Exit print mode Print Data A+ A- Undo all

Joe Dirt (2001)

He Came. He Cleaned. He Conquered.
Joe Dirt (2001)Joe Dirt (2001)

Synopsis:

 

 

ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။

အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့

Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။

IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့

ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။

ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီး

အကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်

လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့

ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်း

ကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့

သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့်

ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကို

လှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေ

တစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။

သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိ

နေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့

ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်

အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီး

လာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့်

အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့

သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကို

ကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

 

File size…1.67GB / 887MB
Quality…Blu-Ray 1080p/ 720p
Format…mp4
Duration….1h 31m
Genre ….. Comedy , Drama , Adventure
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $17 700 000,00
Revenue
USD $30 987 695,00
Popularity
23.225
Status
Released
ID IMDb.com
tt0245686
IMDB Rating
6.0
IMDB votes
60K
ID Themoviedb.org
10956
TMDb Rating
5.586
TMDb votes
671