Exit print mode Print Data A+ A- Undo all

Living (2022)

It's never too late to start again.
Living (2022)Living (2022)

Synopsis:

Living (2022)

~ IMDb – 7.5/10, Rotten Tomatoes – 96% ~

ဒီနှစ်ထွက်လာမယ့်ကားတွေထဲ အမျှော်ခဲ့ဆုံးကားက Living ဖြစ်သလို တကယ်ထွက်လာတော့လည်း မျှော်မှန်းထားတာထက်တောင် ပိုကောင်းတယ်လို့ ပြောရမှာပါပဲ။ ဒါဆို ဒီကားကို ဘာလို့မျှော်ရလဲဆိုတဲ့အကြောင်းရင်းက စပြောရမှာပဲ။ ပထမဆုံးအချက်ကတော့ Kazuo Ishiguro ပါ။ သူ့ကို ဒီကလူတော်တော်များများ ရင်းနီးပြီးသားပဲဖြစ်ပါလိမ့်မယ်။ သူက ကျွန်တော်တော်တော်ကြိုက်တဲ့စာအုပ်တွေထဲပါတဲ့ An Artist of the Floating World ခေါ်  မြင့်သန်းဘာသာပြန်တဲ့ “ လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး ” စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာလည်းဟုတ်တယ်။ ၂၀၁၇မှာ နိုဘယ်ဆုရထားတဲ့ စာရေးဆရာလည်းဖြစ်သလို သူ့သိပ္ပံစိတ်ကူးယဉ်ဝတ္ထုဖြစ်တဲ့ Never Let Me Go ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတာမှာလည်း တော်တော်လေးအောင်မြင်ခဲ့တယ်။ ဒီကားကိုလည်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးထားတာပါ။ Kazuo Ishiguro ဟာ အခုရုပ်ရှင် Living (2022) နဲ့လည်း အော်စကာမှာ ဇာတ်ညွှန်းဆု ဆန်ခါတင်ဝင်ထားပါသေးတယ်။

နောက်တစ်ချက်ကတော့ ဒီကားက ကူရိုဆာဝါရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်တဲ့ Ikiru ကို ပြန်ရိုက်ထားတာ။ Ikiru ရဲ့ ဘိုလိုကလည်း To Live ပဲဆိုတော့ နာမည်ပါအတူတူပဲ ပေးထားတယ်လို့ ပြောလို့ရပါတယ်။ Kazuo Ishiguro ကိုယ်တိုင်ကလည်း Ikiru (1952) ကို Bill Nighy နဲ့ ပြန်ရိုက်ချင်နေတာ နှစ်ပေါင်းများစွာကြာနေပြီ။ ရိုက်ချင်လွန်းလို့ကို သူရိုက်ချင်တဲ့မင်းသား Bill Nighy ကို Ikiru ကြည့်ခိုင်းပြီး ရိုက်ပေးနိုင်မလားမေးခဲ့တယ်။ ကူရိုဆာဝါကားပီပီသသ ပြောင်မြောက်လွန်းလေတော့ Nighy ကလည်း ကြည့်ပြီးပြီးချင်းပဲ ရိုက်ဖို့ သဘောတူလိုက်တယ်။

နောက်ဆုံးအချက်ကတော့ Ikiru ရော ဒီကားရောရဲ့ မူရင်းဇာတ်လမ်းက မသိသူမရှိတဲ့ ရုရှစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ အစဉ်အလာကြီးတဲ့ The Death of Ivan Ilyich ဆိုတဲ့ ဝတ္ထုကိုပြန်ရိုက်ထားတာ။ ကူရိုဆာဝါရဲ့ တင်ပြပုံနဲ့ တော်စတွိုင်းရဲ့ တင်ပြပုံကတော့ မတူဘူး။ ဒါပေမဲ့ အခုဗားရှင်းကျ ကူရိုဆာဝါရဲ့ မူလဗားရှင်းအတိုင်းပဲ အဓိကနေရာတွေတော်တော်များများသုံးပြီး ပြန်ရိုက်ထားတယ်။ နှစ်ခုလုံး မူရင်းဝတ္ထုနဲ့ တင်ပြပုံမတူဘူး။ ကား ၂ကားကကျ အတူတူပဲမို့ ဘယ်ကားကြည့်ရမလဲဆိုရင်တော့ နှစ်ကားလုံးသာကြည့်ပါ။ ဘာလို့လဲတော့ ဆက်ပါမယ်။

