Exit print mode Print Data A+ A- Undo all

Mara 2018

Whatever You Do, Do Not Sleep.
Mara 2018Mara 2018

Synopsis:

Mara (2018)

CM Fan တွေ အတွက် ကြောက်စရာ ည ကို ယူလာပါရစေ

သင့်မှာ ညအိပ်မပျော်တဲ့ သူငယ်ချင်းတွေ ရှိခဲ့ရင် ဒီအောက်မှာ

အရင်ဆုံး Mention ခေါ်ပေးပါ ဒီ ရုပ်ရှင်ကားက သူတို့ အတွက်ပါပဲ

ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ အိပ်နေတုန်းဘီလူး စီးတယ် ဘာညာ ဆိုပြီး

ယုံတမ်းပုံပြင်တစ်ခု ရှိတယ်မဟုတ်လား

လူက အိပ်တဝက်နိုးတဝက် ဖြစ်နေတယ်

မကောင်းတာ တစ်ခုခုက ဖြစ်လာတော့မယ်

ဒါပေမယ့် လူက လှုပ်မရဘူး အော်မရဘူး

ထွက်ပြေးမရဘူး ရုန်းမရဘူး ဒီလိုနဲ့

လွတ်မြောက်ခြင်းက အိပ်ရာက နိုးထခြင်းပါပဲ

အကယ်၍ သင်အိပ်ရာက မနိုးခဲ့ရင်ရော ?

ဒီဇတ်လမ်းမှာတော့ လူတစ်ချို့ ဟာ

စိတ်ဝေဒနာ တစ်ခုကို ခံစားနေရပါတယ်

ပထမ အဆင့်မှာ သင့်အိပ်မက်ထဲမှာ

လှုပ်လို့မရဘူး ပြေးလို့မရဘူး ခန္ဓာကိုယ်က

ရွေ့လျားမရဘူးလို့ အိပ်မက် မက်ပါလိမ့်မယ်

ဒုတိယ အဆင့်မှာ သင့် အိပ်ရာပေါ်မှာ

သင်နိုးလာပါလိမ့်မယ် ဒါပေမယ့် လှုပ်မရပါဘူး

တစ်ယောက်ယောက်က တက်ခွထားသလို

ဖြစ်နေပါလိမ့်မယ်…

 

XP Phone Charger များကို  —-> ဒီနေရာ မှာ စျေးသက်သာစွာဝယ်နိုင်ပါပြီ။

အဲ့ဒီမှာ သင်ပထမဆုံး ကြိုးစားမှာက

ဘေးဘီ ဝဲယာကို ကြည့်ပါမယ်

အဲ့ဒီမှာပဲ တံခါးကြားကနေ ဖြစ်ဖြစ်

စားပွဲခုံအောက်ကနေ ဖြစ်ဖြစ် သင့်ကို

ချောင်းနေတဲ့ မိန်းမ တစ်ယောက်ကိုစတွေ့ပါမယ်

တတိယ အဆင့်ရောက်ခဲ့ပြီဆိုရင် သင့်အနားကို

သူတစ်ဖြေးဖြေးကပ်လာပါပြီ…

နောက်ဆုံးအဆင့်မှာ သင် လုပ်ရမှာက

လုံးဝ မအိပ်ပါနဲ့တော့ အကယ်၍ များ သင်

အိပ်ပျော်သွားခဲ့ပြီဆိုရင်တော့…

အဲ့ဒီည သင် အသက်ပျောက်တဲ့ ညပါပဲ….

ဒီရုပ်ရှင်ကားကို ကျနော့် အနေနဲ့ နာမည်ပေးရရင်တော့

မအိပ်လိုက်နဲ့ ဆိုတာပါပဲ အိပ်တာနဲ့ မတွေးဝံ့စရာပါပဲ

ကဲ သင်အိပ်ချင်နေပြီလား တစ်ရေးနိုးရင်လဲ ဘေးဘီ

တစ်ချက် လေ့လာကြည့်အုံးနော် ဆံပင်ဖားလျား နဲ့

မိန်းမ တစ်ယောက် သင့်ကို ချောင်းနေပါလိမ့်မယ် 😀

ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thu ဖြစ်ပြီး

Thit San Khant မှ တင်ဆက်ပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Mara
Director
Clive Tonge
Stars
Craig Conway, Dandy Barrett, Javier Botet, Kathy McGraw, Lance E. Nichols, Mackenzie Imsand, Melissa Bolona, Mitch Eakins, Olga Kurylenko, Rosie Fellner
Release Date
N/A
Rated
N/A
Runtime
N/A
Awards
N/A
Country
UK
Popularity
12.111
Status
Post Production
ID IMDb.com
tt1773753
IMDB Rating
N/A
IMDB votes
N/A
ID Themoviedb.org
514277
TMDb Rating
4.8
TMDb votes
17