Exit print mode Print Data A+ A- Undo all

Lost in Mobius ( 2018 )

Lost in Mobius ( 2018 )Lost in Mobius ( 2018 )

Synopsis:

တွေးလိုသူတွေအတွက် အတော်လေးတွေးရမယ့်ဇာတ်ကားလေးနဲ့

တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်ကားရဲ့သင်ခန်းစာကတော့

လူတစ်ယောက်ဟာ အတိတ်ခံစားချက်ကနေရုန်းထွက်ဖို့ကြိုးစားပုံ

အတိတ်ကိုလွှတ်ချနိုင်ဖို့..ဘေးကလူကိုနားလည်ပေးဖို့

အတိတ်မှာနစ်မြောမနေဖို့ရိုက်ကူးတင်ဆက်ထားတယ်လို့ထင်မိပါတယ်

ဇာတ်လမ်းစလာကတည်းက ကောင်မလေးတစ်ယောက်က

သူ့ရဲ့စိတ်နေစိတ်ထားကိုဖေါ်ပြတဲ့စကားမျိုးတွေပြောတယ်

ဘ၀ကိုမြင်နေတဲ့သူ့အမြင်ပေါ့..ဆရာမက ထိုင်နားထောင်တယ်

အတိတ်ကအဖြစ်အပျက်ကိုပြန်ပြောပြတယ်..

ကောင်မလေးနဲ့သူ့ကောင်လေးဟာ အားလပ်ရက်တရက်မှာ

ရွာလေးတစ်ရွာကို ခရီးထွက်လာကြတယ်

သူတို့ငှားလိုက်တဲ့အိမ်ကအပြင်အဆင်တွေကလည်း

ဆန်းကျယ်သလို အိမ်ရှင်ရဲ့ အပြုအမူကလည်း ထူးခြားလွန်းနေတယ်

နောက်မှာတော့မထင်မှတ်ထားတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေ

တခုပြီးတခုကိုဖြစ်ဖြစ်လာတယ်..လျို့ဝှက်ချက်တခုကိုကောင်မလေး

ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ..အချိန်ကာလ တခုထဲမှာပဲ

ထပ်ခါထပ်ခါလည်ပတ်နေပါတော့တယ်..

 

ကောင်းကောင်းတွေးနိုင်တဲ့အချိန်..အားတဲ့အချိန်လေးမှာ

ကြည့်ဖို့အကြံပြုပါတယ်နော်..လွတ်သွားတာနဲ့

ချာချာလည်ကုန်ပါလိမ့်မယ်..ကျွန်တော့်အမြင်ပြောရရင်

ဇာတ်ကားက စိတ်ဝင်စားဖို့ကောင်းပါတယ်

ကြည့်ကောင်းလားလို့မေးရင် ကောင်းတယ်လည်းမဟုတ်ဘူး

မကောင်းဘူးလည်းမဟုတ်ဘူး..

ကြည့်နေရင်းနဲ့ခံစားချက်တမျိုးပေါ့….

ကိုယ်တိုင်သာနားလည်အောင်ခံစားကြည့်လိုက်ပါတော့

 

အညွှန်းနဲ့ဘာသာပြန် Phyo Zaw ဖြစ်ပါတယ်

Encoded By LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Stars
Anthony Zhang, Cherry Ngan, Choenyi Tsering, Zhang He
Popularity
1.408
Status
Released
ID IMDb.com
tt9407198
ID Themoviedb.org
565551