Exit print mode Print Data A+ A- Undo all

Jolt (2021)

You're in for a shock.
Jolt (2021)Jolt (2021)

Synopsis:

Jolt (2021)

==========

IMDb Rating – 5.4/10

ဒီနေ့အတွက် Action အလန်းစားလေးတင်ပေးချင်ပါတယ်၊ မင်းသမီးကတော့ Underworld မှာ အသေအလဲကြမ်းခဲ့တဲ့

အားလုံးသိတဲ့ Kate Beckinsale က လင်ဒီအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပြီး . ဒီကားမှာလည်း အပြတ်အသတ်ကြမ်း

ပြထားပါတယ်။

လင်ဒီဆိုတဲ့ကောင်မလေးဟာ မွေးရာပါရောဂါတစ်ခုကြောင့် လူတစ်ယောက်မဟုတ်တာလုပ်တာနဲ့ လုံးဝသည်းမခံနိုင်ဘဲ

ကောက်ကာငင်ကာဒေါသထွက်ပြီး ဇိုးခနဲဇက်ခနဲထလုပ်တတ်တဲ့ကောင်မလေးပါ။

လူကိုယ်တိုင်ကလည်း အရမ်းသန်ပြီး သူ့ဒေါသကြောင့် လူသတ်တဲ့အထိဖြစ်သွားနိုင်တာမို့ သူ့ကိုယ်သူကျဥ်စက်နဲ့တို့ပြီး ဒေါသ

ထိန်းရရှာပါတယ်။

ဘယ်လိုတောင်ဒေါသကြီးလဲဆို ဂျင်းဘောင်းဘီနဲ့ခြေညှပ်ဖိနပ်တွဲဝတ်တဲ့လူ၊ ပါးစပ်ထဲအစာပလုတ်ပလောင်းနဲ့စကားပြောတဲ့လူ

အဲလိုလူတွေမြင်ရင်တောင် ဒေါသထွက်လာလို့ လူ့အသိုင်းအဝိုင်းနဲ့ကင်းအောင်နေပါတယ်တဲ့။ ပြီး​​တော့ လင်ဒီစရိုက်​ကြောင့်

ကောင်​လေး​တော်​တော်များများကကြောက်ရွံ့ပြီး မချဥ်းကပ်ရဲကြတော့ အချစ်​ရေးမှာလည်း အနုတ်ပြ​ပြီး သူ့အတွက် ဘယ်အရာမှ

အဆင်ပြေမ​နေခဲ့တာပါ။ ဒါပေမယ့်တစ်နေ့ လင်ဒီ့လိုကောင်မလေးမျိုးကိုမှ စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ ကောင်လေးမျိုးနဲ့ဆုံပါတယ်။

အဲ့​ကောင်​လေးက လင်ဒီ့ကို တော်​တော်​​လေးချစ်ပေးရှာပါတယ် အဲ့​တော့ လင်ဒီတစ်​ယောက်  သူ့ဘ၀​လေးအဆင်​ပြေလာပြီဆိုပြီး

ပျော်ရွှင်​နေတုန်းမှာ ကောင်​လေးက ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရပါ​တော့တယ်။

ဇာတ်လမ်းကလည်း အခုမှစတာပါ  လင်ဒီတစ်​ယောက် လူသတ်သမားကို ခြေရာခံလိုက်ရင်း မ​​မျှော်လင့်ထားတဲ့ဖြစ်ရပ်​တွေ

ရက်စက်မှု​တွေနဲ့ ကြုံလာရ​တော့ ဒါ​တွေကို သူဘယ်လိုရင်ဆိုင်မလဲ၊ လူသတ်သမားက ဘယ်သူလဲ၊ ဘာလို့သူ့​ကောင်​လေးကိုသတ်သွားရတာလဲ

စတဲ့​မေးခွန်း​ပေါင်းများစွာကို လင်ဒီနဲ့အတူ အ​ဖြေရှာရင်း အတူပါဝင်စီး​မြောခံစားသွားရမှာပါ။

အကြမ်းလွန်​နေတဲ့ action scene တွေပါတာမို့ အသည်းငယ်တတ်ရင် ကြိုတင်ပြင်ဆင်ပြီးမှကြည့်​ပါလို့ပြောချင်ပါတယ်။ ဒီကားကိုကြည့်ရတာ

အတန်ဆုံးအချက်က မင်းသမီးရဲ့ ချော​မောလှပမှုတွေကို မျက်စိအစာ​ကြွေးရတာပါပဲ . အဲ့တော့ CM ပရိသတ်ကြီး သ​​ဘောကျမယ်လို့ မျှော်လင့်မိ

ပါတယ်။

(ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA  မှ ရေးသားပေးပြီး၊ CM Translate Team မှ ဘာသာပြန်ရေးသားပေးထားပါတယ်။)

 

Quality – 1080p, 720p WebDL

Duration – 1h 31min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Action, Comedy

Source : 1080p.WebDL

Translator – MTA, Shwe Pyae, Thet Hnin Su, Amelia

Encoder – Nyein Saeya Aung, SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Tanya Wexler
Stars
Jai Courtney, Kate Beckinsale, Stanley Tucci
Popularity
38.45
Status
Released
ID IMDb.com
tt10228134
IMDB Rating
5.4
IMDB votes
2200
ID Themoviedb.org
617502
TMDb Rating
6.9
TMDb votes
32