Exit print mode Print Data A+ A- Undo all

Little Joe (2019)

Happiness is a business
Little Joe (2019)Little Joe (2019)

Synopsis:

ဒါကတော့ ဇာတ်လမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ဖန်တီးလေ့ရှိတဲ့

Austrianအမျိုးသမီးဒါရိုက်တာ Jessica Hausnerရဲ့ လက်ရာဇာတ်ကားလေးပါ။

Cannes film festivalရဲ့ မြင့်မားတဲ့ဆုတွေမှာ

ဇကာတင်စာရင်းဝင်ထားပြီး ခေါင်းဆောင်မင်းသမီးက

Cannes Best Actress Awardရထားပါတယ်။

ဇာတ်လမ်းကတော့ Aliceဆိုတဲ့ singleမေမေ အမျိုးသမီးတစ်ယောက်က

အပင်မျိုးစိတ်သစ်တွေကို ဖန်တီးပြီး သူ့အလုပ်ကိုအင်မတန်ရူးသွပ်သူပါ။

လူတွေကိုပျော်ရွှင်စေဖို့ အနံ့အရမ်းကောင်းမွန်အောင်ပြုလုပ်ထားတဲ့

အပင်မျိုးစိတ်သစ်တစ်ခုကို ဖန်တီးအောင်မြင်ပြီးတဲ့နောက်

အဲ့အပင်လေးကို သူ့သားJoeရဲ့နာမည်ကိုအစွဲပြုပြီး

Little Joeလို့နာမည်ပေးလိုက်တယ်။

ဒါပေမယ့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဘယ်လာဆိုတဲ့ အမျိုးသမီးကြီးက

Little Joeဟာ လူတွေကိုပျော်ရွှင်စေရုံတင်မဟုတ်ပဲ

သူ့ရဲ့ဝတ်မှုန်ဟာလူ့ဦးနှောက်ထဲဝင်သွားပြီး လူတွေကိုအပင်ကလွဲရင်

တခြားအရာကိုဂရုမစိုက်အောင်ပြောင်းလဲပစ်နေတယ်လို့

အခိုင်အမာပြောဆိုပါတယ်။

Aliceလည်း အစကမယုံကြည်ပေမယ့် သူ့ရဲ့သားကပါ

ထူးထူးဆန်းဆန်းတွေပြုမူလာတဲ့အခါမှာတော့….

ဒီဇာတ်လမ်းမှာ ဒါရိုက်တာရဲ့ဝသီအတိုင်း

အရောင်တွေကိုသေချာသုံးထားလို့ Displayတွေလှတယ်။

ဇာတ်လမ်းကို ကိုယ်ပါဝင်ပြီး စဉ်းစားစရာတွေဖြစ်လာတယ်။

ဇာတ်လမ်းပြီးသွားတဲ့နောက်မှာလည်း ဒွဟတွေကျန်ခဲ့တယ်။

လူတော်တော်များများအတွက် ကြောင်တောင်တောင်ကားလို့ ထင်နိုင်တယ်။

လူတိုင်းအကြိုက်ကားမျိုးတော့မဟုတ်ဖူးပေါ့။

နောက်ခံအသံတွေကလည်း သဘောမကျတဲ့သူတွေအတွက်

စိတ်အနှောက်အယှက်ဖြစ်နိုင်တယ်

အဲ့တာကိုချီးကျုးတဲ့သူတွေကလည်းရှိတယ်။

ဒါရိုက်တာပြချင်တာကို တကယ်ခံစားနိုင်ပြီး

ဒီလိုကားတွေကိုသဘောတွေ့သူအတွက်တွေတော့ ကောင်းတဲ့ကားလေးပါ။

ဒီတော့ ကိုယ်တိုင်ပဲ ကြည့်ရှုအကဲဖြတ်ကြည့်လိုက်ပါ။

 

File Size : ( 985 MB , 306 MB )

Quality :  WEB-DL 720p

Running Time : 1 hr 45 min

Format : Mp4

Genre : Drama , Sci-Fi

Subtitle : Myanmar Subtitle (Hard Sub)

Translated by Moe Lay

Encoded by Moe Myint Lwin

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Jessica Hausner
Stars
Ben Whishaw, David Wilmot, Emily Beecham, Goran Kostić, Kerry Fox, Kit Connor, Leanne Best, Lindsay Duncan, Phénix Brossard, Sebastian Hülk
Popularity
15.194
Status
Released
ID IMDb.com
tt9204204
IMDB Rating
5.9
IMDB votes
1453
ID Themoviedb.org
504585
TMDb Rating
6.1
TMDb votes
13