Exit print mode Print Data A+ A- Undo all

Judge Dredd (1995)

In the future, one man is the law.
Judge Dredd (1995)Judge Dredd (1995)

Synopsis:

မင်းသားကြီးစတားလုံးပါဝင်ထားပြီး 1995 ခုနှစ်ထွက် Judge Dredd ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 2012 မှာလည်း Dredd ဆိုတဲ့နာမည်နဲ့ ထပ်မံထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ခုနှစ် 2100 ကျော်မှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့မရတော့တဲ့ ကျိန်စာသင့်ကမ္ဘာကြီး အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းကလည်း အသက်ဆက်လက်ရှင်သန်နိုင်ဖို့အတွက် မီဂါမြို့တော်ဆိုတဲ့ မြို့တွေကိုတည်ထောင်ခဲ့ကြပြီး နေရာကျဉ်းကျဉ်းလေးမှာ လူဦးရေအများကြီးနဲ့ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ လူဦးရေများလာတာနဲ့အမျှရာဇဝတ်မှုဖြစ်ပွားနှုန်းကလည်းမြင့်မားပြီး သာမာန်တရားရေးစနစ်နဲ့တင် နှိမ်နင်းဖို့မဖြစ်နိုင်တာကြောင့် တရားရေးစနစ်အသစ်တစ်မျိုးကိုအသုံးပြုခဲ့ကြပါတယ်။ ဒီစနစ်မှာကတော့ စီရင်သူ ဆိုတဲ့လူတွေက ရဲတွေအဖြစ်၊ ဂျူရီလူကြီးတွေအဖြစ်၊ ကွပ်မျက်သူတွေအဖြစ် တာဝန်ယူရင်း ငြိမ်းချမ်းမှုကိုထိန်းသိမ်းရင်း ငြိမ်ဝတ်ပိပြားလာအောင် လုပ်ဆောင်ခဲ့ကြတာပါ။ မီဂါမြို့တော်တစ်လို့ခေါ်တဲ့ မြို့ကြီးမှာတော့ ဥပဒေကို ကိုးကွယ်တဲ့ စီရင်သူ ဒရက်ဒ် (စတားလုံး) ကဦးဆောင်ပြီး ရာဇဝတ်မှုတွေကိုဖြေရှင်းပေးနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သတင်းထောက်လင်မယားမိသားစုကို သ-တ်တဲ့အမှုနဲ့ ဒရက်ဒ်ကိုဖမ်းပြီး စွဲချက်အတင်ခံလိုက်ရပြီး အပြစ်ရှိကြောင်းသက်သေ တွေ့ရှိရတဲ့အတွက် အက်စပန်ထောင်မှာ‌ ထောင်ဒဏ်တစ်သက်ကျခံဖို့အမိန့်ချမှတ်ခံလိုက်ရပပါတော့တယ်။ ဒရက်ဒ်မရှိတော့တဲ့ မီဂါမြို့တော်ကြီးထဲမှာလည်း 48 နာရီအတွင်း စီရင်သူ ပေါင်း 108 ယောက် အသတ်ခံလိုက်ရပြီး ဖရိုဖရဲတွေဖြစ်လို့နေပါတော့တယ်။ ဒီလိုနဲ့ ဥပဒေကို ကိုးကွယ်ပြီး “ငါကတရားဥပဒေပဲ” လို့ကြွေးကြော်ထားတဲ့ ဒရက်ဒ်တစ်ယောက် သူတန်ဖိုးထားတဲ့ဥပဒေကြောင့် ထောင်ဒဏ်တစ်သက်ကျသွားပြီး ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ သူကရောလူသ-တ်မှုကိုအမှန်တကယ်ပဲ ကျူးလွန်ခဲ့တာလား၊ အမှန်တရားကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

 

File size…(2.1 GB)/(1 GB)/(500 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:36:00
Genre…Science Fiction
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by TMMT



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $90 000 000,00
Revenue
USD $113 493 481,00
Popularity
21.105
Status
Released
ID IMDb.com
9482
ID Themoviedb.org
9482
TMDb Rating
5.758
TMDb votes
2110