Channel Myanmar

Love’s Coming (2014)

Asian

IMDB: /10 votes

249117

Report error

ရုပ်ရှင်ကားတွေမှာ rating သတ်မှတ်ချက်တွေ ဘယ်လောက်ပဲကောင်းကောင်း ရုပ်ရှင်ကြည့်သူအကုန်လုံးနဲ့တော့အံဝင်ဂွင်ကျဖြစ်လေ့မရှိပါဘူး… ကိုယ်ပိုင်စိတ် ကိုယ့်ခံယူချက်အတိုင်းဇာတ်ကောင်တွေကိုနှစ်သက်တယ်မနှစ်သက်ဘူးဆိုနိုင်သလို ဇာတ်လမ်းတစ်ခုအနေနဲ့ပဲကြည့်နိုင်သူတွေလည်းရှိပါတယ်…ဒီတော့ဇာတ်လမ်းကိုအရင်ညွှန်းပေးပါ့မယ်…

အိမ်နီးချင်းကောင်လေးနှစ်ယောက်ဖြစ်တဲ့ Gump နဲ့ Nai တို့မှာ စာညံ့တဲ့ Nai ကိုစာပြပေးဖို့ Gump ဟာနေ့စဉ်လို Nai ရဲ့အိမ်ကိုသွားရတာဟာ Gump ရဲ့သူငယ်ချင်းတွေမှာသံသယတွေဖြစ်လာစေပါတယ်… အဲ့ဒီအတွက် သံသယဝင်နေတဲ့သူငယ်ချင်းသုံးယောက်ဟာ Gump ရဲ့အမှန်တရားကိုသိဖို့အတွက် နည်းလမ်းတွေရှာဖွေလာပါတော့တယ်… အရင်းဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ဦးလေးဆီမှာအကူအညီတောင်းပြီးသူ့ရဲ့နည်းလမ်းတွေအတိုင်းစမ်းသပ်ပါတော့တယ်… ပထမနည်းလမ်းကအဆင်မပြေခဲ့သလို ဒုတိယတစ်ခုကလည်း ပုံမလာခဲ့တဲ့နောက် စိတ်ပျက်စပြုလာတဲ့သူငယ်ချင်းသုံးယောက်ဟာ နောက်ဆုံးနည်းလမ်းအတိုင်း Gump နဲ့ Nai ကိုပါခေါ်ပြီးခရီးတစ်ခုထွက်ကြပါတော့တယ်… အဲ့ဒီမှာတော့ ပုံမှန်အတိုင်းမဟုတ်ပဲ သူငယ်ချင်းသုံးယောက်ဟာ ဝှက်ဖဲတစ်ခုထုတ်သုံးခဲ့တဲ့နောက် ဘာဆက်ဖြစ်မလဲဆိုတာတော့…

ကဲ ဒီတစ်ခါဇာတ်ကားတစ်ခုလုံးကိုသုံးသပ်ပြပါ့မယ်… 2014 ခုနှစ်ရဲ့ gay movie ကားကောင်းတစ်ကားဖြစ်ပြီး ပုံမှန်သတ်မှတ်ချက် IMDB rating 6.7 အထိရထာပြီး 8.1 နယ်ပယ်အထိတက်လာခဲ့ပါတယ်… Comedy, Romance အမျိုးအစားဖြစ်တဲ့အတွက် Mario Maurer ရဲ့ First Love ကိုကြိုက်သူတွေ ဒီကားကိုလည်းအကြိုက်တွေ့မှာပါ… ရုပ်ရှင်ကားတစ်ခုလုံးမှာ မိဘရဲ့ချစ်ခြင်းကိုမသိမသာလေးပြထားခဲ့ပါတယ်… ဇာတ်လမ်းအရမပါပေမယ့် သူပြောချင်တာက မိဘမသိတဲ့အရာဆိုတာမရှိပါဘူးတဲ့… ဇာတ်လမ်းကို သူငယ်ချင်းလေးယောက်ရဲ့သူငယ်ချင်းအချစ်နဲ့ ကောင်လေးနှစ်ယောက်ရဲ့အချစ်ကို မျှ ပြီးပြထားတယ်လို့ပြောလို့ရပါတယ်… ဇာတ်ကြောင်းနည်းတယ်လို့ဆိုချင်ပါတယ်… Sex scene ဆန်တဲ့ဇာတ်ဝင်ခန်းမျိုးမပါတဲ့အတွက်ကြည့်ရတာတော်တော်လေးအဆင်ပြေပါတယ်… no.2 ထွက်လာပြီးတဲ့နောက် ဒီကားကဇာတ်လမ်အစပျိုးဖို့ဇာတ်ကြောင်းပြောထားသလိုတော့ခံစားရပါတယ်… ကြိုပြောထားပါမယ် no.2 က rating 8.7 အထိရထားပါတယ်…

ဒါကတော့ ဇာတ်လမ်းကြည့်မဲ့သူတွေနဲ့ပတ်သတ်ပြီးပြောပါမယ်… ဇာတ်ကားကောင်းတစ်ကားဖြစ်တာတော့သေချာတဲ့အတွက် gay တွေဘာတွေနားမလည်ဘူး ဖျော်ဖြေရေးကားအဖြစ်ပဲရုပ်ရှင်ကြည့်တတ်တဲ့သူတွေအတွက်အဆင်ပြေပါတယ်… Gay right ကိုခါးခါးသီးသီးမနှစ်မျို့တဲ့သူတွေမကြည့်ကြပါနဲ့ အဆင်ပြေမှာမဟုတ်ပါဘူး… ဒီကားကိုဘာသာပြန်ပေးဖို့ပြောလာတဲ့ကျော်သယ်ရင်းတစ်ယောက်ကိုသာဝိုင်းဆဲကြပါ… ဒီလိုဇာတ်လမ်းမျိုးကြိုက်ကြတဲ့ညီငယ်ညီမငယ်တွေအတွက်တော့ဝမ်းသာစရာဖြစ်မှာသေချာပါတယ်… တခြားရုပ်ရှင်ကားဘာသာမပြန်ပဲ ဒီကားပြန်နေလို့ ဝိုင်းဆဲကြပါသော(သောက်မြင်ကပ်ကပ်နဲ့မြန်မြန်ပြီးအောင်ကိုပြန်ပလိုက်တယ်) ကျော့်သယ်ရင်းပေါင်းသောင်းခြောက်ထောင်ကိုသာကျေးဇူးတင်ကြပါလို့ပြောချင်ပါတယ်…

File Size         : 780 MB
Quality           : HD 720P
Running Time : 1hr 48 minute
Format           : Mp4
Genre             : Romance
Encoder         : Joker.phs

(ဘာသာပြန်သူနဲ့ အညွန်းရေးသူကတော့ Jean Nyi Ngalပဲ ဖြစ်ပါတယ်)



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။



  • Download Links Server Audio / Language Quality
No downloads available

Genres



Related movies