Exit print mode Print Data A+ A- Undo all

Loving Vincent (2017)

Loving Vincent (2017)Loving Vincent (2017)

Synopsis:

[Unicode]

သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်..
ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။
သရုပ်မှန်ပန်းချီကနေ
သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ
ကူးပြောင်းလာကြတယ်…။
အရောင်အယူအဆ အသစ်တွေလည်း
ပေါ်ပေါက်လာခဲ့တယ်။
ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။

ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။
မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ
ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။

ယုံကြည်ချက် အနုပညာနဲ့
မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်..
ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ
ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။

ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး
အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့
သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့
လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ်
အရှုံးလဲများခဲ့ပါတယ်..

ဗန်ဂိုးရဲ့ အနုပညာဟာ..
သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။
ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။

သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့..

 

ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ…

ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက်
တပြားတစ်ချပ်မှ ဝင်ငွေမရပဲ
ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့
ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင်
သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့
အခမ်းနားဆုံး အနုပညာရှင်….။

ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး
ပြည့်တန်ဆာမတစ်ယောက်ကို
လက်ဆောင်ပေးခဲ့တဲ..
ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။

” လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ
အစာစားဖို့ မဟုတ်ပဲ
ပန်းချီဆွဲဖို့ စာလောင်တယ်” ဆိုတဲ့ ပန်းချီဆရာ…

ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း
ပန်းချီကား ၉၀၀
ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀
နေ့မနား ညမနား ဆွဲသွားတဲ့ ပန်းချီဆရာ..

အဆုံးသတ်တစ်နေ့မှာ..
ပန်းချီဆရာတစ်ယောက်အတွက် သေခြင်းက
ဆိုးဝါး ပြင်းထန်လောက်အောင် ခံရခက်တဲ့
အရာဟုတ်ဘူးဆိုတဲ့ သူ့ စကားအတိုင်း သေပြခဲ့သူ။

ဗင်းဆင်းရဲ့ ပန်းချီကားတွေဟာ..
အပေါ်ယံအမြင်နဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။
မြင်ရတဲ့ အရာတွေပေါ် ခံစား သိရှိနားလည် သလို
ရေးဆွဲထား၏။
စိတ်ကူးယဉ်ရေးဆွဲထားဟန် ရှိပေမဲ့
နားလည်နိုင်အောင် ရေးထားသည်။
သဘာဝနဲ့ကင်းကွာခြင်းမရှိ။
ထိုကဲ့သို့ ဝေဖန်သူများက သုံးသပ်ကြ၏၊

ဗင်းဆင့်ဗန်ဂိုးဟာ အနုပညာကို ခံစားတက်သူတိုင်းရဲ့
သူငယ်ချင်းပါပဲ…။
ဒီတော့ ဒီကားမှာ သူ့ဘဝ သူ့အနုပညာ
သူ့အခက်အခဲ သူ့အတွေးအခေါ်တွေကို
သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းလို
ကျွန်တော်တို့ ခံစားကြရမှာပါ။

တစ်ချို့ မရေရောတဲ့ အချက်တွေကို
ဒွိဟ ပြသွားပေမဲ့..
သေချာတာကတော့ ဗင်းဆင့်ကို
ကျွန်တော်တို့ လုံးဝ ခံစားမိစေမှာပါ။

ဒီ ဇာတ်လမ်းရဲ့ ဇာတ်လိုက်က
ဗင်းဆင့် ဗန်ဂိုး မဟုတ်ပါဘူး။
ဗင်းဆင့် သေပြီး ကာလတစ်ခုမှာ…
ဗင်းဆင့်ကို နားမလည်တဲ့ ကောင်လေးတစ်ယောက်
သူ့အဖေ ဆန္ဒအရ..ဗင်းဆင့် ကျန်ခဲ့တဲ့စာကို
ပို့်ရာက ဗင်းဆင့်ကို စာနာသွားတာကို
ဇာတ်အိမ်တည်ထားတာပါ။
ဒီဇာတ်ကားမှာ
ဗင်းဆင်းရဲ့ ပန်းချီဟန်တွေ အပြင်
ဗင်းဆင့်ရဲ့ တကယ့် ပန်းချီကားတွေ အများကြီး
ထည့််သုံးထားပါတယ်..