ဒီ၂ကားဟာ တစ်ကားက ဂျပန်မှာ ဇာတ်အိမ်တည်ပြီး တစ်ကားက ၁၉၅၀ အင်္ဂလန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပြတဲ့နိုင်ငံချင်းမတူပေမဲ့ ဇာတ်အိမ်တည်ရာ အချိန်လည်းတူ၊ ဇာတ်ဝင်ခန်းတော်တော်များများလည်းတူ၊ ဇာတ်ကောင်တော်တော်များများလည်း အတူတူပါပဲ။ ဒါပေမဲ့ သရုပ်ဆောင်ပုံတော့ လုံးဝကိုမတူပါဘူး။ ကူရိုဆာဝါကားရဲ့ ဇာတ်ကောင်တွေက မျက်နှာမှာ Emotions တွေ အရမ်းသိသိသာသာပြပြီး ဇာတ်ကောင်ရဲ့ ခံစားချက်ကိုပုံဖော်သွားပေမဲ့ Oliver Hermanus နဲ့ Kazuo Ishiguro တို့ကားရဲ့ ဇာတ်ကောင်တွေက လုံးဝကို အငြိမ်ပါပဲ။ ဒါပေမဲ့လည်း Bill Nighy ကြီးဟာ ဇာတ်ကောင်ရဲ့ဘဝကို၊ ဇာတ်ကောင်ရဲ့ဝေဒနာကို ပေါ်လွင်အောင် သရုပ်ဆောင်ပြသွားပါတယ်။ ငြိမ်ငြိမ်လေးနဲ့ကို လုပ်ပြသွားတာပါ။ ဒါကြောင့်လည်း အော်စကာမှာ သူ အဓိကဇာတ်ဆောင် ဆန်ခါတင်ဝင်ထားတာပါပဲ။ ပုဂ္ဂလိက အမြင်အရတော့ The Whale က ဘရန်ဒန်ဖရေဆာထက် သူ့ကိုပိုကြိုက်ပါတယ်။ ဒါပေမဲ့လည်း သူတို့သုံးထားတဲ့ သာမန်ညောင်ညမိန်းကလေးဇာတ်ကောင် အနေအထားနဲ့ကကျ ဂျပန်မင်းသမီးက အပြတ်အသတ်ပိုလိုက်နေတာတော့ သေချာပါတယ်။

Living (2022) ဟာ Remake ကိုမှ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အကျော်အမော်ကြီးရဲ့ အကောင်းဆုံးဆိုတဲ့ကားတွေထဲက တစ်ကားကို ရိုက်ထားတာပေမဲ့ မူရင်းကားကို ဘယ်လိုမှမမီပါဘူးလို့လည်း ပြောမရသလို ရုပ်ရှင်အဆင့်အတန်းတစ်ခုပေးနိုင်သွားတဲ့ အကြောင်းရင်းက ချစ်စိတ်လို့ပဲ ထင်ပါတယ်။ Kazuo Ishiguro ဟာ Ikiru ကို သိပ်ကြိုက်လွန်းလို့ ဇာတ်ညွှန်းရေးပြီး Bill Nighy နဲ့ ရိုက်ချင်တာဖြစ်တဲ့အတွက် ဒီကားအပေါ်သူ့ချစ်စိတ်ကို ကျွန်တော်တို့ တွေးကြည့်စရာမလိုပါဘူး။ Bill Nighy လည်း မထူးပါဘူး။ ကားကြည့်ပြီး ကြိုက်လို့ သဘောတူလိုက်တာပဲမလား။

