Exit print mode Print Data A+ A- Undo all

Lord of War (2005)

Where there's a will, there's a weapon
Lord of War (2005)Lord of War (2005)

Synopsis:

 

Lord of War (မရဏကုန်သည်)

မင်းသားကြီး နီကလက်ကေ့ရဲ့ ရွှေခေတ်က ရွှေရုပ်ရှင်တစ်ခုကို ဘာသာပြန်ကောင်းကောင်း ကွာလတီကောင်းကောင်းနဲ့ ပြန်တင်ဆက်ပေးထားပါတယ်။ အရင်သိမ်းထားတဲ့ဖိုင်တွေရှိရင် ဖျက်လိုက်ပြီး ပြန်သာသိမ်းလိုက်ကြပါ။ Nicolas Cage, Jared Leto, Bridget Moynahan နဲ့ Ethan Hawke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း

ယူရီအော်လော့ (N Cage) တို့မိသားစုက ယူကရိန်းကနေ ဂျူးယောင်ဆောင်ပြီး အမေရိကန်ကို ပြောင်းလာတာပါ။ ဇာတ်လမ်းထဲမှာ မင်းသားပြောသလိုပါပဲ သမိုင်းမှာ ဂျူးဖြစ်ရလို့ ကံကောင်းတယ်ဆိုတဲ့အချိန်က ရှားပါတယ်။ ဒါပေမဲ့ ဂျူးဖြစ်လို့ ယူကရိန်းကနေ အမေရိကန်ကို ရောက်လာနိုင်တာလေးတစ်ခုကတော့ ကံကောင်းတယ်ပြောရမှာပေါ့။ နာဇီတွေက ဂျူးတွေကို ယူကရိန်းမှာ အပြုံလိုက်ရှင်းပစ်ခဲ့သလို၊ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်မှာလည်း ဂျူးတွေ နေရာမရကြပါဘူး။

အမေရိကန်ရောက် ယူကရိန်းသား ညီအစ်ကိုဟာ လက်နက်အရောင်းအဝယ်လောကထဲကိုဝင်မိခဲ့ကြပါတယ်။ နယ်ခံလူဆိုးဂိုဏ်းကို ဈေးဦးပေါက် အူဇီလေးရောင်းမိတာကနေ လုပ်ငန်းစခဲ့ပြီး ပထမဆုံး သူဌေးဖြစ်ကွက်ကိုတော့ ၁၉၈၂ လစ်ဘနွန်စစ်ပွဲမှာ ရသွားခဲ့ကြတာပါ။ အစ္စရေးတွေက လစ်ဘနွန်ကိုကျူးကျော်တာကနေ ပါလက်စတိုင်းနဲ့စစ်ဖြစ်ချိန်မှာ ညီအစ်ကိုနှစ်ယောက်က နှစ်ဘက်လုံးကို လက်နက်ရောင်းစားပြီး သူဌေးဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာ ယူရီတစ်ယောက် အချီကြီးမိတာကတော့ စစ်အေးတိုက်ပွဲအဆုံး ဆိုဗီယက်ယူနီယံ ပြိုကွဲချိန် ၁၉၉၁ ပါပဲ။ ဆိုဗီယက်ပြည်ထောင်စုဝင် (ရုရှား၊ ဘီလာရု၊ ကာဇက်စတန်၊ လက်ဗီးရား၊ ကာဂျစ်စတန်၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ မော်ဒိုဗာ၊ အက်စ်တိုးနီးယား၊ တာဂျစ်ကစ္စတန်၊ ယူကရိန်း၊ လစ်သူရေးနီးယား၊ အာမဲနီးယား၊ ဥဇဘက်ကစ္စတန်၊ တာမန်နစ္စတန် နှင့် အခြားခွဲထွက်နိုင်ငံအချို့) နိုင်ငံတွေကနေ ဖရိုဖရဲဖြစ်နေတဲ့ လက်နက်ဂိုထောင်တွေကို အောက်ဈေးလိုက်နှိုက်ပါတော့တယ်။ အဲဒီကနေမှ လိုက်ဘီးရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်ကို သေနတ်တွေရောင်းမိပြီး အာဖရိကရဲ့သွေးစိန်တွေနဲ့ ပိုချမ်းသာလာပါတော့တယ်။ အဲဒီချမ်းသာမှုကနေ တရားကျစရာတွေ ဘယ်လိုရမလဲဆိုတာ ကြည့်မယ်ဆိုရင်တော့မကြည့်ပါနဲ့။ ချမ်းသာတာဟာ ချမ်းသာတာပါပဲ။ ချမ်းသာပြီးပဲ ပြီးသွားမှာပါ။ သမိုင်းတလျှောက် လက်နက်အရောင်းအဝယ်တွေနဲ့ နိုင်ငံရေးတွေကိုတော့ တရားကျလို့ရပါလိမ့်မယ်။ မကြည့်ရသေးရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

