Exit print mode Print Data A+ A- Undo all

Legend of the Dragon (1991)

Legend of the Dragon (1991)Legend of the Dragon (1991)

Synopsis:

ဟာသဘုရင် Stephen Chow လောင်းကစား သူရဲကောင်း တစ်ယောက်

ဒီတစ်ခါတော့ Snooker ထိုးတာကလွဲပြီး ဘာမှမသိနားမလည်တဲ့ Snooker King နေရာက သရုပ်ဆောင်ထားပါတယ်။

ရယ်ရတာကတော့ ပြောစရာမလိုလောက်တော့ပါဘူး။

တကယ့် အူတိအူကြောင် ကောင်လေးတစ်ယောက်ဖြစ်တဲ့ Chow ဟာ Snooker မှာတော့ သူတို့ရွာမှာ ဝိဇ္ဇာတစ်ပါးလို့ ပြောရမှာပေါ့။

သူ့ရွာမှာ သူနဲ့ ယှဉ်ထိုးနိုင်တဲ့ကလေးမရှိတော့ဘူး။

ဟောင်ကောင်မှာနေတဲ့ သူ့အဖေရဲ့ ဆရာတူညီ လူလည်ကပ်ပါးကောင် ရောက်လာပြီး

သူနဲ့ ဟောင်ကောင်ကို အလည်လိုက်သွားရင်း တောသားမြို့ရောက် ဂေါက်တောက်တောက်ဖြစ်ရင်း သူ့ဦးလေးရဲ့ ဇာတ်ရှုပ်ထဲဝင်ပါသွားရော။

သူ့အဖေက လောင်းကစားမလုပ်ဖို့၊ ရန်မဖြစ်ဖို့မှာလိုက်ပေမဲ့ သူ့ဦးလေးကျင်လည်နေတဲ့ လောကမှာ ဒါမျိုးတွေနဲ့ ကင်းကင်းနေမရနိုင်လို့ အိမ်ပြန်ချင်လာရော။

အိမ်ပြန်တော့မှ ပြဿနာက ပိုကြီးသွားတယ်။ သူပြန်တော့ သူ့ဦးလေးကလိုက်လာတယ်။

သူ့အဖေရဲ့ မြေတွေကို သူ့ဦးလေးက လောင်းကြေးအနေနဲ့ထားပြီး Snooker တစ်ပွဲထိုးခိုင်းတယ်။

သူနဲ့ ထိုးရမယ့်လူက အဲဒီခေတ်က Snooker ဘုရင်တစ်ပါး Jimmy White ။

အဲဒီပွဲမှာ ရှုံးပြီး သူတို့ပိုင်တဲ့မြေတွေ အကုန်ပါသွားရော။

သားအဖနှစ်ယောက် ဘဝတွေပျက် လမ်းဘေးမှာ သိုင်းပြစားရတဲ့ ဘဝရောက်သွားတယ်။

သို့သော် သူ့ရဲ့ ဆရာတူညီမ ဇနီးလောင်းလေးရဲ့ ဦးလေးက သူတို့ရွာရဲ့ မြေတစ်ဝက်လောက်ကို ပိုင်တယ်လေ။

အဲဒီမြေကို ရင်းပြီး နောက်တစ်ပွဲထိုးဖို့လုပ်ကြရော။

နောက်တစ်ပွဲမှာ ဆရာသမားက သူတို့ပိုင်တဲ့မြေတွေနဲ့ ဟောင်ကောင် Snooker လောကကို ဘယ်လို ကယ်တင်ခဲ့လဲဆိုတာကို ကြည့်လိုက်ကြပါဦး။

 

++++++++++++++

ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့

တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။

တင်ပြီးသမျှကို https://channelmyanmar.org/category/stephen-chow/ မှာကြည့်လို့ရပါတယ်။

 

File size…(2 GB) and (1 GB)
Quality….BluRay 1080p 5.1CH and 720p
Format…mkv
Duration….01:36:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by d3m0n

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
2.321
Status
Released
ID IMDb.com
tt0100047
IMDB Rating
6.4
ID Themoviedb.org
56118
TMDb Rating
5.8
TMDb votes
8