Exit print mode Print Data A+ A- Undo all

Justice High ( 2020 )

Justice High ( 2020 )Justice High ( 2020 )

Synopsis:

Zawgyi

*******

၂၀၁၉ ခုႏွစ္ မတ္လကထြက္ရွိထားတဲ့ Justice High ဆိုတဲ့

ဇာတ္ကားေလးနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ဒီကားေလးကေတာ့

လူငယ္တက္သစ္စသ႐ုပ္ေဆာင္ေလးေတြ

ေတာ္ေတာ္မ်ားမ်ားအားျဖည့္ပါဝင္ထားတဲ့ ေက်ာင္းသား Action ကားေလးျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္းေလးကေတာ့ ခ်ီေယာင္းဆိုတဲ့

ေကာင္မေလးက ဂြန္းဆူဒို(တိုက္ကြမ္ဒိုလိုသိုင္းပညာတစ္မ်ိဳး)ကို

တစ္ဖက္ကမ္းခတ္ကြၽမ္းက်င္တဲ့ေကာင္မေလးပါ။

ကြၽမ္းဆို သူအေဖကိုယ္တိုင္ကလည္းအဲ့ ဒီဂြန္းဆူဒိုအားကစား႐ုံပိုင္ရွင္တစ္ေယာက္ပါ။

သူက အရင္တက္ေနတဲ့အထက္ေက်ာင္းတစ္ခုကေန

မတရားအႏိုင္လာက်င့္တဲ့သူေတြကို ပညာေပးဆုံးမခဲ့လို႔

ေက်ာင္းေျပာင္းလာရတဲ့ မဟုတ္မခံ ဆတ္ဆတ္ႀကဲ ေကာင္မေလးတစ္ေယာက္ေပါ့။

သူေက်ာင္းေျပာင္းလာၿပီးမၾကာဖူး။ေက်ာင္းအသစ္မွာ

အဲ့လိုပဲ ေကာင္ေလးတစ္ေယာက္ကိုအႏိုင္က်င့္ေနတဲ့

ေက်ာင္းသားလူမိုက္အုပ္စုကိုေတြ႕လို႔ အဲ့ေကာင္ေလးကို

အဲ့လူဆိုးေလးေတြလက္က ကယ္ၿပီးကာကြယ္ေပးခဲ့တယ္။

ဒီကားမွာထူးျခားတာက ေကာင္ေလးကိုေကာင္မေလးကကာကြယ္ေပးရတာ။

ေကာင္ေလးကေတာ့ ကိုယ္ခံပညာမတတ္တဲ့ခပ္႐ိုး႐ိုးေကာင္ေလးေပါ့။

သူနာမည္က ေဂ်ာင္းဂူတဲ့။ေနာက္ထပ္ေက်ာင္းသားကားေလးေတြထုံးစံအတိုင္း

သုံးပြင့္ဆိုင္ဇာတ္လမ္းေလးတစ္ခုက လွလည္းလွ သိုင္းလဲတတ္တဲ့

ခ်ီေယာင္းကို အဲ့ေက်ာင္းက ဟယ္ေဆာင္းလို႔ေခၚတဲ့စီနီယာ

အကိုႀကီးကလည္းႀကိတ္ေႂကြေနတယ္။အဲ့စီနီယာကလည္းေျပာရရင္

ေက်ာင္းမွာ လူဆိုးထိန္းသေဘာမ်ိဳးေပါ့။ရန္ျဖစ္ရင္ပြဲတိုင္းေက်ာ္တယ္။

ဒါေပမယ့္ လူဆိုးကေနလူေကာင္းျဖစ္လာေအာင္ႀကိဳးစားေနတဲ့သူတစ္ေယာက္ပါ။

ေဂ်ာင္းဂူနဲ႔ဆန႔္က်င္ဖက္ပဲ စီနီယာဟယ္ေဆာင္းကေတာ့

တိုက္တတ္ခိုက္တတ္ ရန္ျဖစ္လဲ သူမပါမၿပီး အထက္တန္းမွာ

