Exit print mode Print Data A+ A- Undo all

Kid Cannabis (2014)

Everyone wants to be a kingpin.
Kid Cannabis (2014)Kid Cannabis (2014)

Synopsis:

Kid Cannabis (2014)

~ IMDb – 6.4/10, Rotten Tomatoes – 71% ~

လောကမှာ ပိုက်ဆံတွေဒလဟောဝင်ဖို့ အကောင်းဆုံး စီးပွားရေးကဘာဖြစ်မလဲ…?
သေချာပါတယ်… မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာကလွဲပြီး တခြားမရှိနိုင်ပါဘူး။

အမေရိကန်နိုင်ငံက ဆယ်ကျော်သက်ကောင်လေး၂ယောက်ဟာ သူတို့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ဆေးခြောက်တွေရောင်းရင်း ချမ်းသာလာတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို Kid Cannabis ဆိုတဲ့ ရုပ်ရှင်ကားမှာကြည့်ရပါမယ်။

ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ဘဝချမ်းသာလာဖို့ ကနေဒါနိုင်ငံက ဆေးခြောက်တွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းခဲ့ကြတယ်။ ကလေးတွေဆိုတော့ အားလုံး ကိုယ်ထူကိုယ်ထပါပဲ။ Cartel တွေလို အဆင့်မြင့်မြင့် မှောင်ခိုသွင်းကြတာမဟုတ်ဘဲ ကနေဒါ အောက်လမ်းကတဆင့် ခိုးကူးပြီးသွင်းကြရတာပေါ့။ အစပိုင်းမှာအဆင်ပြေသလို၊ အိပ်မက်တွေအကောင်အထည်ပေါ်လာသလိုဖြစ်ပေမယ့် လောကရဲ့ ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံပေါင်းမြောက်များစွာနဲ့ ထိတွေ့လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေကြားက အချင်းပွားမှုတွေ အဝေမတည့်တာတွေ မနာလိုသူရဲ့ တိုက်ခိုက်မှုတွေ စတင်ထိတွေ့လာခဲ့ရပါတယ်။

အဓိကဇာတ်ဆောင်ကောင်လေး နိတ်တစ်ယောက် ဘယ်လိုနည်းလမ်း ဘယ်လိုလှည့်ကွက်တွေနဲ့ မှောင်ခိုလုပ်မလဲ လောကဓံတရားတွေကို သူကြံ့ကြံ့ခံနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဗဟုသုတအနေနဲ့ဖြစ်စေ ငွေကြေးတွေဒလဟောဝင်တာ ဘယ်လိုမျိုးလဲ လေ့လာဆန်းစစ်ချင်လို့ပဲဖြစ်စေ ဒီ Kid Cannabis ကားလေးဟာ အပျင်းပြေကြည့်ရှုဖို့အဆင်ပြေတဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ…။

(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.5GB, 1.3GB, 602MB
Quality – 1080p, 720p, 480p
IMDb Rating – 6.4/10
Format – mp4
Duration – 1H 50Min
Genre – Biography, Comedy, Crime
Subtitle – Myanmar Subtitle (Hardsub)
Translated by Mugiwara Ya
Encoded by Chuck



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
John Stockwell
Stars
Aaron Yoo, Alex Arsenault, Amanda Tapping, Ben Cotton, Brent Stait, Bryce Hodgson, Christina Cox, Christine Willes, Corey Large, Darren Moore, Dylan Schmid, Giacomo Baessato, Iain Belcher, Jasmine Mooney, Jeffrey Ballard, Jeffrey C.R. Wallace, John C. McGinley, Jonathan Daniel Brown, Julia Benson, Karyn Halpin, Kelt Eccleston, Kenny Wormald, Kieran Large, Lochlyn Munro, Luke Jennings, Merritt Patterson, Michael Ian Farrell, Mitchell Baker, Nathan Parrott, Paul Johansson, Ron Perlman, Sean Tyson
Release Date
2014
Rated
Unrated
Runtime
1h 50min
Awards
1 nomination
Country
United States
Budget
USD $5 000 000,00
Popularity
9.149
Status
Released
ID IMDb.com
tt0780548
IMDB Rating
6.4
IMDB votes
10000
ID Themoviedb.org
212231
TMDb Rating
6.4
TMDb votes
138