Channel Myanmar

WEB-DL 720p Mamma Mia! Here We Go Again (2018)
Report error

Mamma Mia! Here We Go Again (2018)

Mamma Mia! Here We Go Again    

PG-13 114 min ComedyMusicalRomance

7.2
IMDB: 7.2/10 31,018 votes

, , , , , , , , ,

N/A

UK, USA

42172

Report error

Mandalay 999
mmbusticket

ဒီတစ်ခါတော့ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ ရုံတင်ပြသထားတဲ့ “Mamma Mia! Here we go again” ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်…

ဒီဇာတ်လမ်းကတော့ 2008 တုန်းက ထွက်ခဲ့တဲ့ “Mamma Mia”ဇာတ်လမ်းပြီးနောက် ဒုတိယမြောက်ထွက်ရှိထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်…

2008 ဇာတ်လမ်းကို ကြည့်ရှုပြီးသူများကတော့ ဒီဇာတ်လမ်းနဲ့ စိမ်းမယ်မထင်ပါဘူး….

အရင်ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေအပြင် ဇာတ်လိုက်မင်းသမီးရဲ့ ငယ်ဘဝနေရာ သရုပ်ဆောင်သူကလဲ CM ပရိတ်သတ်တွေနဲ့ မစိမ်းပါဘူး.. သူလေးကတော့ Cindrella ဇာတ်လမ်းထဲက မင်းသမီး “Lily James” ပဲဖြစ်ပါတယ်…

ဇာတ်လမ်းက musical/comedy movie ဖြစ်တာကြောင့် တစ်ကားလုံး သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နားထောင်ရမှာပါ…

ဒါကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ… အညွှန်းဖတ်ရှုကြပါဦး…

အညွှန်း- ရှေ့ဇာတ်လမ်း Mamma Mia အကြောင်းအရင်ပြောမှ ဇာတ်ရည်လည်မှာမို့ အကျဉ်းချုံးလေး ပြောပါရစေ… ဆိုဖီဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူ ဟိုတယ်ပိုင်ရှင် ဒိုနာနဲ့အတူ Kalokairi ဆိုတဲ့ ဂရိကျွန်းတစ်ကျွန်းမှာ နေထိုင်သူပါ…

သူ့ရဲ့ ချစ်သူ စကိုင်းနဲ့ လက်ထပ်မဲ့ အချိန်မှာတော့ သူ့မှာ အခက်အခဲတစ်ခုရှိခဲ့ပါတယ်…

ဒါကတော့ သူ့မင်္ဂလာပွဲမှာ သူ့လက်ကို ကိုင်ပေးမဲ့ ဖခင်မရှိတာပါ…

တစ်နေ့ မိခင်ဒိုနာရဲ့ ဒိုင်ယာရီစာအုပ်ကို ဆိုဖီတစ်ယောက် ခိုးဖတ်ခဲ့ပါတယ်…

ဒီစာအုပ်ထဲမှာ ဒိုနာဟာ ချစ်သူ ကောင်လေး သုံးယောက်နဲ့ သူ့ရဲ့ ချစ်ဇာတ်လမ်းအကြောင်း ရေးထားတာပါ…

ဆိုဖီဟာ ဒီအကြောင်းတွေဖတ်ပြီး သူ့ရဲ့ ဖခင်ဖြစ်နိုင်တဲ့သူ သုံးယောက်ရှိတာ သိလိုက်ပါတယ်…

ဆိုဖီဟာ သူ့မင်္ဂလာပွဲကို ဖခင်ဖြစ်နိုင်ချေရှိတဲ့ လူသုံးယောက်လုံးကို ဒိုနာမသိအောင် မင်္ဂလာဖိတ်စာပို့ပါတော့တယ်…

ဒီသုံးယောက်ကတော့ အောင်မြင်တဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်နေတဲ့ ဆမ်ဘဏ်ပိုင်ရှင်တယောက်ဖြစ်နေတဲ့ ဟယ်ရီ ခရီးသွားစာရေးဆရာတယောက်ဖြစ်နေတဲ့ ဘေလ်တို့ပါ…

ဒီသုံးယောက်ကို ဒိုနာမြင်တဲ့အချိန်မှာတော့ ပြဿနာတက်ခဲ့ပါတယ်… နောက်ဆုံးမှာတော့ ဒိုနာဟာ သူ့အကြွေရဆုံးသူ ဆမ်နဲ့ ပြန်အဆင်ပြေခဲ့ပါတယ်… ဒါကတော့ ရှေ့ဇာတ်လမ်း အကျဉ်းပေါ့…

