Exit print mode Print Data A+ A- Undo all

Justice League: Warworld (2023)

Three heroes. Three worlds. One salvation.
Justice League: Warworld (2023)Justice League: Warworld (2023)

Synopsis:

Justice League: Warworld (2023)
========================

Justice League ရဲ့ Warworld ဆိုတဲ့ Animation ကားလေးထွက်
လာပါပြီ။ Warworld ဆိုတဲ့အတိုင်း စစ်ပွဲတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီး
ပေါ့။ ဒါပေမဲ့ အရှိသဘောအတိုင်း တည်ရှိနေတဲ့ ကမ္ဘာမဟုတ်ပဲ ဂြိုလ်
တစ်ခုလောက်ကြီးမားပြီးစကြာဝဠာတစ်ခုလုံး မာတီဗာစ့်တွေအကုန်လုံး
ပြောရရင် တည်ရှိမှုအကုန်လုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားအကြီးဆုံး
လက်နက်ပါပဲ။ အဲလက်နက်ရဲ့ အစွမ်းက Virtual World တစ်ခုကို
တည်ဆောက်ပြီး လူတွေရဲ့ စိတ်ကိုထိန်းချုပ်ကာ လူတွေဆီက ထွက်
လာတဲ့ အကြောက်တရား…အမုန်း..ဒေါသ အစရှိတဲ့ မကောင်းတဲ့ခံစား
ချက်တွေကို စွမ်းအင်အရင်းအမြစ်အနေနဲ့ အသုံးချတာပါ။

ဒီတော့ အကျဉ်းသားအနေနဲ့ လူတွေကို ဖမ်းဆီးပြီးအသုံးချရတာပေါ့၊
ဖမ်းခံရတဲ့သူတွေထဲ စူပါမန်း..ဘတ်မန်း နဲ့ ဝန်ဒါဝူးမန်း တို့ပါ ပါသွားခဲ့
ပါတယ်။ ဒီလိုနဲ့ သုံးယောက်သား စစ်ကမ္ဘာထဲမှာ ကျင်လည်ဖို့ရာဖြစ်လာ
တော့တာပေါ့။ အစပိုင်းမှာတော့ ကောင်းဘွိုင်ခေတ်ရောက်လိုက်၊ Wizard
တွေနဲ့ ချလိုက်၊ ဟီးရိုးတွေကလည်းစိတ်ထိန်းချုပ်ခံထားရတော့ သူတို့
ကိုယ်သူတို့ ဘယ်သူတွေမှန်းမသိပဲ ဇာတ်ရည်မလည်ပဲဖြစ်နေပါလိမ့်မယ်။
နောက်ဆုံးမှာတော့ တစ်စုံတစ်ခုက သူတို့ကိုလှမ်းခေါ်နေတဲ့ လှုံ့ဆော်သံ
နဲ့အတူ သူတို့ရဲ့ စွမ်းအားတွေကိုပါ စတင်ခံစားမိလာပါတော့တယ်။ သူတို့
ကိုလှမ်းခေါ်နေတဲ့အရာကရော ဘာများဖြစ်မလဲ၊ စူပါမန်းတို့ သုံးယောက်
စစ်ကမ္ဘာထဲကမှာ ဘယ်လိုတွေကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဆက်လက်
ကြည့်ရှုလိုက်ကြပါဦး။

(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thetti Tun ဘာသာပြန်ရေးသားပေးပြီး၊ ဘာသာ
ပြန်ရေးသားပေးသူများကတော Khant Sett Naing, Thetti Tun တို့ဖြစ်ပါတယ်)

File Size……….(1.63 GB) / (581 MB)
Quality…………WEB-DL 1080p / 720p
Duration………1Hr 30Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Animation, Action, Adventure
Translator…….Khant Sett Naing, Thetti Tun
Encoder……….Zin Phyo Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Jeff Wamester
Popularity
121.482
Status
Released
ID IMDb.com
tt27687527
IMDB Rating
5.7
IMDB votes
1267
ID Themoviedb.org
1003581
TMDb Rating
7.421
TMDb votes
19