Channel Myanmar

La Femme Nikita (1990)

~ IMDb – 7.3/10, RT – 89%, Meta – 56% ~

ဒီတစ်ခါက​တော့ အက်ရှင်ကား​​ကောင်း​ကောင်း​တွေကြည့်ချင်​နေတဲ့ ညီအစ်ကို​တို့အတွက် 1990 မှာထွက်ရှိခဲ့ပြီး ဆု​​ပေါင်းများစွာပိုင်​ဆိုင်ထားတဲ့အပြင် Critics Rating ​တွေလည်း​ ကောင်း၊ Series ပါပြန်ရိုက်ရ​လောက်​အောင် ​အောင်မြင်မှုရခဲ့တဲ့ ပြင်သစ်အက်ရှင်ကား La Femme Nikita ဆိုတဲ့ကားပါပဲ။

ဒီကားကိုတော့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ထားတာဖြစ်ပြီး သူ့နာမည်ကို သိပ်မရင်းနှီးရင်တောင် Leon: The Professional ကားကို အားလုံးရင်းနှီးကြမှာပါ။ အဲဒီမာစတာပိစ်ကားကို သူရိုက်ခဲ့တာပါ။ Taken ကားကိုလည်း သူပဲဇာတ်ညွှန်းရေးခဲ့ပြီး Lucy ကိုလည်း သူပဲရေးသားရိုက်ကူးခဲ့တာပါ။ နာမည်ကျော်အက်ရှင် ဇာတ်လမ်းကားတွေဖြစ်တဲ့ The Transporter ကားတွေကို သူပဲရေးသား ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီလို အက်ရှင်ဇာတ်လမ်းပိုင်းမှာတော့ ဆရာတစ်ဆူလို့ပြောလို့ရတဲ့ ဆရာသမားရဲ့ကားဆိုတော့ တကယ့်ကို အက်ရှင်ဇာတ်ကြမ်းအလန်းကားကြီးပေါ့။

သာမန်အ​ပေအ​တေဘဝက​နေ ​ထောင်ထဲပို့ခံရ​ပေမယ့် ​ထောင်ထဲမ​ရောက်ပဲ ​အေးဂျင့်အဖြစ် သင်တန်း​ပေးခံရတဲ့ နီကီတာ တစ်​ယောက် ​အေးဂျင့်ဖြစ်ပြီး​နောက်ပိုင်း မစ်ရှင်​တွေကို ဘယ်လိုဖြတ်​ကျော်ခဲ့ရလဲ… တစ်​ဖက်မှာလည်း သူ့ဘဝ​လောက်ချစ်ရတဲ့သူကို​တွေ့​ပေမဲ့ သူ့ရဲ့အလုပ်​ကြောင့် သူတို့နှစ်​ယောက်ရဲ့ အချစ်​ရေးမှာ​ရော ဘယ်လို​အခက်အခဲ​တွေ​တွေ့ခဲ့ရလဲဆိုတာကို အက်ရှင်ရိုမန့်အကြမ်းအလန်းတွေနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.2GB, 940MB
Quality – 1080p, 720p
IMDb Rating – 7.3/10
Format – mp4
Duration – 1H 57Min
Genre – Action, Crime, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by DB
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director

La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)
La Femme Nikita (1990)


No downloads available

Genres



Related movies