ဒါပေမဲ့ ဒီကားကို လက်တွေ့အသက်သွင်းခဲ့တဲ့ ဒါရိုက်တာ Oliver Hermanus ရဲ့ ချစ်စိတ်ကိုတော့ ကျွန်တော်တို့ကားထဲမှာ မြင်နိုင်ပါတယ်။ ဘယ်လိုဆို ဒီကားမှာ Kazuo Ishiguro ရဲ့ အငွေ့အသက်တစ်ချို့ ကျွန်တော်တို့ရနေတာကလွဲ ဒီကားဟာ Ikiru ကို သစ္စာမဖောက်ထားပါဘူး။ ဘယ်လိုအငွေ့အသက်လဲကတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါ။ ကျွန်တော်တော့ လွင့်မျောနေသောကမ္ဘာကြီးထဲက ကျွန်တော့်အကြိုက်ဆုံး စာသားတစ်ချို့နဲ့ ဇာတ်ဝင်ခန်းကို ဒီထဲ အသွင်ပြောင်းပြီး တွေ့လိုက်ရပါတယ်။ Living (2022) ဟာ နှိမ့်ချတယ် သိမ်မွေ့တယ်ဆိုတဲ့ ညွှန်းဆိုချက်တစ်ခု တွေ့လိုက်ပါသေးတယ်။ တကယ်လည်း ဟုတ်တယ်ပြောရမှာပါပဲ။ ဒါရိုက်တာဟာ သူဘာလုပ်နိုင်တယ် ဘာလုပ်ပြမယ်ဆိုတဲ့ မာနကိုမထည့်ထားဘဲ ကူရိုဆာဝါရဲ့လက်ရာကို ရိုးရိုးရှင်းရှင်းနဲ့ပဲ ပြန်တင်ပြထားတာပါ။ ဒီဘက်ခေတ်နဲ့လည်း ပိုကီးကိုက်တယ်လို့ပြောလို့ရတာပေါ့။ ဘာလို့ပြောလဲဆို ၂ကားယှဉ်ကြည့်ရင်လိုက်ရင် သိမှာပါပဲ။ နောက် ဒီရုပ်ရှင်ရဲ့ဇာတ်ကိုတင် ၁၉၅၀လောက်မှာ တည်ထားတာတင်မဟုတ်ဘဲ သုံးထားတဲ့ ဖရိန်တွေ ကာလာတုန်းတွေ Editing တွေကအစ အဲဒီခေတ်အရသာကိုပဲ ရ‌အောင်လုပ်ထားလို့ ဒီနှစ်ထွက်ကားပေမဲ့ ကလပ်စစ်ကားတစ်ကားရဲ့ အငွေ့အသက်တော့ ပေးနိုင်နေမှာပါပဲ။ ဒီလိုအားလုံးချစ်စိတ်နဲ့ ရိုက်ခဲ့ကြလို့ ဒီ Remake ဟာ တော်တော်လေး လှတဲ့ Remake ဖြစ်နေတာပါပဲ။

ဒါပေမဲ့လည်း ကူရိုဆာဝါဖန်တွေ ကြိုက်မယ်လို့တော့ တစ်ထစ်ချ အာမခံလို့မရပါဘူး။ ဆဲတဲ့ဖန်တွေလည်း ဆဲတာပါပဲ။ နည်းတော့နည်းပါတယ်။ တစ်ချို့အခန်းတွေမှာ ကိုယ်တိုင်လည်း လာစားနေပြီလို့ တွေးမိတာ နည်းနည်းပါပေမဲ့ ဒီဇာတ်ရဲ့ အလှကို ပျက်အောင်တော့မလုပ်သွားပါဘူး။ ပြန်ခြုံငုံကြည့်ရင် ချစ်စိတ်နဲ့ရိုက်တာကပဲ ပိုထင်ရှားနေမှာပါ။ ဘာအရင်ကြည့်ရမလဲမေးလာရင်တော့ ကူရိုဆာဝါ့ဟာ အရင်ကြည့်စေချင်ပါတယ်။ ဒါမှပဲ ဒီကားကို ပိုထဲထဲဝင်ဝင်ခံစားနိုင်မယ်လို့ ယူဆပါတယ်။ Ikiru ကို မကြည့်ရသေးတဲ့လူတွေအတွက် ဇာတ်လမ်းအကျဉ်းပြောရရင်တော့ –