ကြယ်တွေစုံတဲ့ည..
ဂျုံခင်းထဲက ကျီးကန်းများ..
ပန်းအိုးထဲက နေကြာ၁၂ပွင့်
ညလုံးပေါက်ကဖေး
တဲရေ့စ်ကဖေးရဲ့ ညရှုခင်း အစရှိတဲ့
နာမည်ကျော် ပန်းချီတွေ ပါပါတယ်..။

 

ထူးခြားတာကတော့
ဒီကားကို အစအဆုံး ဆီဆေးပန်းချီကားပေါင်း
၆၅၀၀၀ကို Animationအနေနဲ့လုပ်ထားပြီး
အဲ့ဒီပန်းချီကားတွေကို ကမ္ဘာအနှံ့ကအနုပညာရှင်
တစ်ရာကျော်က ရေးဆွဲပေးခဲ့ပါတယ်။
ဒီကားရဲ့ အဓိက ဇာတ်ကောင် အာမန်ရော်လင်
အပါအဝင် ဒေါက်တာ ဂါးချက်..
ပီရီ တန်ဂျိုင်း ဇာတ်ကောင်တွေဟာလည်း
ဗင်းဆင့် ဆွဲခဲ့တဲ့ ပုံတူတွေကို သုံးထားတာပါ..။

ဗင်းဆင့် ဘာကြောင့် သေဆုံးသွားရခဲ့သလဲ..
အဖြေရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ
ဗင်းဆင့် ဘဝကို ရှာပုံတော် ဖွင့်ရမှာပါ..

Live Longer..
You’ll see..
Life can even bring down the strong..

ဘဝမှာ အနေကြာလာရင်
ဘဝဟာ အခိုင်အမာဆုံး စိတ်ဓာတ်တွေကိုတောင်
ပြိုလဲစေနိုင်ပါတယ်…

ဗင်းဆင့်ရဲ့ ရင်နင့်စရာ ပြိုလဲမှု
အကြီးကျယ်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ ပြိုလဲမှုကို
ခြေရာကောက် ကြည့်ချင်ရင်
ဒီကားထက် ပိုပြောပြနိုင်မဲ့ကား ရှိမယ် မထင်ပါဘူး။

(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)

[Zawgyi] သကၠရာဇ္ကာလအားျဖင့္ ၁၈၈၀ေက်ာ္..
ဒီကာလမွာ အေျပာင္းအလဲေတြ အရမ္းမ်ားခဲ့တယ္။
သ႐ုပ္မွန္ပန္းခ်ီကေန
သေကၤတေဗဒ (symbolism) ဘက္ အခ်ိဳ႕ေတြ
ကူးေျပာင္းလာၾကတယ္…။
အေရာင္အယူအဆ အသစ္ေတြလည္း
ေပၚေပါက္လာခဲ့တယ္။
ပန္းခ်ီရဲ႕ ေတာ္လွန္ေရးကာလတစ္ခုလို႔ ဆိုလို႔ရတယ္။

ဒါေပမဲ့ သ႐ုပ္မွန္ကလည္း မပ်က္သုဥ္းေသးပါဘူး။
မပ်က္သုဥ္းေသးတဲ့အျပင္ သ႐ုပ္မွန္ေတြပဲ
ေစ်းရတဲ့ ကာလဆိုရင္လည္း မမွားေသးပါဘူး။

ယုံၾကည္ခ်က္ အႏုပညာနဲ႔
မေသ႐ုံတမယ္ ႐ွင္သန္ၾကရတဲ့ေခတ္..
ေဂၚဂင္ ဗန္ဂိုးတို႔မွာ ဒုကၡအနာေတြ
ပင္လယ္ေဝ ခဲ့တဲ့ေခတ္..။

ဒီေခတ္ႀကီးမွာ အဆန္းသစ္ဆုံး
အႏုပညာအျမင္႐ွိခဲ့တဲ့ ဗင္းဆင့္ကေတာ့
သူတို႔ နားမလည္ႏိုင္တာကို မႏွစ္ၿမိဳ႕ၾကတဲ့
လူတကာရဲ႕ တံေတြးခြက္မွာ ပက္လက္ကို ေမ်ာခဲ့ပါတယ္
အ႐ႈံးလဲမ်ားခဲ့ပါတယ္..

ဗန္ဂိုးရဲ႕ အႏုပညာဟာ..
သူ႔ေခတ္သူ႔အခါနဲ႔ဆို ေၾကာင္ေတာင္ေတာင္ေတြပါပဲ။
ဒါေပမဲ့ အႏုပညာေတာ့ စစ္မွန္ခဲ့တယ္။

သူ႔ေခတ္ သူ႔ ကာလအေၾကာင္းေျပာၿပီးေတာ့..

