Exit print mode Print Data A+ A- Undo all

Life Is Beautiful (1997)

An unforgettable fable that proves love, family and imagination conquer all.
Life Is Beautiful (1997)Life Is Beautiful (1997)

Synopsis:

Life is Beautiful

ဒီရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးပေါင်း ၁ သန်းကျော် အသတ်ခံခဲ့ရတဲ့ ဂျာမန်တွေရဲ့ ငရဲခန်းလို့ တင်စားကြတဲ့ Auschwitz အကျဉ်းစခန်းထဲက လွတ်မြောက်လာခဲ့သူ အီတလီ ဂျူးလူမျိုး Rubino Romeo Salmoni ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းအပေါ် အခြေခံထားပါတယ်။ သူဟာ အသက် ၉၁ နှစ် ( ၂၀၁၁ ) မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Romeo Salmoni ဟာ ၁၉၄၄ ခုနှစ်မှာ ဖမ်းဆီးခြင်းခံခဲ့ရပြီး အသက် ၂၄ နှစ်အရွယ်မှာ Auschwitz အကျဉ်းစခန်းကို ရောက်ခဲ့တယ်။ သူလွတ်မြောက်လာချိန်မှာ သူ့ညီ နှစ်ယောက်စလုံးက အသတ်ခံခဲ့ရတယ်ဆိုတာ သိခဲ့ရတယ်။ ဒါပေမယ့် သူ့မိဘတွေနဲ့တော့ ပြန်ဆုံခဲ့တယ်။
ဒီဇာတ်ကားကို ရိုက်တဲ့ဒါရိုက်တာ Roberto Benigni ရဲ့ အဖေဟာ မဟာမိတ်အီတလီစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတုန်း နာဇီတွေရဲ့ စစ်သုံ့ပန်းအဖြစ် အဖမ်းခံရပြီး အလုပ်သမားအကျဉ်းစခန်းမှာ ၂ နှစ် နေခဲ့ရတယ်လို့ ဆိုတယ်။ ဒါကြောင့် ဒါရိုက်တာက သူ့အဖေရဲ့ ဘဝအတွေ့အကြုံပေါ်မှာလည်း အခြေခံပြီး ဇာတ်ညွန်းရေးခဲ့တယ်လို့ ဆိုတယ်။