လူတစ်ယောက်ရှိတယ်။ တစ်နေ့နေ့ ခင်ဗျား အဲဒီလူလိုဖြစ်လာချင်ဖြစ်လာမယ်။ အခုလည်း ခင်ဗျား အဲဒီလူလို ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ ဒီလူဟာ လူတစ်ယောက်ဆိုတာထက် လူတွေရဲ့ ရှင်သန်ခြင်းရဲ့ နိမိတ်ပုံတစ်ခုလို့ ယူဆလည်းမမှားဘူး။ သူ့အလုပ်က သာမန် အစိုးရဝန်ထမ်းအလုပ်။ တစ်နေ့တစ်နေ့ လျော့မလာတဲ့ စာရွက်စာတမ်းပုံတွေကြားနေရင်း သူ့ဘဝမှာ တစ်နေ့နဲ့တစ်နေ့ ဘာမှအပြောင်းအလဲမရှိခဲ့တာ နှစ်ပေါင်းတော်တော်ကြာပြီ။ သူတို့ရုံးကလည်း အဲဒီစာရွက်စာတမ်းပုံကြီးကို မလျော့စေချင်တဲ့လူက ခပ်များများ။ ဘာလို့ဆို အလုပ်တွေ မတရားကြိုးစားလိုက်လို့ ဒီအပုံကြီးကုန်သွားရင် ဘာမှအရေးကြီးတာ လုပ်စရာရှိမနေတဲ့လူတွေပဲလို့ လူတွေကဲ့ရဲ့မှာကြောက်ကြသတဲ့။ မနက်ဆို သူရုံးသွားတယ်။ ညနေဆို အိမ်ပြန်လာတယ်။ ရုပ်ရှင်ကြည့်မယ့်နေ့မှာ ရုပ်ရှင်ကြည့်တယ်။ သူ့ဘဝကဒါပဲ။ အလုပ်ချိန်ကိုလည်းနောက်မကျဖူးသလို စောလည်းမဆင်းဖူးဘူး။ ပုံမှန်အတိုင်းပဲ လည်ပတ်နေခဲ့တယ်။ ဒါပေမဲ့ သူ့ဘဝကြီးကို ဘယ်လိုအတွေးမှမပေါက်ဘဲ ဒီတိုင်းပဲ သူရှင်သန်နေခဲ့တယ်။ တစ်နေ့အထိပေါ့။ အဲဒီနေ့မှာ သူဆေးစစ်ချက်သွားထုတ်ဖို့ ရုံးစောစောဆင်းသွားတယ်။ သိလိုက်ရတာက ကင်ဆာတဲ့။ အဲဒီမှာ သူအိမ်ပြန်လာပြီး ဧည့်ခန်းမှာ တစ်ယောက်တည်းထိုင်ပြီး သူ့ဘဝကြီးရဲ့ အချည်းနှီးဖြစ်မှုကို ထိုင်တွေးတယ်။ ဝတ္ထုက တော်စတွိုင်းဆိုတော့ သူဘာတွေးသလဲ နီးနီးစပ်စပ်သိချင်ရင် မြသန်းတင့် ဘာသာပြန်ထားတဲ့ တော်စတွိုင်း၏ ဘဝအမြင်နဲ့ သမိုင်းအမြင်ဆိုတဲ့စာအုပ်က ပထမခြမ်း ဘဝအမြင်ကို ဖတ်ကြည့်လို့ရတယ်။ ဒီကားကိုယ်တိုင်ကလည်း အဲဒီထဲက တော်စတွိုင်း ဘဝ ရှင်သန်ခြင်း သေဆုံးခြင်းကို ဆက်စပ်စဉ်းစားထားသလိုအကြောင်းအရာကို ရိုက်ပြထားတယ်လို့ မြင်မိပါတယ်။ ကားနာမည်ကိုက ရှင်သန်ခြင်း ခေါ် ဘဝခေါ် Living မလား။ သူသေတော့မှာ သိပြီးတဲ့နောက်မှာတော့ သူ့ဘဝကို သူတကယ်မရှင်သန်ခဲ့ရဘူးဆိုတဲ့ အသိဝင်သွားသလားတော့မသိပါဘူး။ နှစ်ပေါင်းများစွာ ရုံးချိန်တောင် နောက်မကျဘဲ ဒီပုံစံခွက်ထဲပဲရှင်သန်ခဲ့တဲ့သူဟာ နောက်နေ့အလုပ်မတက်ခဲ့ဘူး။ သူ့ဘဝကို ရှင်သန်တယ်ဆိုတဲ့ ခံစားချက်ရအောင် ရှင်သန်ဖို့ နည်းလမ်းကို သူရှာဖွေခဲ့တယ်။ ဇာတ်ကြောင်းကတော့ ဒါပဲပေါ့။

