Channel Myanmar

Lawyer Lawyer (1997)

Lawyer Lawyer    

N/A 85 min AsianComedyDrama

6.2
IMDB: 6.2/10 1,294 votes

, , , , , , , , ,

N/A

Hong Kong

951830

Report error

Lawyer Lawyer (1997)

စတီဗင်ချောင်ရဲ့ကားဆိုတာနဲ့ အများကြီးညွှန်းစရာတော့ မလိုပါဘူး။
မြန်မာပရိသတ်နဲ့ မစိမ်းတဲ့ တရုတ်ဟာသမင်းသားကြီး စတီဗင်ချောင်က ဒီကားထဲမှာတော့ ရှေ့နေတစ်ယောက်ပါ။
ရှေ့နေဆိုပေမယ့် ရှေ့နေစစ်စစ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။
စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုသလို ရှေ့နေဘဝကို ရောက်ခဲ့ရတာပါ။
တရုတ်ပြည်ကြီး ဗြိတိသျှတွေ လက်အောက်မှာ ကျရောက်တုန်းက တရားဥပဒေစိုးမိုးရေးဆိုတာ ဗြိတိသျှတွေရဲ့ ဥပဒေပညာရပ်နဲ့ပဲ ဆုံးဖြတ်ပါတယ်။
နယ်မြို့လေးမှာနေတဲ့ ချန်မိုဂတ်ဆိုတဲ့ လူတစ်ယောက်ဟာ အင်မတန် လူရည်လည်ပါတယ်။
စကားအပြောအဆို အင်မတန်ပါးနပ််ပါတယ်။
သူ့မှာ “ဖုန်း” ဆိုတဲ့ တပည့်တစ်ယောက်ရှိပါတယ်။
တစ်နေ့တော့ ‘ဖုန်း’တစ်ယောက် ဆရာနဲ့ စကားများရန်ဖြစ်ပြီး မြို့ပေါ်ကို တက်သွားပါတော့တယ်။
အဲ့ဒီမှာ ပြဿနာက စတာပါပဲ။
‘ဖုန်း’ ကို လူသတ်မှုနဲ့ အစွပ်စွဲခံရပါတော့တယ်။
ဒီတော့ သူက သူ့ဆရာကို အားကိုးပြီး သူ့ဆရာကို ရှေ့နေလိုက်ခိုင်းပါတော့တယ်။
ချန်မိုဂတ် ကတော့ သူ့ကို စွန့်ပစ်ထားခဲ့တဲ့ တပည့်မို့ သူက စွန့်ပစ်ချင်နေပါတယ်။
ဒါပေမယ့် မလွှဲသာမရှောင်သာတဲ့ အကြောင်းတရားတွေကြောင့် ‘ချန်မိုဂတ်’ တစ်ယောက် ဒီလူသတ်မှုကို ရှေ့နေလိုက်ရပါတော့တယ်။
ရှေ့နေဆိုတာ အပြောအဆိုလိမ္မာပါးနပ်ဖို့ လိုပါတယ်။ ဒီ့အပြင် ဥပဒေပညာရပ်အကြောင်းလည်း ကျကျနန သိဖို့လိုပါသေးတယ်။
ဒီတော့ ဥပဒေပညာမတတ်ဘဲ အပြောအဆို အင်မတန်ကျွမ်းကျင်တဲ့ ‘ချန်မိုဂတ်’ သူ့တပည့်ကို ရှေ့နေလိုက်ပေးတဲ့အကြောင်းကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။
တစ်ကားလုံး ပါးစပ်မပိတ်ဘဲ ရယ်နေရမှာပါ။
ဟာသကားကောင်းကောင်းကြိုက်ရင်တော့ ကြည့်သင့်ပါတယ်။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ August Maung ဖြစ်ပါတယ်။)

File size…(999 MB) and (450 MB)
Quality….Blu-Ray Rip 720p
Format…mp4
Duration….01:30:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by August Maung

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Lawyer Lawyer (1997)


No downloads available

Genres



Related movies