Exit print mode Print Data A+ A- Undo all

July Rising 2019

July Rising 2019July Rising 2019

Synopsis:

Pဘ၀မှာ ကိုယ်မြတ်နိုးတန်ဖိုးထားမယ့်အရာကို လက်လွှတ်ဆုံးရှုံးရတော့မယ် အခြေအနေကို ကြုံဖူးကြလား ?

ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့သူကိုရော တန်ဖိုးထားနေပါလျက် လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အခြေအနေတွေ ကြုံဖူးလား ?

ကြုံဖူးတယ်ဆိုရင်တော့ ဒီဇာတ်လမ်းထဲက ၁၈နှစ်အရွယ် ဇာတ်လိုက်အမျိုးသမီးလေးကို ကိုယ်ချင်းစာနိုင်ပါလိမ့်မယ် ……

မိဘနှစ်ပါးလုံး မရှိတော့တဲ့ အန်ဒီဟာ နယ်ဒေသလေးတစ်ခုမှာ သစ်သီးစိုက်ခင်းတွေကို ထိန်းသိမ်းရင်း အဖိုးဖြစ်သူနဲ့ နေထိုင်တယ်။ စိုက်ခင်းကလည်း သိပ်မဖြစ်ထွန်းတာ နှစ်အတော်ကြာပြီဖြစ်တဲ့အတွက် ငွေရေးကြေးရေး အခက်အခဲတွေကြုံရတယ်။ ကံဆိုးချင်တော့ အဖိုးဖြစ်သူဟာ ဆုံးပါးသွားပြီး မြေးဖြစ်သူ အန်ဒီတစ်ယောက် အဖိုးအမွေပေးခဲ့တဲ့ စိုက်ခင်းနဲ့အတူ ကျန်ခဲ့ပါတော့တယ်။ အဖိုးဆုံးပြီးမှ သိလိုက်ရတာက စိုက်ခင်းအတွက် ပေးရမယ့် အကြွေးတွေဟာ အတော်ရက်လွန်နေပြီဖြစ်လို့ မြို့မှာရှိတဲ့ အဒေါ်က အတင်းအကြပ် စိုက်ခင်းကို စွန့်လွှတ်ပြီး သူနဲ့လိုက်နေဖို့ပြောတယ်။ ဒါပေမယ့် အန်ဒီဟာ လုံး၀မလိုက်ဘဲ စိုက်ခင်းကို မဆုံးရှုံးရအောင် ကြိုးစားပါတော့တယ်။

ဒီဇာတ်လမ်းက သိပ်ကို လက်တွေ့ဆန်ပါတယ်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ရဲ့ ရိုက်ခတ်မှုဒတ်တွေ ခံရပုံတွေ၊ ကိုယ့်ကို သဘောကျတဲ့သူကို ပြန်သဘောကျချင်ပါလျက်နဲ့ အချစ်ကိုမယုံကြည်ရဲတာတွေကို ဇာတ်အေးအေးလေးနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။

ဒါ့အပြင် ငွေကြေးရှင်တွေရဲ့ အခက်အခဲကြုံနေတဲ့သူတွေအပေါ် သူတို့ရဲ့ခံစားချက်ကို အလေးမထားဘဲ အမြတ်ထုတ်တတ်ကြတဲ့ စရိုက်တွေကိုလည်း ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ။

လောကသဘာ၀ အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့အတွက် သေချာ စိတ်နှစ်ကြည့်မယ်ဆိုရင် သိပ်ကို အဓိပ္ပါယ်ရှိတဲ့ ဇာတ်ကားလေးပါ

File Size       :  600MB/ 300 Mb
Duration      :  1hr 22 min
Quality         :  Webrip 720p
Translators  :  Yoon Sandi Aung
Encoder       :  Littleneo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
2.744
Status
Released
ID IMDb.com
tt7306968
IMDB Rating
4.7
IMDB votes
20
ID Themoviedb.org
735667