ဒီဇာတ်ကားမှာ ဂွီဒိုအဖြစ် ပါဝင်ထားတဲ့ မင်းသား Roberto Benigni ဟာ ကိုယ်တိုင်ဒါရိုက်တာလုပ်၊ ဇာတ်ညွန်းရေးပြီး ရိုက်ခဲ့ပါတယ်။ ဒိုရာအဖြစ် ပါဝင်ထားတဲ့ မင်းသမီးဟာလည်း အပြင်မှာ Roberto Benigni ရဲ့ မိန်းမ ဖြစ်ပါတယ်။
ဒီဇာတ်ကားထွက်လာချိန်မှာ ဝေဖန်ချီးကျူမှုတွေ များစွာရခဲ့သလို အော်စကာဆုလည်း ၇ ဆုထိ Nomination ဝင်ခဲ့ပါတယ်။ အဲဒီထဲမှာ Oscar ဆု ၃ ဆုရခဲ့တဲ့အပြင် Best Foreign Languge နဲ့ Best Picture ၂ ခုစလုံး Nomination ဝင်ခဲ့ဖူးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ မင်းသား ဒါရိုက်တာ ဖြစ်တဲ့ Roberto Benigni လည်း Oscar, BAFTA အပြင် ကိန်းရုပ်ရှင်ပွဲတော်၊ အခြားနိုင်ငံတကာကချီးမြှင့်တဲ့ ဆုပေါင်းများစွာ ရခဲ့တယ်။
ငွေကြေးအရပြောရမယ်ဆိုရင်လည်း ဘတ်ဂျက် သန်း ၂၀ သုံးပြီးရိုက်ခဲ့ရာမှာ သန်း ၂၃၀ ကျော် ပြန်ရတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့တယ်။
———————————-
Giosué Orefice: “No Jews or Dogs Allowed.” Why do all the shops say, “No Jews Allowed”?
Guido: Oh, that. “Not Allowed” signs are the latest trend! The other day, I was in a shop with my friend the kangaroo, but their sign said, “No Kangaroos Allowed,” and I said to my friend, “Well, what can I do? They don’t allow kangaroos.”
Giosué Orefice: Why doesn’t our shop have a “Not Allowed” sign?
Guido: Well, tomorrow, we’ll put one up. We won’t let in anything we don’t like. What don’t you like?
Giosué Orefice: Spiders.
Guido: Good. I don’t like Visigoths. Tomorrow, we’ll get sign: “No Spiders or Visigoths Allowed.”
သူတို့ဆိုင်က “ဘာလို့ ဂျူးနဲ့ ခွေးတွေ ဝင်ခွင့်မပြု” လို့ ဘာလို့ ဆိုင်းဘုတ်တပ်ထားတာလဲ ဖေဖေ။
အဲဒါ အဲဒီလို ဆိုင်းဘုတ်တွေ ခေတ်စားနေတယ် သားရဲ့။ ဟိုတစ်နေ့က ဖေဖေ သူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်တစ်ဆိုင်မှာ ရောက်နေတုန်း သားပိုက်ကောင် မဝင်ရလို့ ဆိုင်းဘုတ်တပ်ထားတာ တွေ့ခဲ့တယ်။ အဖေကလည်း သူငယ်ချင်းကိုပြောလိုက်တယ်လေ။ သူတို့ က သားပိုက်ကောင်တွေကို ဝင်ခွင့်မပြုတော့ ဖေဖေ ဘာတတ်နိုင်မှာလဲလို့။
ဒါဆို သားတို့ဆိုင်မှာ “ဝင်ခွင့်မပြု” ဆိုတဲ့ဆိုင်းဘုတ် ဘာလို့ မရှိရတာလဲ ဖေဖေ။
နက်ဖန် တပ်မှာပေါ့ သားရဲ့။ ဖေဖေတို့ မကြိုက်တဲ့အကောင် တစ်ကောင်ကောင်ကို ပေးမဝင်တော့ဘူးပေါ့။ သား ဘယ်အကောင်ကို မကြိုက်ဘူးလဲ။
သား ပင့်ကူ မကြိုက်ဘူးဖေဖေ။
ဖေဖေကတော့ Visigoths ဆိုတဲ့ကောင်တွေကို မကြိုက်ဘူး။ အဲဒီတော့ မနက်ဖန်ကျရင် ဖေဖေတို့ ဆိုင်မှာ ပင့်ကူနဲ့ Visigoths တွေ မဝင်ရလို့ ဆိုင်းဘုတ်တပ်ကြမယ်ကွာ။
ဤသည်မှာ သားဖြစ်သူ လူမျိုးခွဲခြားရေး သဘောတရားကို စတင်သတိထားမိချိန်မှာ ဖခင်က လူမျိုးမုန်းတီးရေး မပါဘဲ သားကို ကလေးသဘာ၀ နားလည်အောင် လှလှပပ ရှင်းပြသည့် ဇာတ်ဝင်ခန်းတစ်ခုထဲက ကောက်နှုတ်ဖော်ပြခြင်း ဖြစ်သည်။

IMDb 8.6
Rotten Tomatoes 90%
Roger Ebert 3.5/4
– Cinemanto

(ရုပ်ရှင်အညွှန်းကို Cinemanto Facebook Page မှ ကူးယူဖော်ပြပါသည်။)

File size…(2.9 GB) / (1.1 GB)
Quality….BluRay Remux 1080p HEVC /720p
Format…mp4
Duration….01:56:11
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by HaDes



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
La vita è bella
Director
Roberto Benigni
Stars
Giorgio Cantarini, Nicoletta Braschi, Roberto Benigni
Release Date
20 December 1997 (Italy)
Rated
PG-13
Runtime
1h 56min
Awards
Won 3 Oscars, 72 wins and 52 nominations
Country
Italy
Budget
USD $20 000 000,00
Revenue
USD $230 098 753,00
Popularity
43.719
Status
Released
ID IMDb.com
tt0118799
IMDB Rating
8.6
IMDB votes
658K
ID Themoviedb.org
637
TMDb Rating
8.5
TMDb votes
11065