စစ်အေးတိုက်ပွဲ

ဒါကတော့ ရုပ်ရှင်တွေမှာ အသုံးများပြီး လူတိုင်းသိနေတာပေမဲ့ မသိသေးတဲ့သူတွေ ဇာတ်လမ်းကြည့်ရင် နည်းနည်းပိုနားလည်‌အောင် ရေးပေးတာပါ။ စစ်အေးတိုက်ပွဲ (1945 မှ1991)ဆိုတာ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နဲ့ဆိုဗီယက်ယူနီယံ စစ်မဖြစ်ပေမဲ့ အရာရာအားပြိုင်ကြ၊စစ်ဖြစ်မလို ခြိမ်းခြောက်ကြ လက်နက်စုကြ၊ သူလျိုတွေအပြိုင်အဆိုင်သုံးကြ ဖြစ်နေတဲ့ကာလပါ၊ အဏုမြူလက်နက်တွေအထိန်းအကွပ်မရှိစုစည်းထားပြီး တကယ်သာ စစ်ဖြစ်ခဲ့ရင်သေချာပေါက် ကမ္ဘာပျက်မဲ့ပွဲမို့ ကမ္ဘာတစ်ဝှမ်းလုံး ရင်တမမနဲ့ နေခဲ့ရတဲ့ကာလပါပဲ။ ဇာတ်လမ်းတွေလည်း မရေတွက်နိုင်အောင်ထွက်ထားပြီးပါပြီ။
စစ်အေးတိုက်ပွဲနဲ့ဆိုင်တဲ့နာမည်ကြီးကားတွေကို ကြည့်ချင်ရင်တော့
Charlie Wilson’s War (2007)
Oppenheimer (2023)
Watchmen ( 2009)
The Tunnel (2001)
Miracle (2004)
Miracle (2004)
First Man (2018)
Thirteen Days (2000)
Spacewalk (2017)
Cold War (2018)
The Death Of Stalin (2017)
The Lives Of Others (2006)
Good Night, And Good Luck (2005)
Tinker Tailor Soldier Spy (2011)
Bridge Of Spies (2015)
The Shape Of Water (2017)
A Beautiful Mind (2001)
The Hunt For Red October (1990)
Searching for Bobby Fischer 1993
Pawn Sacrifice (2014)
The Queen’s Gambit (2020)
Chernobyl (2019)
တို့မှာလည်း ကြည့်ရှုလို့ရပါတယ်

စစ်အေးကာလတိုက်ပွဲအတွက် ဆိုဗီယက်နဲ့ အမေရိကန်တင်မကဘဲ သက်ဆိုင်ရာမဟာမိတ်တွေလည်း ဝါဒရေးရာနဲ့ နယ်မြေအတွက် စစ်ပွဲတွေအများကြီးဖြစ်ခဲ့တာမို့ နာမည်ကြီးစစ်ကားအတော်များများကလည်း ဒီကာလထဲမှာဖြစ်ခဲ့တာပါပဲ။ ဥပမာ
ဘာလင်တံတိုင်းတည်ဆောက်ခြင်း (၁၃ ဩဂုတ် ၁၉၆၁ – ၉ နိုဝင်ဘာ ၁၉၈၉)
တရုတ်ကွန်မြူနစ်တော်လှန်ရေး ( ၁၉၂၇ – ၁၉၄၉) ကွန်မြူနစ်အစိုးရ ပြည်မကြီးကိုရသွားပြီး ရီပက်ဘလစ်အစိုးရ ထိုင်ဝမ်ကိုရှောင်တိမ်းရတဲ့အကြောင်း၊ မြန်မာပြည်ရဲ့ကွန်မြူနစ်တိုက်ပွဲတွေဟာ ဒီကနေ ဆက်စပ်လာခဲ့တာပါ
ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃)
၁၉၅၆ ဟန်ဂေရီယန် တော်လှန်ရေး နဲ့ စူးအက်တူးမြောင်းအရေးအခင်း
၁၉၆၂ ကျူးဘားဒုံးအရေးအခင်း
ဗီယက်နမ်စစ်ပွဲ (၁၉၆၄ – ၁၉၇၅) တွေဟာလည်း စစ်အေးတိုက်ပွဲရဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။

စစ်အေးတိုက်ပွဲအဆုံးသတ်မှာတော့ ဘာလင်တံတိုင်းပြိုကျခြင်း၊ ဥရောပအရှေ့ခြမ်းကွန်မြူနစ်တိုက်ထုတ်ခံရခြင်း နဲ့ ဆိုဗီယက်ယူနီယံပြိုကွဲခြင်းတို့နဲ့အဆုံးသတ်ခဲ့ပါတယ်။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

File size…(9.6 GB)/(2.3 GB)/(1.1 GB)
Quality….BluRay 4K HEVC/1080p HEVC/720p
Format…mkv/mp4
Duration….02:01:43
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
Translated by Mr.Anderson



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $50 000 000,00
Revenue
USD $72 617 068,00
Popularity
96.553
Status
Released
ID IMDb.com
tt0399295
IMDB Rating
7.6
ID Themoviedb.org
1830
TMDb Rating
7.291
TMDb votes
4349