Channel Myanmar

John Tucker Must Die(2006)

John Tucker Must Die    

PG-13 89 min Comedy

5.8
IMDB: 5.8/10 71,307 votes

,

, , , , , , , , ,

2 wins 2 nominations

USA

3200

Report error

mmbusticket

ကျောင်းရဲ့အထင်ကရ ဘစ်စကတ်ဘော ကပ္ပတိန်ခေါင်းဆောင်နာမည်က John Tucker….အရပ်က ၆ပေ၀န်းကျင်
ရူပါခပ်ဖြောင့်ဖြောင့် …တစ်ချက်လောက်စိုက်ကြည့်ပြီး ပြုံးရင်းပြောလိုက်တဲ့ စကားလုံးတွေကြောင့်
မာနတွေမြေခသွားတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေး….ဥာဏ်ကလည်း ခပ်များများ. ချမ်းသာတဲ့မိသားစု
အသိုင်းအ၀န်းက လာတဲ့သူ… ပြောရရင် John က သူ့မှာရှိတဲ့အားသာချက်တွေ
အကုန်အသုံးချပြီး မိန်းကလေးတွေကိုတွဲနေတဲ့သူ…..ခုလောလောဆယ်သူ လက်ရှိတစ်ပြိုင်နက် တွဲနေတာ
ကောင်မလေး ၃ ယောက်….အဲ့ဒီ ၃ယောက်လုံး အချင်းချင်းမသိနိုင်အောင်လည်း သူကထိန်းထားနိုင်တယ်….
သို့ပေမဲ့ ….တစ်နေ့တော့ သူတွဲနေ့တဲ့ကောင်မလေး ၃ယောက်က John Tucker လူရှုတ်လူပွေတစ်ဦးဖြစ်တဲ့အကြောင်း
ကိုသိသွားတယ်…..၀က်သားဒုတ်ထိုး၊ယိုးဒယား သင်္ဘောသီးထောင်း၊ရှောက်သီးသုတ် ဒီသရေစာတွေသာ
ဝေစားမယ် အချစ်ကိုတော့ ဝေမစားချင်ကြဘူး ပြောရရင် အချစ်ကြီးတော့အမျက်ကြီးတယ်ပေါ့ဗျာ ဒီတော့
မိန်းကလေး ၃ယောက်ဟာ ခပ်ရိုးရိုးကောင်မလေးတစ်ယောက်နဲ့ပေါင်းပြီး John Tucker ကို ပြန်လက်စား
ချေဖို့ စီစဉ်ကြတော့တယ်…ခပ်ရိုးရိုးကောင်မလေးကိုအသုံးချပြီးတော့ John အသည်းကိုကွဲအောင်
လုပ်ကြတယ်…သူတို့က အသေးစိတ်အစီအစဉ်တွေဆွဲတယ် အချင်းချင်းတိုင်ပင်တယ်
ကိုင်းပြိတ်သတ်ကြီး John Tucker တစ်ယောက် ဘယ်လိုတွေဖြစ်မလဲဆိုတာကိုတော့ ကြည့်လိုက်ပါဦး……

John Tucker Must Die ဆိုတဲ့ ဒီကားလေးဟာ ၂ဝဝ၆ခုနှစ်က ထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေး
ဖြစ်ပါတယ်။တကယ်သဘောကျစရာကောင်းတဲ့ဇတ်မြူးလေးပါ….ဇတ်ဆောင်တွေအကုန်လုံးက ရူပါ
အကုန်ဖြူးကြသလို 2006 ခုနှစ်ကထွက်တယ်ဆိုပေမဲ့ ဖက်ရှင်တွေကအလန်းဗျ….ဇတ်လမ်းလေးက
လည်း ကောင်းတဲ့အပြင် Tempo အတက်အကျက လည်းဆွဲဆောင်မှုရှိတယ်….. ပြီးတော့ ဒီကားထဲမှာ
ပါတဲ့ ဒိုင်ယာလော့တွေ သိပ်မိုက်တယ် စာကြောင်းရေများလို့ လက်ရှောင်ထားကြပေမဲ့ ညီမငယ်
Yae Yint May က အချစ်ဇတ်မြူးလေးတွေခံစားချင်တဲ့ cm ပြိတ်သတ်တွေအတွက် လာရောက်
ကူညီပေးသွားပါတယ်….ကိုင်း……
….ဒီကားကြည့်တဲ့သူဟာ ယောက်ျားလေးတွေဆိုရင်တော့ John အကွက်တွေမိုက်တယ်ဗျ
မိန်းခေးဆိုရင် John အကွက်မျိုးချိုးတဲ့သူကိုသတိထားပေါ့ဗျာ.တစ်ခုတော့ရှိတယ် ကိုယ့်ရဲ့နှလုံးသားကိုတော့ ပြန်မလိမ်မိစေနဲ့ပေါ့ဗျာ..စကားချပ်……

File Size : (771MB) and (360 MB)
Quality : 720p
Running Time : 1hr 29min
Format : Mp4
Genre :  Comedy,Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yae Yint May
Encode by Phyo Pyae

John Tucker Must Die(2006)
John Tucker Must Die(2006)
John Tucker Must Die(2006)


No downloads available

Related movies