Exit print mode Print Data A+ A- Undo all

Level 16 (2018)

Purity has a price.
Level 16 (2018)Level 16 (2018)

Synopsis:

Level 16 (2018)

~ IMDb – 6.1/10, Rotten Tomatoes – 83% ~

၂၀၁၈ တုန်းကထွက်ရှိထားတဲ့ Level 16 ဆိုတဲ့ရုပ်ရှင်ကားလေးဟာ Thriller အမျိုးအစားကြိုက်တဲ့သူတွေအတွက်တော့ အံအကိုက်ဆုံးပါပဲ။ တစ်ကားလုံးမှာ ဘာဆက်ဖြစ်မလဲ… ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကြိ စောင့်ကြည့်နေရမယ့် ကားမျိုးပေါ့။

ဇာတ်လမ်းလေးကတော့ ကျောင်းတစ်ခုကနေ စထားပါတယ်။ ကျောင်းရဲ့ ထူးခြားချက်က မိန်းကလေးတွေပဲ ရှိတဲ့အပြင် တစ်ခန်းမှာ ဆယ်ယောက်ဝန်းကျင်သာရှိတယ် သူတို့ကို သင်ကြားပေးတာကတော့ မိန်းမကောင်းတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ ရှောင်ကျဥ်ရမယ့် ဒုစရိုက်တွေရယ်ပဲ။ အချိန်မှန်နိုးထ အချိန်မှန် စာသင်ကြရတယ်။ အချိန်မှန် အားဆေးသောက်ကြရတယ်၊ အချိန်မှန်အိပ်ရတယ်။ ကျောင်းသူတွေကို အထပ် သို့ အဆင့်သတ်မှတ်ချက်နဲ့ ခွဲထားတယ်။

အဆင့် ၁၆မှာနေရတဲ့ကျောင်းသူတွေက စီနီယာအကျဆုံးပေါ့…

သူတို့က ကျောင်းပြင်ပကိုလုံးဝထွက်ခွင့်မရကြပါဘူး။ ပြင်ပလေထုက သူတို့အတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ သူတို့ဟာ ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို အတိအကျလိုက်နာရတဲ့အပြင် အနည်းငယ်တိမ်းစောင်းတာနဲ့ အောက်ဆုံးထပ်ကို ပို့ပြီး အပြစ်ပေးတာကို ခံကြရပါတယ်။

ဇာတ်ဆောင် ဗီဗီယန်ဆိုတဲ့ မိန်းကလေးက သူအဆင့်၁၆ကိုရောက်သွားချိန်မှာ အဆင့်၁၀မှာတုန်းက ခင်ခဲ့ရတဲ့ ဆိုဖီယာနဲ့ ပြန်ဆုံပါတယ်။ ငယ်ငယ်ကအစာမကြေစရာကိစ္စဖြစ်ခဲ့တာကြောင့် ဗီဗီယန်က မခေါ်မပြောနေပါတယ်။ ဆိုဖီယာဟာ တခြားမိန်းကလေးတွေလို ပျော်ရွှင်မနေဘဲ ဗီ​ဗီယန်ကို တိုက်တဲ့ဆေးတွေ မသောက်ဖို့ ကပ်တိုးလေး တားပါတယ်။

ဒီဆေးတွေက ဘာတွေလဲ… ဆေးမသောက်ရင် ဘာတွေ တွေ့မြင်ရမလဲ… ဒီကျောင်းရဲ့ လျှို့ဝှက်ချက်‌တွေက ဘာတွေလဲဆိုတာတော့ ပရိသတ်တို့ကိုယ်တိုင် ကြည့်ရှုဖော်ထုတ်လိုက်ကြပါ…

(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.7GB, 790MB
Quality – 1080p, 720p
IMDb Rating – 6.1/10
Format – mp4
Duration – 1H 52Min
Genre – Drama, Sci-Fi, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by Mugiwara Ya
Encoded by Chuck



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Danishka Esterhazy
Stars
Alex Steele, Alexis Whelan, Amalia Williamson, Birva Pandya, Celina Martin, Jack von Spade, James Purcell, Joelle Farrow, Josette Halpert, Kate Vickery, Katie Douglas, Kayleigh Shikanai, Kiana Chartrand, Kiana Madeira, Leo Vernik, Lori Phun, Margaret Maye, Marie Carriere Gleason, Peter Outerbridge, Sara Canning, Sarah DaSilva, Shanice Johnson, Sheila McCarthy, Sydney Meyer, Trinity Doucette, Val Ovtcharov, Vladimir Tsyglian, Voytek Skrzeta, Yasmin Lau
Release Date
2018
Rated
Unrated
Runtime
1h 42min
Awards
3 wins
Country
Canada
Revenue
USD $15 575,00
Popularity
64.714
Status
Released
ID IMDb.com
tt4006302
IMDB Rating
6.1
IMDB votes
12000
ID Themoviedb.org
548066
TMDb Rating
6.815
TMDb votes
467