Exit print mode Print Data A+ A- Undo all

Love You to the Stars and Back (2017)

Love You to the Stars and Back (2017)Love You to the Stars and Back (2017)

Synopsis:

ကဲ ဖိလစ်ပင်း ကားကောင်းကောင်းလေးတွေ ကြည့်ချင်တဲ့ ပရိတ်သတ်အတွက် Love you to the stars and back လာပါပြီ…

ဂြိုလ်သား တကယ်ရှိပါသလား?

ဂြိုလ်သား တကယ်မရှိဘူးလား?

ဒီမေးခွန်းဟာ အခုထိ လူတွေကြားမှာ အငြင်းပွားဖွယ် ပြဿနာဖြစ်နေဆဲပါ…

ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဂြိုဟ်သားတွေနဲ့ အမေရိကန်ကမ်းခြေစောင့်တပ်တို့ တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး ခိုင်လုံတဲ့မှတ်တမ်းဓာတ်ပုံတွေ ရှိခဲ့ပေမယ့် အမေရိကန်အစိုးရက ဒီကိစ္စကို လုံးဝဖုံးကွယ်ထားတယ် လို့ အခုချိန်ထိ တပ်အပ်ယုံကြည်တဲ့ သူတွေလည်း ရှိနေဆဲပါ…

ဒါကြောင့် ဂြိုဟ်သား ကိစ္စဟာ သို့လော သို့လော ပြဿနာ တွေထဲက တစ်ခုလို့ပြောလို့ရပါတယ်…

ဒါပေမယ့် အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းထဲက မီကာဆိုတဲ့ မိန်းမပျိုလေးကတော့ ဂြိုဟ်သားတွေ တကယ်ရှိတယ်ဆိုတာ တထစ်ချယုံကြည်နေတဲ့သူပါ…

မိခင်သေဆုံးပြီးတဲ့နောက် ဂြိုဟ်သားတွေနဲ့အတူနေထိုင်နေတယ်လို့ယုံကြည်ကာ…သူကိုယ်တိုင်လည်း မိခင်နောက် လိုက်ချင်နေခဲ့တာပေါ့…

ဖခင်ကလည်း အိမ်ကို အမျိုးသမီးတစ်ယောက်ခေါ်လာပြီး ထို အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီ လို့ ကြေငြာလိုက်ပြီးတဲ့ အခါမှာတော့ မီကာ ဟာ သူဂြိုဟ်သားတွေနောက် လိုက်သွားချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်ပါတော့တယ်…

ဒီလိုနဲ့ မီကာဂရို့စ်တောင် ဆီ သွားဖို့ အိမ်က ခိုးထွက်လာတာပေါ့..

.ဖြစ်ချင်တော့ တောင်ဆီမရောက်ခင် လမ်းမယ် ကောင်လေးတစ်ယောက်ကို ကားနဲ့မတော်တဆ ပွတ်မိရာမှ အဲ့ဒီကောင်လေးကိုပါ ကားပေါ်တင်ခေါ်လာရပါလေရော…

ကောင်လေးကလည်း ကင်ဆာရောဂါသည်လေးဖြစ်ကာ အိမ်ကိုဝန်ထုပ်ပေးနေမိတယ်လို့ တွေးပြီးစိတ်အားငယ်နေသူပါ…

ဒီလိုနဲ့ သူတို့နှစ်ဦး ကားတစ်စီးနဲ့ဘယ်လို ခရီးဆက်ကြမလဲ…

ဂြိုဟ်သားတွေနဲ့ရော တကယ်တွေ့မှာလား

ဂြိုဟ်သားတွေကရော သူတို့ကိုခေါ်သွားမှာလား

ဆိုတာကို ခရီးတစ်လျှောက် ပျော်ရွှင်စရာတွေအခက်အခဲတွေကို ဟာသဆန်ဆန် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်

 

 

File Size : (950 MB) and (360 MB)
Quality : HDRip 720p
Running Time : 1hr 51min
Format : Mp4
Genre :Adventure, Comedy, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : HDRip.1080p.HDTS.ME
Translated by May Thazin Myint
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Love You to the Stars and Back
Director
Antoinette Jadaone
Stars
Ariel Rivera, Cherry Pie Picache, Eda Nolan, Edgar Allan Guzman, Jelson Bay, Joshua Garcia, Julia Barretto, Maricar Reyes, Odette Khan, Ruby Ruiz
Release Date
8 September 2017
Runtime
111 min
Country
Philippines
Popularity
1.96623
Status
Released
ID IMDb.com
tt7127344
IMDB Rating
8.3
IMDB votes
225
ID Themoviedb.org
473307