Exit print mode Print Data A+ A- Undo all

Killer Elite(2011)

May the best man live.
Killer Elite(2011)Killer Elite(2011)

Synopsis:

Killer Elite (2011)
==============

ခုနှစ် ၁၉၈၀တုန်းက ကြေးစားလူသတ်သမားတွေဖြစ်တဲ့ ဒန်နီ၊ ဟန်တာ၊

ဒေးဗီးစ် နဲ့ မိုင်ယာတို့ဟာ လူတစ်ယောက်ကိုရှင်းဖို့ မက္ကစီကို ကိုရောက်နေ

ကြပါတယ်။ ဒန်နီဟာ ပစ်မှတ်ကိုသုတ်သင်ပြီးတဲ့နောက် ပစ်မှတ်ရဲ့ဘေးမှာ

ရှိနေတဲ့သားငယ်လေးကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားခဲ့လို့ ကြေးစားလောက

ကနေ အနားယူသွားခဲ့ပါတယ်။ နှစ်တွေကြာတော့ အနားယူပြီးနေတဲ့ဒန်နီဆီကို

ဖမ်းဆီးခံထားရတဲ့ ဟန်တာ ရဲ့ ပုံနဲ့အတူ စာတစ်စောင်ရောက်လာခဲ့ပါတယ်။

ဒီလိုနဲ့ ဒန်နီလည်း ဟန်တာကိုကယ်ဖို့အတွက်လိုက်သွားခဲ့တဲ့အချိန်မှာ

သိပ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုက စောင့်ကြိုနေပါတယ်။

ရှီကီဆိုတဲ့ရေနံသူဌေးတစ်ယောက်မှာ သား၄ယောက်ရှိပေမယ့် ၃ယောက်ကို

အင်္ဂလန်ရဲ့SASအဖွဲ့က ဇီဝိန်ခြွေခဲ့ပြီး ရှီကီကိုနေရပ်ဆီက နှင်ထုတ်ခဲ့ပါတယ်။

ဒီလိုနဲ့ အခဲမကြေဖြစ်နေတဲ့ ရှီကီဟာ သူ့သားတွေကိုရှင်းခဲ့တဲ့သူတွေကို လက်စား

ချေပြီး သူ့အငယ်ဆုံးသားလေးနေရပ်ပြန်ရရေးအတွက် ဟန်တာကို ဓားစာခံလုပ်ပြီး

ဒန်နီကိုအတင်းအဓမ္မငှားရမ်းခဲ့တာဖြစ်ပါတယ်။ SAS အဖွဲ့ဟာ အင်မတန်လေ့ကျင့်

ရည်ပြည့်၀ပြီး အတော်ဆုံးတပ်ဖွဲ့၀င်တွေသာရှိတာမို့ SAS အဖွဲ့၀င်ဟောင်းတွေကို

သတ်ဖို့က ဒန်နီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာပါ။ ဒါပေမယ့်

ဒန်နီဟာ ဟန်တာ လွတ်မြောက်ရေးအတွက် ဒီအလုပ်ကိုလက်ခံခဲ့ပြီးတော့

သူတို့တွေ အလုပ်ကိုဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲ၊ ဒါတွေအားလုံးရဲ့

နောက်ကွယ်မှာရော တစ်စုံတစ်ယောက်ရှိနေမလားဆိုတာကို တကယ်မိုက်တဲ့

ဖိုက်တင်ခန်းတွေနဲ့ တစ်၀ကြီးကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Fast and Furious မင်းသားကြီး Jason Statham နဲ့ ဂန္ဒ၀င်မင်းသားကြီး

Robert De Niro တို့က ဒန်နီနဲ့ဟန်တာအဖြစ် သရုပ်ဆောင်ထားတာကြောင့်

Actionကားကြိုက်သူတွေအနေနဲ့ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

( ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ ဖြစ်ပါတယ်)

 

File size…2.64GB / 917MB
Quality…Blu-Ray 1080p 5.1CH  / 720p
Format…mp4
Duration….1h 56m
Genre …..  Action , Crime , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Jaka



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Gary McKendry
Stars
Clive Owen, Jason Statham, Robert De Niro
Budget
USD $66 000 000,00
Revenue
USD $57 777 106,00
Popularity
21.399
Status
Released
ID IMDb.com
tt1448755
IMDB Rating
6.4
IMDB votes
132K
ID Themoviedb.org
49021
TMDb Rating
6.3
TMDb votes
1848