဒီလိုနဲ့ ဒေလီကို ၄ ယောက်ခုံ ကို တစ်ယောက်ထဲ ဝယ်ပြီး ခရီးစထွက်ပါတော့တယ်

ဖြစ်ချင်တော့ မင်္ဂလာဦးကြင်စ ဇနီးမောင်နှံ နဲ့ မိဘတွေ လက်မှတ်မရတဲ့ အတွက်

အေရှာ ရဲ့ ခုံတွေကို အကူအညီတောင်းရာ အလွယ်တကူပဲ တစ်ခြားနေရာကို

ပြောင်းပေးလိုက်ပါတယ်…

အဲ့ဒီနေရာမှာတော့ မိန်းမငယ်လေး တစ်ဦး နဲ့ ထိုမိန်းမငယ်လေးတို့ရဲ့

သမီးဖြစ်သူတို့ ရှိနေခဲ့ပါတယ်…

လမ်းတစ်လျှောက်မှာ တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့ အေရှာအတွက်တော့

ကလေး နဲ့ ကလေး အမေရဲ့ ပေါက်ပေါက်ဖောက်မှုက အဆင်မပြေပါဘူး…

နောက်ပိုင်းမှာတော့ စကားပြောရင်း ထိုအမျိုးသမီး သည်

သူအချစ်ရဆုံးသော သူရဲ့ အိမ်မှာ နေတာကို သိသွားခဲ့ပြီးနောက်

အေရှာ ဘ၀ ရဲ့ အဖြေတစ်ချို့ကို ရှာတွေ့ခဲ့သော အခါ…

ဇတ်လမ်းလေးဟာ ရိုးရိုးအေးအေးလေးနဲ့

နှလုံးသားကို ဆွဲကိုင်လှုပ်နိုင်တဲ့ ရုပ်ရှင်မျိုးဖြစ်ပြီး

ဇတ်လမ်းအစကနေ ဇတ်လမ်းအဆုံးထိ ရထားပေါ်မှာပဲ

စပြီး ရထားပေါ်မှာပဲ ပြီးခဲ့ပါတယ်…

ရထားပေါ်မှာမို့ ပျင်းစရာကြီးထင်ရင် သင်မှားပါလိမ့်မယ်..

သင့်ဘ၀ ရဲ့ မကြည့်ရသေးခင် မသေသင့်သော

ရုပ်ရှင်ကား တစ်ကား ဖြစ်ပါတယ် (ကြည့်ပြီးရင်သေတော့လေ) 😛

ဒီရုပ်ရှင်ကားကို Chanyein Soe က ဘာသာပြန်ပေးထားပြီး

အညွှန်းကို သစ်ဆန်းခန့် မှ ရေးပေးထားပါတယ်

 

File size… 1.5GB and 1GB
Quality….WEB-DL  5.1 1080p and 720p
Format…mp4
Duration…. 1hr 52min
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Thit San Khant
Translated by ….. Chan Nyein Soe



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Jalebi (2018)
Jalebi (2018)
Jalebi (2018)
Jalebi (2018)
Jalebi (2018)
Jalebi (2018)
Jalebi (2018)
Jalebi (2018)


No downloads available

Genres



Related movies