ဘဝမှာ အတွေးအခေါ်တွေ များများစားစားတော့ မလိုပါဘူး။ လိုတယ်ထင်တဲ့လူတွေလည်း အဆုံးမရှိရှာနေကြသလို အတွေးအခေါ်လိုလား မလိုလားဆိုတဲ့ အမေးတောင် မမေးဘဲ ရှင်သန်နေကြတဲ့လူတွေလည်း မနည်းဘူးမလား။ ဟိုလိုလို ဒီလိုလိုဖြစ်နေတာထက်စာရင်တော့ အဲဒီလိုလူတွေက ပိုအားကျဖို့ကောင်းတယ်။ ဒါပေမဲ့လည်း တစ်ခါတလေတော့ ကျွန်တော်တို့ ရှင်သန်လာခဲ့ခြင်းတွေကို ကျွန်တော်တို့ ပိုချစ်တတ်လာအောင် တစ်ချို့အနုပညာပစ္စည်းတွေက စီးကူးပေးနိုင်တယ်။ Kazuo Ishiguro ရဲ့ “ လွင့်မျောနေသောကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး “ကို ကျွန်တော်ကြိုက်တာမှာလည်း သူ့ရဲ့အဆုံးသတ်တွေမှာ အဲဒီဓာတ်ပါနေလို့လည်း မကင်းဘူး။ တစ်ခါတလေကျ ဒီဓာတ်ကို တစ်ချို့စာအုပ်တွေကနေ ကျွန်တော်တို့ရတတ်တယ်။ များသောအားဖြင့်တော့ ကဗျာတွေပေါ့။ တစ်ခါတလေကျလည်း ရုပ်ရှင်တွေကနေရတတ်တယ်။ Ikiru ရော Living ရောဟာ သူ့နည်းသူ့ဟန်နဲ့ ဒီဓာတ်ကို စီးကူးပေးနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။

Living ဟာ ဘာအကြောင်းလဲ တိုတိုနဲ့ လိုရင်းပြောရရင်တော့ Living ဟာ Living အကြောင်းပဲလို့တော့ ဖြေရမှာပဲ။

 

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2GB, 880MB
Quality – 1080p, 720p
IMDb Rating – 7.5/10
Format – mp4
Duration – 1H 42Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Oliver Hermanus
Stars
Adrian Rawlins, Aimee Lou Wood, Alex Sharp, Anant Varman, Bill Nighy, Celeste Dodwell, Ffion Jolly, Jamie Wilkes, John MacKay, Lia Williams, Michael Cochrane, Oliver Chris, Patsy Ferran, Richard Cunningham, Tom Burke, Zoe Boyle
Release Date
2022
Rated
PG-13
Runtime
1h 42m
Awards
Nominated for 2 Oscars, 9 wins & 46 nominations total
Country
United Kingdom, Japan, Sweden
Revenue
USD $6 999 027,00
Popularity
22.051
Status
Released
ID IMDb.com
tt9051908
IMDB Rating
7.5
IMDB votes
5900
ID Themoviedb.org
760099
TMDb Rating
7
TMDb votes
49