Let Them All Talk(2020)အညွှန်း
*****************************
စာရေးဆရာမAliceဟာ အင်္ဂလန်က စာပေဆုပေးပွဲကိုတက်ရောက်ပြီးဆုသွားယူဖို့ ဖြစ်လာပါတယ်…
ရခဲလှတဲ့ဆုဖြစ်ပြီးသွားရောက်ယူချင်ပေမဲ့ သူမအတွက်အခက်အခဲက လေယာဉ်မစီးရဲတာပါ…
ဒါ့ကြောင့် သူမရဲ့ကိုယ်စားလှယ်က သင်္ဘောခရီးစီစဉ်ပေးခဲ့တယ်..
ဒီတော့စာရေးဆရာမ Aliceဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကတည်းက ငယ်သူငယ်ချင်းဖြစ်ခဲ့တဲ့
အမျိုးသမီးကြီး(၂)ဉီးကို ခေါ်ခဲ့တယ်…သိတဲ့အတိုင်း ငယ်သူငယ်ချင်းတွေဆိုပေမဲ့လည်း
အရွယ်ရောက်အလုပ်ကိုယ်စီ ပတ်ဝန်းကျင်တစ်ခုစီ ဖန်တီးပြီးနောက်မှာ ပြန်ဆုံကြတော့
တစ်ယောက်နဲ့တစ်ယောက်ခပ်တန်းတန်းရယ်…ဒီလိုနဲ့ သင်္ဘောကြီးပေါ်မှာသူမတို့(၃)ယောက်နဲ့
စာရေးဆရာကြီးရဲ့တူလေးတစ်ယောက်ရယ် ကိုယ်စားလှယ်အမျိုးသမီးငယ်လေးတစ်ယောက်ရယ်
ပေါင်း(၅)ယောက်အင်္ဂလန်ကို ရွက်လွှင့်ခဲ့ကြတာပေါ့…ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့
ခံစားကြည့်ကြပါဉီး…ဒီကားက မင်းသမီးကြီး Meryl Streep ပါတာနဲ့တင်ကြည့်ရတာတန်ပါတယ်…
ပြီးတော့ ဇာတ်လမ်းက ဘာမဟုတ်ဘူးထင်ရပေမဲ့ ကျွန်တော်တို့ဘဝကိုပြန်စဉ်းစားကြည့်ရင်ဒီလိုပါပဲ…
ဘယ်လောက်ပဲခင်ခဲ့မင်ခဲ့ ကျောင်းမှာ အတူတူ ပေါက်ကရတွေလုပ်ခဲ့ပေမဲ့
အရွယ်ရောက်လို့ ကိုယ်စီလမ်းတွေလျှောက်ပြီးချိန်မှာတော့ ပြန်ဆုံကြရင်
သူစိမ်းတစ်ယောက်လိုဖြစ်နေတတ်ကြတာပဲမလား….ဒီလိုအချိန်မှာ အရင်လို
အငွေ့အသက်တွေရအောင် တတ်နိုင်သလောက်ကျွန်တော်တို့ကြိုးစားဖန်တီးတတ်မြဲပဲမလား…
ခင်ဗျားတို့မှာငယ်ငယ်ကရော ခုချိန်ထိပါ ခင်ဆဲမင်ဆဲ
အရင်လို ခံစားချက်တွေမျှဝေဆဲသူငယ်ချင်းတွေရှိရင် သိပ်ကိုကံကောင်းတယ်လို့ပြောချင်ပါတယ်..
ဟာသလေးတွေလည်းပါသလို ကိုယ်ကိုတိုင်ခရီးထွက်သလိုခံစားရစေတဲ့ ကားမို့
ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့
Khine Khine Wai ပဲဖြစ်ပါတယ်…
File Size :(1.82GB) and (1.03GB)
Quality : Web-DL 1080P, 720P
Format…mp4
Duration…01:52:00
Genre : Comedy , Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Khine Khine Wai
Encoded by Phyo Pyae
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။