Exit print mode Print Data A+ A- Undo all

Love Actually (2003)

Love actually is all around.
Love Actually (2003)Love Actually (2003)

Synopsis:

Love Actually (2003)
================
အခုလိုခရစ္စမတ်ကာလနီးလာတဲ့အချိန်လေးမှာ
ခရစ္စမတ်ပါဝင်တဲ့ဇာတ်လမ်းကိုကြည့်ရတဲ့အရသာဟာ
အင်မတန်ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတာအမှန်ပါပဲ
(ကိုယ့်တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမမြင်ဖူးတဲ့
နှင်းပွင့်လေးတွေကိုစိတ်ကူးယဉ်ရတဲ့feelလေးနဲ့ပေါ့)
အဲ့ဒီထဲမှာမှ ကိုယ်သဘောကျတဲ့မင်းသားမင်းသမီး
သရုပ်ဆောင်တွေကိုတစ်စုတစ်ဝေးထဲမြင်တွေ့ရမယ်ဆို
အတိုင်းထက်လွန်းကျေနပ်ဖို့ကောင်းပြီမဟုတ်ပါလား
ဗြိတိန်ရဲ့နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့
မင်းသားကြီး Liam Nesson , Alan Rickman
Colin Firth,Bill Nighy ,Rowan Atkinson
ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့
Laura Linney တို့ကိုတစ်နေရာထဲမှာ
မြင်လိုက်ရတာနဲ့တင်အချိန်ပေးရကျိုးနပ်သည့်အပြင်
ဖွဲ့စည်းထားတဲ့ဇာတ်လမ်းဟာဆိုရင်အပြစ်ဆိုရက်စရာမရှိ
နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ပင်ညွှန်းရမယ့်
ဇာတ်လမ်းဟောင်းလေးတစ်ခုပါ
intertwined stories လို့ခေါ်တဲ့
ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို
ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို
သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ
ဝမ်းသားခြင်းကြည်နူးခြင်းဝမ်းနည်းရခြင်းတွေနဲ့
Love actually ဇာတ်ကားဟာ
Drama/Comedy/ Romance စသဖြင့်
ရသမျိုးစုံကိုပေးတဲ့ Family Type
Friendship အသားပေးထားတာဖြစ်တဲ့အတွက်
ခရစ္စမတ်ချိန်ခါအားလပ်ရက်မှာမိသားစုနဲ့အတူ
အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ
အညွှန်းလေးအကျဉ်းချုပ်ပြောရရင်….
မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်
ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး
ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့
ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက်
အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီး
မိမိမွေးရပ်မြေကိုစွနိ့ခွာချင်နေတဲ့
ဗြိတန်သားငနဲလေးတစ်ယောက်
အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကို
အခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီး
ကင်မရာလေးနဲ့ရိုက်ပြီးအမှတ်တရပုံရိပ်ကို
တိတ်တခိုးခံစားချက်တွေနဲ့အတူ
ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက်
ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ
ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင်
ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ
ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက်
ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး
စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို
ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော
ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက်
Real sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင်
အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး
သူဋ္ဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့
စာရေးမလေးနဲ့ သူဋ္ဌေးရဲ့မိန်းမမိသားစုအကြောင်း
ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့
လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့
၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိ
ဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့
ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့်
မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာဘယ်မျိုးသော
အကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲ
ကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့်
ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံ
ခံစားမှုတွေရမယ်ဆိုတာသေချာပါတယ်
Love actually ဇာတ်ကားဟာ
Nominated 27 နဲ့ Winners 10 ခုကို
ရရှိထားဖြစ်ပြီး အကောင်းဆုံးဇာတ်ပို့ဆုတွေကို
မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး
Emma Thompson တို့ကအများဆုံးရထားကြပြီး
2017 ခုနှစ်မှာတော့
Red Nose Day Actually ဆိုတဲ့
မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ်
အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း
Alan Rickman ကြီးတစ်ယောက်တော့
ပါဝင်နိုင်တော့မှာမဟုတ်တော့ပါဘူး 😔
#LoveActually #HollywoodDope
#Dave

(ရုပ်ရှင်အညွှန်းကို Hollywood Dope Facebook Page မှ ကူးယူဖော်ပြပါသည်။)

 

File size…(2.4 GB) and (1.3 GB)
Quality…Blu-Ray 1080p 5.1CH & 720p
Format…mp4
Duration….02:25:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $40 000 000,00
Revenue
USD $244 931 766,00
Popularity
55.067
Status
Released
ID IMDb.com
tt0314331
ID Themoviedb.org
508
TMDb Rating
7.1
TMDb votes
4651