***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့
စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….
https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***
+++++++++++++++++++
၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Spectre ဇာတ်ကားဟာ ၂၄ ကားမြောက် James Bond ဇာတ်ကားဖြစ်ပါတယ်..။
Spectreဆိုတဲ့ နာမည်ဟာ James Bondရုပ်ရှင်တွေမှာ ပါလေ့ရှိတဲ့ ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းဖြစ်မှန်း James Bond ပရိသတ်တွေ သိကြမှာပါ။ ဒီနာမည်ရဲ့ အရှည်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်ပြီး Special Executive for Counter-intelligence, Terrorism, Revenge, and Extortion ဖြစ်ပါတယ်။
ဒီဂိုဏ်းကို Skyfall မှာတုန်းက သေသွားခဲ့တဲ့ M ရဲ့မသေခင် ပေးပို့သွားတဲ့ Message ကနေခြေရာခံလိုက်ခဲ့တာပါ။ ယခင်ဂျိမ်းဘွန်းကားတွေနဲ့ မနှိုင်းယှဉ်တော့ပါဘူး…ဒီဖက်ခေတ်အထာတွေအများကြီးပါဝင်လာတာမို့လို့ပါ။
ယခင်ဇာတ်ကားတွေလို ဂျိမ်းစ်ဘွန်းကို Team တစ်ခုလုံးက မထောက်ပံ့နိုင်အောင် C ဆိုသူမှ ဝင်ရှုပ်နေပါတယ်။ ဒါကြောင့် Q တို့ မန်နီပန်နီတို့ M တို့က တရားဝင်ကူညီခွင့်မရဘဲ ဘေးကနေ အသာလေးကူညီနေရပြီး ဂျိမ်းစ်ဘွန်းတစ်ယောက်ထဲ ကြိုးစားရုန်းကန်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတာကြောင့် ရှေးခေတ်တုန်းကလို
ဘော်ကြော့ ဟီးရိုး မဟုတ်တော့ဘဲ ယခုခေတ် ခပ်မိုက်မိုက် ထီမထင် ဟီးရိုးပုံစံဖြစ်လာပါတယ်။
ဝင်ငွေတွေလဲ စံချိန်ချိုးခဲ့တယ်လို့ သိရပါတယ်။ခံစားအားပေးကြပါဦး။
(ကျွန်တော်တို့ရဲ့ မမကြီး Monica Bellucci ဟာ ဒီကားနဲ့ Bond Girl ဖြစ်လာခဲ့ပြီး ဒီအချက်ကိုတော့ အားအရဆုံးပါပဲ…ဤကားစကားချပ်။)