 

ဗန္ဂိုးဆိုတာကေရာ ဘယ္သူလဲ…

ဝယ္သူမ႐ွိတဲ့ ပန္းခ်ီကားေတြအတြက္
တျပားတစ္ခ်ပ္မွ ဝင္ေငြမရပဲ
ပန္းခ်ီပစၥည္းေတြအတြက္ ေငြကုန္ေပါက္ အျပည့္နဲ႔
ေပမဲ့ သူခ်စ္တဲ့ အႏုပညာကို ဆယ္ႏွစ္တိုင္
သူေသသည္အထိ မစြန္႔လႊတ္ခဲ့တဲ့
အခမ္းနားဆုံး အႏုပညာ႐ွင္….။

ကိုယ့္နားရြက္ ကိုယ္ျဖတ္ၿပီး
ျပည့္တန္ဆာမတစ္ေယာက္ကို
လက္ေဆာင္ေပးခဲ့တဲ..
ကိုယ့္ကို သတ္ေသခဲ့တဲ့ စိတၱဇပန္းခ်ီဆရာ..။

” လက္ထဲ ေငြ႐ွိရင္ အရင္ဆုံး ဆာေလာင္တာ
အစာစားဖို႔ မဟုတ္ပဲ
ပန္းခ်ီဆဲြဖို႔ စာေလာင္တယ္” ဆိုတဲ့ ပန္းခ်ီဆရာ…

ကိုးႏွစ္တာ ပန္းခ်ီဆဲြသက္အတြင္း
ပန္းခ်ီကား ၉၀၀
ပုံၾကမ္းနဲ႔ ႐ုပ္ပုံ ၁၁၀၀
ေန႔မနား ညမနား ဆဲြသြားတဲ့ ပန္းခ်ီဆရာ..

အဆုံးသတ္တစ္ေန႔မွာ..
ပန္းခ်ီဆရာတစ္ေယာက္အတြက္ ေသျခင္းက
ဆိုးဝါး ျပင္းထန္ေလာက္ေအာင္ ခံရခက္တဲ့
အရာဟုတ္ဘူးဆိုတဲ့ သူ႔ စကားအတိုင္း ေသျပခဲ့သူ။

ဗင္းဆင္းရဲ႕ ပန္းခ်ီကားေတြဟာ..
အေပၚယံအျမင္နဲ႔ ေရးဆဲြထားတာ မဟုတ္ပါဘူး။
ျမင္ရတဲ့ အရာေတြေပၚ ခံစား သိ႐ွိနားလည္ သလို
ေရးဆဲြထား၏။
စိတ္ကူးယဥ္ေရးဆဲြထားဟန္ ႐ွိေပမဲ့
နားလည္ႏိုင္ေအာင္ ေရးထားသည္။
သဘာဝနဲ႔ကင္းကြာျခင္းမ႐ွိ။
ထိုကဲ့သို႔ ေဝဖန္သူမ်ားက သုံးသပ္ၾက၏၊

ဗင္းဆင့္ဗန္ဂိုးဟာ အႏုပညာကို ခံစားတက္သူတိုင္းရဲ႕
သူငယ္ခ်င္းပါပဲ…။
ဒီေတာ့ ဒီကားမွာ သူ႔ဘဝ သူ႔အႏုပညာ
သူ႔အခက္အခဲ သူ႔အေတြးအေခၚေတြကို
သူငယ္ခ်င္းတစ္ေယာက္ရဲ႕ အေၾကာင္းလို
ကြၽန္ေတာ္တို႔ ခံစားၾကရမွာပါ။

တစ္ခ်ိဳ႕ မေရေရာတဲ့ အခ်က္ေတြကို
ဒြိဟ ျပသြားေပမဲ့..
ေသခ်ာတာကေတာ့ ဗင္းဆင့္ကို
ကြၽန္ေတာ္တို႔ လုံးဝ ခံစားမိေစမွာပါ။

ဒီ ဇာတ္လမ္းရဲ႕ ဇာတ္လိုက္က
ဗင္းဆင့္ ဗန္ဂိုး မဟုတ္ပါဘူး။
ဗင္းဆင့္ ေသၿပီး ကာလတစ္ခုမွာ…
ဗင္းဆင့္ကို နားမလည္တဲ့ ေကာင္ေလးတစ္ေယာက္
သူ႔အေဖ ဆႏၵအရ..ဗင္းဆင့္ က်န္ခဲ့တဲ့စာကို
ပို္႔ရာက ဗင္းဆင့္ကို စာနာသြားတာကို
ဇာတ္အိမ္တည္ထားတာပါ။
ဒီဇာတ္ကားမွာ
ဗင္းဆင္းရဲ႕ ပန္းခ်ီဟန္ေတြ အျပင္
ဗင္းဆင့္ရဲ႕ တကယ့္ ပန္းခ်ီကားေတြ အမ်ားႀကီး
ထည့္္သုံးထားပါတယ္..

