Channel Myanmar



N/A 115 min AdventureAnimationDrama

7.4
IMDB: 7.4/10 717 votes

, , , , , , , , ,

N/A

Japan

678469

Report error

 

ဖြစ်တည်မှုတို့ အားလုံးပေါင်းဆုံရာ မိခင်ဓာတ် ထိုမိခင်ဓာတ်ကြောင့်ပဲ

ကျွန်တော် တို့ ချစ်ကြတယ် rs တွေချိတ်ကြတယ်

အပြန်လှန်ဆိုသလိုပဲ ချစ်သူနဲ့ ကွေကွင်းကြရတယ်

FA ဘဝပြန် ဖြစ်ကြရတယ်

အဆိုပါမိခင်ဓာတ်လေးဟာ ညစ်ထေးမှုတွေ လုံးဝမပါဝင်တဲ့

အဖြူထည် သက်သက်လေးပေါ့

မာကီယာတို့ မျိုးနွယ်က ရှေးဟောင်း ဒဏ္ဍာရီ မျိုးနွယ်စုတစ်မျိုးပဲ

အသက်တွေ အရှည်ကြီး နေနိုင်ကြတဲ့ လူမျိုးစုပေါ့

သူတို့ ပင်တိုင်လုပ်တဲ့အလုပ်တစ်ခုပဲရှိတယ်

အဝတ်အထည်တွေ ရက်လုပ်ကြတာပဲ အဲ့အထည်လေးတွေကို

ဟီဘီရော် လို့ သူတို့ သမုတ်ကြတယ်

မာကီယာလဲ သူတို့ ထဲက တစ်ယောက်ပေါ့

ဒါပေမယ့် သူတို့ လို ရှေးဟောင်းမျိုးနွယ်စု တစ်စုရှိသေးတယ်

ရီနာတို လို့ ခေါ်တဲ့ နဂါးလိုကျောက်ဖြစ် ကောင်ကြီးတွေ

ရီနာတိုတွေကို အုပ်စိုးနိုင် သွားတဲ့ မဲဇာ့ဆို တဲ့

လူသားတိုင်းပြည်တစ် ခုက လောဘက်တက်ပြီး

နောက်ထပ် ဒဏ္ဍာရီ လာမျိုးစုတစ်ခု ကိုမောင်ပိုင်စီးဖို့ ထပ်ကြံပါတော့တယ်

နဂါးလိုကောင်ကြီး တွေနဲ့ မာကီယာတို့ နေထိုင်ရာ

လောဖ့် တိုင်းပြည်လေးကို ဝင်တိုက်ကြတော့တာပေါ့

ရက်ကန်းရက်တဲ့ လက်တွေ ဓားကိုင်တဲ့ လက်ကို

ယှဉ်ခွင့်မသာခဲ့ရှာပါဘူး လောဖ့် မျိုးနွယ်စုကို

ခွဲခွာခြင်းအဖွဲ့လို့လူတွေ ကင်ပွန်းတတ်ကြတယ်

အခုလဲ မာကီယာ တစ်ယောက် ရုန်းရင်းဆန်ခက်ဖြစ်နေတဲ့ မြို့ ကြီးထဲမှာ

ရီနာတိုတစ်ကောင်နဲ့ ပါသွားပြီး တောထဲ မျက်စိသူငယ်နဲ့

ရောက်နေရှာ တယ် သူသိတဲ့ ခွဲခွာခြင်းအဖွဲ့လောဖ့်တိုင်း ပြည် ဟီဘီရော်

အထည်လေးတွေ သူ့နောက် မှာပြတ်ကျန်ရစ်ခဲ့ပြီ အသက်တွေ

မတန်တဆ ရှည်ကြာနေနိုင်တဲ့ မာကီယာ လို

လောဖ့်မလေးတစ်ယောက်အတွက်

ကံတရား ကကျီစယ်ချင်လို့ လားမသိ

လက်ဆောင်တစ် ခုပို့ ပေးလိုက်ပါတယ်

တောထဲက အိမ်ခြေမဲ့ တွေ နေတဲ့ တဲလေးမှာ

မိဘတွေ အသတ်ခံထားရပြီး အားကိုးရာမဲ့ နေတဲ့

လူမမယ်ကလေးတစ်ယောက်ကို သူတွေ့ ခဲ့တယ်

သူ့ရင်အသဲနှစ်မွှာကြားမှာ နှစ်အတန်ကြာ မြုပ်ကွယ်နေတဲ့ မိခင်ဓာတ် နိုးထလာခဲ့ပြီ

ဘဝမတူတဲ့ လူမျိုးစုနှစ်စု လူသားကလေးနဲ့

နတ်လိုအသက် အကြာကြီးနေနိုင်တဲ့ လှပကြော့ရှင်းတဲ့

မိန်းကလေးတစ်ယောက်ကြားမှာ သူတို့ မသိလိုက်ခင်လေးမှာ ပဲ

အဲ့မိခင်ဓာတ် လေးကခိုင်မာပြီးအားကောင်းလွန်းတဲ့

ကြိုး တစ်စုံနဲ့ရစ်ပတ်ခြည်နှောင်ထားလိုက်ပြီ

ကဲကဲ ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့စွန်း ကောင်းပါတယ်

ကျွန်တော်ပြောပြတာတွေက ဇာတ်လမ်းအစပိုင်းပဲရှိပါသေးတယ်

Anime တို့ ထုံးစံအတိုင်း မဟာတရားတွေ ကြမ်းပြီး deep ဖြစ်တဲ့

plot ကို တွေ့ရဦးမှာပါ ဇာတ်လမ်းကနှစ်နာရီနီးပါးကြာမြင့်ပြီး

ဇာတ် အိမ်တည်ထားတာလဲတော်တော် ခိုင်မာလွန်းပါတယ်

အပြစ်ပြောစရာတစ်ပေါက်တောင်မရှိအောင်

ကောင်းလွန်းတယ် Anime လေးတွေကလဲ

ဆွဲထားတာ ချစ်စရာလေးတွေပြီးတော့

နောက်ထပ် ညွှန်းလိုတာက theme song ပါ

ပြလိုက်တဲ့ scene နဲ့ theme song နဲ့က

အံဝင်ခွင်ကျဖြစ်လွန်းလို့ တကယ့် climax ရောက်တော့မယ့်

scene တွေမှာဆို မျက်ရည်ပါဘုသီး လုံးလောက်ကျမိပါတယ်

Anime မို့လို့ လျှော့တော့မတွက်စေချင် အာ့ကြောင့်လဲ

Rotten Tomatoes မှာ 100% ရပေတာကိုး

ကဲဗျာ Anime ချစ်သူတွေအတွက် တွေအတွက်

Hein Thet Naing က ဘာသာပြန် တင်ဆက်ပြီး

အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်

Ratings IMDb- 7.5 Rotten Tomatoes- 100%



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Maquia: When the Promised Flower Blooms (2018)
Maquia: When the Promised Flower Blooms (2018)
Maquia: When the Promised Flower Blooms (2018)


No downloads available

Genres



Related movies