ႏွစ္ခ်ီေနတဲ့ Oldie စီနီယာတစ္ေယာက္ေပါ့။ေနာက္ဒီေက်ာင္းမွာ

ေက်ာင္းသားေခါင္းေဆာင္လုပ္ၿပီး တျခားလူမိုက္အဖြဲ႕ေတြကို

ေက်ာင္းသားေတြဆီကမုန႔္ဖိုးေတြကို အဓမၼေတာင္းၿပီး ဗိုလ္လုပ္ေနတဲ့

လူဆိုးအဖြဲ႕လည္းရွိတယ္။ဒီအဖြဲ႕က ေဂ်ာင္းဂူကိုအႏိုင္က်င့္တဲ့

ေက်ာင္းသားလူဆိုးေလးေတြရဲ႕ ဆရာေတြေပါ့။ဒါကိုခ်ီေယာင္းက

ဆုံးမလိုက္တာကို အံ့ဒီကေက်ာင္းသားေခါင္းေဆာင္ လူဆိုးအဖြဲ႕က

မေက်နပ္ၾကဖူး။အဲ့အခ်ိန္ကစၿပီးခ်ီေယာင္းကို ညႇိဳးထားၾကတယ္။ဒါကို

ဒီေက်ာင္းသားေလးသုံးေယာက္ဘယ္လိုေျဖရွင္းၾကမလဲ။

ငယ္႐ြယ္တဲ့သုံးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းေလးကေကာ

ဘယ္လိုလာမလဲဆိုတာ ကိုယ္တိုင္ ဆက္ၾကည့္လိုက္ၾကပါ။

ၫႊန္းေပးရရင္ ဒီကားေလးက Action ကားေလးဆိုလို႔

အတိုက္အခိုက္ အသတ္အပုတ္ႀကီးပဲမဟုတ္ပဲ ေက်ာင္းသားဘဝက

အေပ်ာ္ေလးေတြ၊ Romanceေလးေတြပါ တစ္ဖန္ခံစားၿပီးၾကည့္ႏိုင္လို႔

မိန္းကေလးေရာေယာက်ာ္းေလးေကာ ၾကည့္ေပ်ာ္မယ့္ဇာတ္ကားေကာင္းေလး တစ္ကားလည္းျဖစ္ပါတယ္။

 

Unicode

*******

၂၀၁၉ ခုနှစ် မတ်လကထွက်ရှိထားတဲ့ Justice High ဆိုတဲ့

ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကတော့

လူငယ်တက်သစ်စသရုပ်ဆောင်လေးတွေ

တော်တော်များများအားဖြည့်ပါဝင်ထားတဲ့ ကျောင်းသား Action ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ချီယောင်းဆိုတဲ့

ကောင်မလေးက ဂွန်းဆူဒို(တိုက်ကွမ်ဒိုလိုသိုင်းပညာတစ်မျိုး)ကို

တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ကောင်မလေးပါ။

ကျွမ်းဆို သူအဖေကိုယ်တိုင်ကလည်းအဲ့ ဒီဂွန်းဆူဒိုအားကစားရုံပိုင်ရှင်တစ်ယောက်ပါ။

သူက အရင်တက်နေတဲ့အထက်ကျောင်းတစ်ခုကနေ

မတရားအနိုင်လာကျင့်တဲ့သူတွေကို ပညာပေးဆုံးမခဲ့လို့

ကျောင်းပြောင်းလာရတဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲ ကောင်မလေးတစ်ယောက်ပေါ့။

