Channel Myanmar

Report error

Jockey (2021)

~ IMDb – 6.5/10, Rotten Tomatoes – 93% ~

Jockey ဆိုတာကတော့ သိတဲ့လူလည်းသိကြမှာပါ။ အကြမ်းဖျဥ်းပြောရရင် မြင်းစီးသမားပဲဆိုပါစို့။ ဒါပေမဲ့ မြင်းစီးတဲ့လူတိုင်းကို ဂျော်ကီလို့မခေါ်ပါဘူး။ ကျွန်တော်တို့တချို့ရုပ်ရှင်တွေမှာ သူဌေးကြီးတွေမြင်းပွဲလောင်းတဲ့အခန်းမျိုး မကြာခဏမြင်ဖူးပါလိမ့်မယ်။ အဲဒီပြိုင်ပွဲဝင်မြင်းတွေရဲ့ ကျောပေါ်ကနေစီးနင်းပေးရတဲ့ကစားသမားကို ဂျော်ကီလို့ခေါ်တာပါ။ လူအများစုကတော့ မြင်းပွဲတစ်ပွဲမှာ အမြန်ဆုံးမြင်းကနိုင်တာပဲလို့ အကြမ်းဖျဥ်းသိထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲတစ်ပွဲမှာအနိုင်ရဖို့ ဂျော်ကီတစ်ယောက်ရဲ့အရည်အချင်းနဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါသလဲဆိုတာအပြင် တကယ့်လက်တွေ့မှာဂျော်ကီတွေရဲ့ဘဝကဘယ်လိုအနိမ့်အမြင့်တွေရှိမယ်၊ စွန့်စားရမှုတွေ၊ ဝါသနာအတွက်ပေးဆပ်ရမှုတွေကို ရုပ်ရှင်တစ်ကားဆိုတာထက် Documentary ဆန်ဆန်တင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားပါ။

အားကစားနောက်ခံဇာတ်ကားလို့လည်း ခေါ်နိုင်ပေမဲ့ အားကစားနောက်ခံကားတွေမှာ မြင်ရနေကျ ဒရာမာချိုးတဲ့အကွက်ကြီးတွေမပါပါဘူး။ အဓိကဇာတ်ဆောင်မင်းသားဟာ ကစားသမားဘဝရဲ့နေဝင်ချိန်ကိုနီးကပ်နေပြီဖြစ်တဲ့ ဝါရင့်ဂျော်ကီကြီးတစ်ယောက်ဖြစ်ပါတယ်။ ခုနကပြောခဲ့သလိုပဲ ဒီဇာတ်ကားဟာ သူ့ကိုတည်ပြီးတော့ သူ့ကစားသမားဘဝနေဝင်ချိန် အစိတ်အပိုင်းလေးတစ်ခုကို Documentary ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတာပါ။

ဒီဇာတ်ကားကို ကြည့်ပြီးရင် သင်ခန်းစာတို့ဘာတို့တော့မရနိုင်ပေမဲ့ ကိုယ်မသိခဲ့တဲ့နယ်ပယ်တစ်ခုအကြောင်းကိုတော့ အလုံးစုံမဟုတ်တောင် ထဲထဲဝင်ဝင်သိသွားမှာပါ။ အဓိကဇာတ်ဆောင်နေရာက မင်းသားကြီးရဲ့သရုပ်ဆောင်ချက်တွေကအပိုအလိုမရှိတဲ့အပြင် Drama တွေကလည်း Over acting တွေ ပေါကွက်တွေမပါပါဘူး။ ဒိုင်ယာလော့ဂ်တွေဆိုရင်လည်းမဆိုးဘူးဆိုတာထက်ကိုပိုပါတယ်။ နည်းနည်းတော့ပျင်းစရာကောင်းမယ်ထင်ရပေမယ့် ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားတစ်ကားဖြစ်မယ်လို့အာမခံကြောင်းပါခင်ဗျား…

(ဒီဇာတ်ကားနဲ့အညွှန်းကို Min Khant Bo မှ ပြန်ဆိုရေးသားထားပါတယ်)

Size – 1.2GB, 550MB
Quality – 1080p, 720p
IMDb Rating – 6.5/10
Format – mp4
Duration – 1H 34Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by Min Khant Bo
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Jockey (2021)
Jockey (2021)


No downloads available

Genres



Related movies