ၾကယ္ေတြစုံတဲ့ည..
ဂ်ဳံခင္းထဲက က်ီးကန္းမ်ား..
ပန္းအိုးထဲက ေနၾကာ၁၂ပြင့္
ညလုံးေပါက္ကေဖး
တဲေရ႕စ္ကေဖးရဲ႕ ည႐ႈခင္း အစ႐ွိတဲ့
နာမည္ေက်ာ္ ပန္းခ်ီေတြ ပါပါတယ္..။

 

ထူးျခားတာကေတာ့
ဒီကားကို အစအဆုံး ဆီေဆးပန္းခ်ီကားေပါင္း
၆၅၀၀၀ကို Animationအေနနဲ႔လုပ္ထားၿပီး
အဲ့ဒီပန္းခ်ီကားေတြကို ကမၻာအႏွံ႔ကအႏုပညာ႐ွင္
တစ္ရာေက်ာ္က ေရးဆဲြေပးခဲ့ပါတယ္။
ဒီကားရဲ႕ အဓိက ဇာတ္ေကာင္ အာမန္ေရာ္လင္
အပါအဝင္ ေဒါက္တာ ဂါးခ်က္..
ပီရီ တန္ဂ်ိဳင္း ဇာတ္ေကာင္ေတြဟာလည္း
ဗင္းဆင့္ ဆဲြခဲ့တဲ့ ပုံတူေတြကို သုံးထားတာပါ..။

ဗင္းဆင့္ ဘာေၾကာင့္ ေသဆုံးသြားရခဲ့သလဲ..
အေျဖ႐ွာေနတဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ အတူ
ဗင္းဆင့္ ဘဝကို ႐ွာပုံေတာ္ ဖြင့္ရမွာပါ..

Live Longer..
You’ll see..
Life can even bring down the strong..

ဘဝမွာ အေနၾကာလာရင္
ဘဝဟာ အခိုင္အမာဆုံး စိတ္ဓာတ္ေတြကိုေတာင္
ၿပိဳလဲေစႏိုင္ပါတယ္…

ဗင္းဆင့္ရဲ႕ ရင္နင့္စရာ ၿပိဳလဲမႈ
အႀကီးက်ယ္ဆုံး အႏုပညာ႐ွင္တစ္ေယာက္ရဲ႕ ၿပိဳလဲမႈကို
ေျခရာေကာက္ ၾကည့္ခ်င္ရင္
ဒီကားထက္ ပိုေျပာျပႏိုင္မဲ့ကား ႐ွိမယ္ မထင္ပါဘူး။

(အညႊန္းနဲ႔ဘာသာျပန္သူကေတာ့ WiRa Aung ျဖစ္ပါတယ္)

 

File size__( 810 MB) and ( 300 MB)
Quality__BR-Rip 720p
IMDb Rating__7.8/10
Format__mp4
Duration__01:34:43
Type__Animation , Biography , Crime
Subtitle__Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Original title
Loving Vincent
Director
Dorota Kobiela, Hugh Welchman, Michal Czerwonka, Rebecca Sheridan, Terry Bamber, Weronika Alwin
Stars
Aidan Turner, Chris O'Dowd, Douglas Booth, Eleanor Tomlinson, Helen McCrory, Holly Earl, Jerome Flynn, John Sessions, Robert Gulaczyk, Saoirse Ronan
Release Date
22 Sep 2017
Rated
PG-13
Runtime
94 min
Awards
Nominated for 1 Oscar. Another 17 wins & 48 nominations.
Country
Poland, UK, USA
Budget
USD $5 500 000,00
Revenue
USD $6 735 118,00
Popularity
11.506
Status
Released
ID IMDb.com
tt3262342
IMDB Rating
7.8
IMDB votes
37,229
ID Themoviedb.org
339877
TMDb Rating
8.3
TMDb votes
1062