သူကျောင်းပြောင်းလာပြီးမကြာဖူး။ကျောင်းအသစ်မှာ

အဲ့လိုပဲ ကောင်လေးတစ်ယောက်ကိုအနိုင်ကျင့်နေတဲ့

ကျောင်းသားလူမိုက်အုပ်စုကိုတွေ့လို့ အဲ့ကောင်လေးကို

အဲ့လူဆိုးလေးတွေလက်က ကယ်ပြီးကာကွယ်ပေးခဲ့တယ်။

ဒီကားမှာထူးခြားတာက ကောင်လေးကိုကောင်မလေးကကာကွယ်ပေးရတာ။

ကောင်လေးကတော့ ကိုယ်ခံပညာမတတ်တဲ့ခပ်ရိုးရိုးကောင်လေးပေါ့။

သူနာမည်က ဂျောင်းဂူတဲ့။နောက်ထပ်ကျောင်းသားကားလေးတွေထုံးစံအတိုင်း

သုံးပွင့်ဆိုင်ဇာတ်လမ်းလေးတစ်ခုက လှလည်းလှ သိုင်းလဲတတ်တဲ့

ချီယောင်းကို အဲ့ကျောင်းက ဟယ်ဆောင်းလို့ခေါ်တဲ့စီနီယာ

အကိုကြီးကလည်းကြိတ်ကြွေနေတယ်။အဲ့စီနီယာကလည်းပြောရရင်

ကျောင်းမှာ လူဆိုးထိန်းသဘောမျိုးပေါ့။ရန်ဖြစ်ရင်ပွဲတိုင်းကျော်တယ်။

ဒါပေမယ့် လူဆိုးကနေလူကောင်းဖြစ်လာအောင်ကြိုးစားနေတဲ့သူတစ်ယောက်ပါ။

ဂျောင်းဂူနဲ့ဆန့်ကျင်ဖက်ပဲ စီနီယာဟယ်ဆောင်းကတော့

တိုက်တတ်ခိုက်တတ် ရန်ဖြစ်လဲ သူမပါမပြီး အထက်တန်းမှာ

နှစ်ချီနေတဲ့ Oldie စီနီယာတစ်ယောက်ပေါ့။နောက်ဒီကျောင်းမှာ

ကျောင်းသားခေါင်းဆောင်လုပ်ပြီး တခြားလူမိုက်အဖွဲ့တွေကို

ကျောင်းသားတွေဆီကမုန့်ဖိုးတွေကို အဓမ္မတောင်းပြီး ဗိုလ်လုပ်နေတဲ့

လူဆိုးအဖွဲ့လည်းရှိတယ်။ဒီအဖွဲ့က ဂျောင်းဂူကိုအနိုင်ကျင့်တဲ့

ကျောင်းသားလူဆိုးလေးတွေရဲ့ ဆရာတွေပေါ့။ဒါကိုချီယောင်းက

ဆုံးမလိုက်တာကို အံ့ဒီကကျောင်းသားခေါင်းဆောင် လူဆိုးအဖွဲ့က

မကျေနပ်ကြဖူး။အဲ့အချိန်ကစပြီးချီယောင်းကို ညှိုးထားကြတယ်။ဒါကို

ဒီကျောင်းသားလေးသုံးယောက်ဘယ်လိုဖြေရှင်းကြမလဲ။

ငယ်ရွယ်တဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကကော

ဘယ်လိုလာမလဲဆိုတာ ကိုယ်တိုင် ဆက်ကြည့်လိုက်ကြပါ။

ညွှန်းပေးရရင် ဒီကားလေးက Action ကားလေးဆိုလို့

အတိုက်အခိုက် အသတ်အပုတ်ကြီးပဲမဟုတ်ပဲ ကျောင်းသားဘဝက

အပျော်လေးတွေ၊ Romanceလေးတွေပါ တစ်ဖန်ခံစားပြီးကြည့်နိုင်လို့

မိန်းကလေးရောယောကျာ်းလေးကော ကြည့်ပျော်မယ့်ဇာတ်ကားကောင်းလေး တစ်ကားလည်းဖြစ်ပါတယ်။

 

Translated & Review By Moe Pwint

Encoded By LK

Video Quality : HDRip

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
공수도
Director
Johnny Chae
Stars
Jeong Da-eun, Jung Eui-wook, Kim Tae-yoon, Oh Seung-hoon, Son Woo-hyeon, Yoo Hyun-jong
Release Date
5 March 2020
Rated
N/A
Awards
N/A
Country
Korean
Popularity
5.319
Status
Released
ID IMDb.com
602305
IMDB Rating
6.1
IMDB votes
30
ID Themoviedb.org
602305