Channel Myanmar

Leave No Trace (2018)

Leave No Trace    

PG 109 min Drama

7.7
IMDB: 7.7/10 3,599 votes

,

, , , , , , , , ,

N/A

USA

462165

Report error

 

ဒီဇတ်လမ်းကို စကြည့်ရင် နည်းနည်းအူကြောင်ကြောင် နိုင်မယ်

အဖေ နဲ့ သမီး လေး မိသားစု ၂ ဦးဟာ တောလေးထဲက ရွက်ဖျင်တဲမှာ နေထိုင်ကြတယ်

စကြည့်ရင်တော့ ကမ္ဘာကြီး တစ်ခု လုံးမှာ မှ သူတို့ ၂ ဦးပဲ ကျန်တော့သလိုမျိုးပေါ့

ခက်ခက်ခဲခဲ အစားအသောက်တွေ ရှာဖွေစားသောက်ရတယ် လုံးဝ အရိုင်းဆန်တဲ့

နေထိုင်မှုမျိုးနဲ့ နေရတယ်

ဒါပေမဲ့ ဇတ်လမ်းကို နည်းနည်းထပ်ကြည့်လိုက်ရင်

ထင်ထားတာတွေ ထပ်လွဲသွားပါတယ်

သူတို့ သားအဖ ဟာ အိမ်ခြေရာမဲ့တွေဖြစ်ပြီး

ရဲဖမ်းမှာ စိုးတဲ့အတွက် သစ်တောပန်းခြံထဲမှာ

ကျူးကျော်တဲ ပုံစံ နေထိုင်တာဖြစ်ပြီး သူတို့လိုပဲ

ထိုပန်းခြံထဲမှာ တစ်ခြား ကျူးကျော်တဲ တစ်ချို့လဲ

ရှိနေပြန်ပါတယ်…

တစ်ခုထူးခြားတာက သူတို့ သားအဖ ဟာ

ခိုးစိုးလုနှိုက်တက်တဲ့သူတွေ မဟုတ်ပါဘူး

သူတစ်ပါး ပစ္စည်းဆို အလကားပေးတာ

ကောက်ရတာမျိုးတောင် အပိုင်မလိုချင်ကြပါဘူး

တစ်နေ့မှာတော့ သားအဖ ၂ ယောက် အဆင်ပြေနေတဲ့

ကျူးကျော်တဲလေးကို ရဲတွေ ရောက်လာပြီး ဖမ်းခေါ်သွားခဲ့ပါတယ်

ဖခင်ဖြစ်သူ နဲ့ သမီးဖြစ်သူကို ဆေးစစ် ပြီး

အတူတက ပြန်လည်နေထိုင်နိုင်ရန် ကျပန်းအလုပ်တစ်ခု

ရှာပေးပြီး ပြန်လည်ထူရေး လုပ်ဖို့ အိမ်တစ်လုံးမှာ

အစားအသောက်တွေ ၀ယ်ပေးပြီး ခနပေးနေပါတယ်

သမီးဖြစ်သူကိုလဲ စာသင်ပေးဖို့ အစိုးရက လုပ်ပေးပါတယ်

ဒါပေမဲ့ သူတို့ သားအဖ ဟာ ကောင်းကင်ကြီးကို မျက်နှာပေးပြီး

အိပ်ကြ မနက်ခင်း နေရောင်အလင်းကို မြင်ပြီး နိုးတက်ကြသူတွေမို့

လူယဉ်ကျေး အသိုင်းအ၀ိုင်း နဲ့ ၀င်မဆန့်သလိုဖြစ်နေကြပြီး

အတော်လေးကို စိတ်ကသိကအောင့်ဖြစ်နေကြပါတယ်

ဖခင်ဖြစ်သူကတော့ ပြန်လည်ပြီး ထွက်ပြေးကြဖို့

ကြံစဉ်နေခဲ့ပြီး နောက်ပိုင်း ပြန်ထွက်ပြေးနိုင်မလား

ဒီ အရမ်းချစ်ကြတဲ့ သားအဖ ၂ ယောက် ဘာတွေ

ဆက်ဖြစ်မလဲဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြပါအုံး

ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့

Hein Thet Naing ဖြစ်ပြီး Thit San Khant မှ

တင်ဆက်ပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Leave No Trace (2018)
Leave No Trace (2018)
Leave No Trace (2018)
Leave No Trace (2018)
Leave No Trace (2018)
Leave No Trace (2018)
Leave No Trace (2018)


No downloads available

Genres



Related movies