ဒုတိယပိုင်းမှာတော့ ဒိုနာဆုံးသွားပါပြီ.. ဒိုနာရဲ့ ဆန္ဒကတော့ ဂရိကျွန်းက သူ့ဟိုတယ်ကို အလှဆုံးဟိုတယ်လေးဖြစ်စေချင်တာပါ…

ဆိုဖီဟာ မိခင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားခဲ့ပါတယ်…

အရင်ဇာတ်လမ်းရဲ့ ဒိုင်ယာရီထဲဖတ်ခဲ့ရတဲ့ ဒိုနာရဲ့ ငယ်ချစ်ဇာတ်လမ်းအကြောင်းကို ဒီဇာတ်လမ်းထဲမှာ ရိုက်ကူးထားပါတယ်…

ဒိုနာဟာ သူငယ်ချင်းတွေဖြစ်တဲ့ ရိုဆီ တန်ညာနဲ့ အတူ အောက်စဖို့တက္ကသိုလ်မှာ ဘွဲ့ရခဲ့ပါတယ်.. ဒိုနာဟာကျောင်းပြီးတော့ သူ့ရဲ့ အိပ်မက်အတိုင်း ကမ္ဘာပတ်ပြီး သူ့စိတ်ကူးထဲက နေရာလေးကို ရှာဖွေပါတော့တယ်.. ဒီကမ္ဘာပတ်ခရီးစဉ်အတွင်းမှာပဲ သူနဲ့ ချစ်ကြိုးသွယ်မဲ့ ဆမ် ဘေလ် ဟယ်ရီ တို့နဲ့ တွေ့ဆုံခဲ့တာပါ….

ဒိုနာရဲ့အချစ်ဆုံးသူကတော့ ဆမ်ပါ…ဒါပေမဲ့ ဆမ်က စေ့စပ်ပြီးသားသူတစ်ယောက်ပါ… ဒီလိုနဲ့ ဒိုနာဟာ သုံးယောက်လုံးနဲ့ မတွေ့ဖြစ်တော့ပါဘူး… ဒိုနာဟာ သုံးယောက်ထဲက ဘယ်သူနဲ့ ရမှန်းမသိတဲ့ ကိုယ်ဝန်ကို လွယ်ခဲ့ရပါတယ်… ဒိုနာဟာကိုယ်ဝန်ဆောင်ချိန်အတွင်း သမီးလေး ဆိုဖီကို မိခင်စိတ်အပြည့်နဲ့ တစ်ယောက်တည်း မွေးဖွားခဲ့ပါတယ်…

ဆိုဖီဟာ စကိုင်းနဲ့ ကိုယ်ဝန်ရတဲ့အချိန်မှာတော့ မိခင်ရဲ့ မေတ္တာတွေကို နားလည်သွားပါတယ်…. မိခင်မရှိဘဲ ဆိုဖီတစ်ယောက် ဟိုတယ်ကို ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်မလဲ…. ဒိုနာငယ်စဉ်က ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို ဘယ်လိုအကောင်းဆုံးဖြတ်သန်းခဲ့လဲ စတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်…

ဂရိကျွန်းမှာ ရိုက်ကူးထားတာကြောင့် သာယာတဲ့ရှုခင်းတွေကို အပြည့်အဝခံစားရမှာပါ…

သီချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရတဲ့ ဇာတ်လမ်းဆိုပေမဲ့ ပေါ့ပျက်ပျက်ဇာတ်လမ်းတစ်ပုဒ်တော့မဟုတ်ပါဘူး…

CM ပရိတ်သတ်တို့ အားပေးကြည့်ရှုကြပါဦး

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသူစိုးပါ)

 

File Size : (899 MB) and (400 MB)
Quality : WEB-DL 720p
Running Time : 1hr 30min
Format : Mp4
Genre : Comedy , Musical , Romance
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEB-DL.XviD.AC3-FGT
Translated by May Thu Soe
Encoded by Thanhtike Zaw

Mamma Mia! Here We Go Again (2018)
Mamma Mia! Here We Go Again (2018)
Mamma Mia! Here We Go Again (2018)
Mamma Mia! Here We Go Again (2018)
Mamma Mia! Here We Go Again (2018)
Mamma Mia! Here We Go Again (2018)
Mamma Mia! Here We Go Again (2018)
Mamma Mia! Here We Go Again (2018)
Mandalay 999


No downloads available

Genres

Related movies