Exit print mode Print Data A+ A- Undo all

Johnny & Clyde (2023)

Let there be blood.
Johnny & Clyde (2023)Johnny & Clyde (2023)

Synopsis:

Johnny & Clyde (2023)

ဒီရုပ်ရှင်က ဇာတ်အိမ်လည်းရူးခါနေသလို Megan Fox လည်းပါတာမို့ ပုရိသတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ သူတို့က ဂျိုကာနဲ့ ဟာလေကွင်းနဲ့ တော်တော်ကို တူတာမှ တစ်ပုံစံတည်းလိုကိုတူတာ။ ဘဲက သတ်ချင်တဲ့လူ လိုက်သတ်နေတဲ့ ဂကြောင်။ စော်က ဘဲကို အထင်ကြီးပြီး သတ်သမျှကို လိုက်အားပေးနေတဲ့ ဂကြောင်မ။ သူတို့က နားနေတာကြာပြီ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။

အဲဒီကာစီနိုကို ဦးစီးတဲ့လူက မီဂန်ဖောက်ရဲ့ ဇာတ်ကောင်။ သူလည်း အရူးပဲ။ သတ်ချင်တဲ့လူကို သတ်ချင်သလိုသတ်နေတဲ့အပြင် ကာစီနိုကို ကာကွယ်ဖို့ ဟိုးရှေးကတည်းက ရှိနေတဲ့ နတ်ဆိုးလိုလို သေမင်းလိုလိုတစ်ကောင်ကို အောက်လမ်းနဲ့ ထိန်းချုပ်ပြီး ခိုင်းထားတယ်။

ဒီမှာ ဓားပြလာတိုက်ချင်နေတဲ့ အရူးတစ်အုပ်နဲ့ ကာစီနိုကိုဦးစီးနေတဲ့ အရူးတစ်အုပ် အရူးချင်းဆော်ကြတာကိုမှ နတ်ဆိုးက ဝင်မွှေးထားသေးတဲ့ အရူးဇာတ်ပါပဲ။ ဒါကြီးကို ကြည့်ရင်း အားလုံးရူးကြောင်မူးကြောင်ဖြစ်သွားကြမှာမို့ ရူးစေချင်တဲ့ စေတနာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုဆိုဆို မီဂန်ဖောက်အလှအပတွေကို ခံစားရမှာမို့ ကြည့်ရင်း ရူးသွားလည်း ရူးပျော်တဲ့ကားလေးပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.8GB, 850MB
Quality – 1080p, 720p
Format – mp4
Duration – 1H 31Min
Genre – Action
Subtitle – Myanmar Subtitle (Hardsub)
Translated by Lucifer
Encoded by Morningstar



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Tom DeNucci
Stars
Ajani Russell, Anthony Hoang, Armen Garo, Audrey Fratelli, Ava Gaudet, Avan Jogia, Bai Ling, Brett Azar, Brittany Toczko, Chad Verdi Jr., Charles W Harris III, Chris Whitcomb, Claudio Orefice, David Cicilline, David Gere, Fred Sullivan, Gary Wolfenden, Joey Ambrosini, Julien Louis, Mathew Morin, Megan Fox, Michael Badejo, Michael Zuccola, Mike Messier, Nick Principe, Paul Luba, Robert LaSardo, Sal Rendino, Scout Lyons, Sean Ringgold, Sydney Jenkins, Tom Glynn, Tom Laughlin, Travis Gordon, Tyson Ritter, Vanessa Angel
Release Date
2023
Rated
16+
Runtime
1h 40m
Country
United States
Popularity
42.14
Status
Released
ID IMDb.com
tt14875820
IMDB votes
80
ID Themoviedb.org
857553