Exit print mode Print Data A+ A- Undo all

Jin & Jun (2023)

Jin & Jun (2023)Jin & Jun (2023)

Synopsis:

Jin & Jun (IMDb 5/10)

ဂျွန်နိုင်ဒီဆိုတဲ့ကောင်လေးဟာ သူလက်ရှိတက်နေတဲ့ ကျောင်းမှာ ထောက်ပံ့ကြေးနဲ့ တက်နေရတဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့…
ဘဝနာတဲ့သူတွေက ပိုကြိုးစားလေ့ရှိတယ်ဆိုသလိုပဲ ဂျွန်ဟာလည်း ကျောင်းမှာ စာကို အများသူငှာထက် သာအောင်တော့ လုပ်တဲ့ သူတစ်ယောက်ပါ…
ဒါကြောင့်လည်း ကျောင်းက လူချမ်းသာတွေရဲ့ သားသမီးတွေနဲ့ စုဖွဲ့ထားတဲ့ ဘူလီဂိုဏ်းတွေက သူ့ဆီကနေ အမှတ်ကောင်းတွေ ရဖို့ အနိုင်ကျင့်လေ့ရှိပါတယ်…
စာတင်မဟုတ်ဘဲ ဂျွန် သဘောကျနေရတဲ့ ဆာရာကိုပါ ဂျွန် မရအောင် လိုက်ကာဆီးနေတဲ့ ဖာရာအိုတို့ အဖွဲ့လည်း ရှိပါသေးတယ်…
တစ်နေ့မှာ ဂျွန်ဟာ အခွင့်ကြုံခိုက်မှာ ဆာရာကို စကားသွားပြောပါတော့တယ်…
ဒါကို မြင်သွားတဲ့ ဖာရာအိုတို့က ဂျွန်ကို ဆာရာထွက်သွားချိန်မှာ ဝိုင်းဖွဲ့အနိုင်ကျင့်ပါတော့တယ်…
အဲ့နောက်မှာ ဂျွန်လည်း သူငယ်ချင်းတွေ အကူအညီနဲ့ ထွက်ပြေးလို့ လွတ်လာပေမယ့်
ဖာရာအိုတို့က ဝိုင်းပိတ်ဖမ်းတာကြောင့် သရဲခြောက်တယ်လို့ လူသိများတဲ့ ခြံနားမှာ မိသွားကြပါတယ်…
ဒီလိုနဲ့ ဖာရာအိုတို့က ဂျွန်ကို ပညာပေးတဲ့အနေနဲ့ သရဲအိမ်ကြီးထဲမှာ ကြိုးတုပ်ထားခဲ့ပါတော့တယ်…
ဂျွန် ပြန်သတိရလာတဲ့အခါ အိမ်ကြီးထဲက လွတ်မြောက်အောင် ကြံစည်ရင်း မြေအောက်ခန်းတစ်ခန်းကို ရောက်သွားပါတော့တယ်…
အခန်းထဲမှာ အစီအရင်တွေနဲ့ ပုလင်းများလည်း ရှိနေပြီး ထိုထဲက တစ်ပုလင်းကို ဂျွန် ကောက်ဖွင့်ကြည့်လိုက်တဲ့အခါ…
ဂျင်ဆိုတဲ့ မီးခွက်စောင့်ဘီလူးလည်း ထွက်လာပါတော့တယ်…
ထုံးစံအတိုင်း မီးခွက်စောင့်ဘီလူးနဲ့ ဂျွန်ရဲ့ တောင်းဆုတွေအကြောင်း ရိုက်ပြထားတာပေါ့…
ဇာတ်လမ်းဟာ အာလာဒင်လို ခပ်ဆင်ဆင်ဆိုသော်ငြား အင်ဒိုနီးရှားဗားရှင်းမို့ မတူကွဲပြားမှုတွေ များစွာပါဝင်နေပါတယ်…
ဂျွန်ရဲ့ တောင်းဆုတွေဟာ အမှန်တကယ်ဖြစ်မြောက်လာပေမယ့် သူမမြင်ရမသိရသေးတဲ့ အကြောင်းတရားတွေလည်း ရှိလို့နေပါတယ်…
ဒီဇာတ်လမ်းဟာ လူငယ်ကျောင်းသားကား ဖြစ်တာမို့ ရီစရာလေးတွေနဲ့ တသောသော ရယ်မောရင်း
သင်ခန်းစာလေးတွေလည်း ရတာမို့ အပျင်းပြေကြည့်ကြပါလို့ အကြံပြုလိုက်ရပါတယ်….

အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။

Genre….. Comedy, Fantasy
Quality…. 1080p | 720p
File size… 1.4GB | 736MB
Format… mp4
Duration…. 1h 32min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Tun Aung Kyaw
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
19 April 2023
Runtime
1h 56min
Popularity
2.985
Status
Released
ID IMDb.com
1057639
IMDB Rating
5.2
IMDB votes
459
ID Themoviedb.org
1057639
TMDb Rating
5.5
TMDb votes
1