Channel Myanmar

Marathon (2005)

Maraton    

1h 57min BiographyDramaSport

7.7
IMDB: 7.7/10 2,173 votes

(South Korea)

140250

Report error

[Unicode]

မွေးရာပါ ဉာဏ်ရည်ချို့ယွင်းအားနည်းသူ ဖြစ်ပေမယ့် အဲ့လိူများစွာထဲကမှ နာမည်ကျော် အောင်မြင်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း…

ဇာတ်လမ်းလေးကတော့ ယွန်းချိုဝမ်ဆိုတဲ့ ကောင်လေးဟာ အမေမွေးကတည်းက ဉာဏ်ရည်မမှီတဲကံကြမ္မာဆိုးနဲ့ မွေးဖွားလာခဲ့ရပါတယ်

အမေဖြစ်သူက သစ်ပင်ကို သစ်ပင်ပါ ၊ ရေကို ဒါက ရေပါဆိုတာကအစ တစ်ခုချင်းပြောသင်ကြားပေးပေမယ့် ချိုဝမ့်ဘက်က ဘာတုံ့ပြန်မှုမှမရှိ မှတ်နိုင်စွမ်းမရှိခဲ့ပါဘူး

အဲ့လိုကောင်လေးကို အမေဖြစ်သူက ငယ်ငယ်လေးကနေစ လူပျိုပေါက်ရောက်တဲ့အထိ မျက်စိအောက်က အပျောက်မခံဘဲ ဒုတိယသား အငယ်ကောင်နဲ့ ခင်ပွန်းကိုပါ ဂရုမစိုက်နိုင်သည်အထိ ပြုစုပျိုးထောင်ခဲ့ပါတယ်…

တနေ့ ချိုဝမ်ဟာ ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲကို ဝင်ပြိုင်တော့ တတိယဆုရခဲ့ပြီး ပျော်ရွှင်နေခဲ့လေရဲ့…

ချို့တဲ့နေတဲ့ သားဖြစ်သူက ဆုရခဲ့တဲ့အပြင် ပြေးနေရတိုင်း ပျော်ရွှင်နေတတ်တဲ့ သားရဲ့အမူအယာကို အမေဖြစ်သူက သတိထားမိတဲ့အခါ ချို့ဝမ့်ကို မာရသွန်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နည်းပြဆရာကိုပါ ငှါးပြီး စနစ်တကျလေ့ကျင့်စေခဲ့ပါတယ်

မှတ်ဉာဏ်ချို့ယွင်းအားနည်းတဲ့ ကလေးတစ်ယောက်အတွက် မာရသွန်ကမသင့်တော်ဘူး မဖြစ်သင့်ဘူးစတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြား နည်းပြဆရာကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ချိုဝမ်ဟာ ကိုရီးယားနိုင်ငံကိုယ်စားပြု မာရသွန်ပြိုင်ပွဲ စံချိန်ကို တင်နိုင်ခဲ့တဲ့ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဉာဏ်ရည်မမှီပေမယ့် အပြေးစံချိန်သစ်ကိုတင်နိုင်ခဲ့ပြီး နာမည်ကျော် ကစားသမားဖြစ်ခဲ့တဲ့ ရှားပါးအဖိုးတန်ရတနာ ချိုဝမ်ရဲ့ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်လေးလည်းဖြစ်ပြီး မိဘမေတ္တာကိုပါ ခံစားကြည့်ရှုရမယ့် ကားလေးဖြစ်မှာပါ။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Deer ဖြစ်ပါတယ် )

 

[Zawgyi]

မွေးရာပါ ဥာဏ်ရည်ချို့ယွင်းအားနည်းသူ ဖြစ်ပေမယ့် အဲ့လိုများစွာထဲကမှ နာမည်ကျော် အောင်မြင်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း…

ဇာတ်လမ်းလေးကတော့ ယွန်းချိုဝမ်ဆိုတဲ့ ကောင်လေးဟာ အမေမွေးကတည်းက ဥာဏ်ရည်မမှီတဲကံကြမ္မာဆိုးနဲ့ မွေးဖွားလာခဲ့ရပါတယ်





မှတ်ဥာဏ်ချို့ယွင်းအားနည်းတဲ့ ကလေးတစ်ယောက်အတွက် မာရသွန်ကမသင့်တော်ဘူး မဖြစ်သင့်ဘူးစတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြား နည်းပြဆရာကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ချိုဝမ်ဟာ ကိုရီးယားနိုင်ငံကိုယ်စားပြု မာရသွန်ပြိုင်ပွဲ စံချိန်ကို တင်နိုင်ခဲ့တဲ့ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဥာဏ်ရည်မမှီပေမယ့် အပြေးစံချိန်သစ်ကိုတင်နိုင်ခဲ့ပြီး နာမည်ကျော် ကစားသမားဖြစ်ခဲ့တဲ့ ရှားပါးအဖိုးတန်ရတနာ ချိုဝမ်ရဲ့ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်လေးလည်းဖြစ်ပြီး မိဘမေတ္တာကိုပါ ခံစားကြည့်ရှုရမယ့် ကားလေးဖြစ်မှာပါ။



Quality__720p
IMDb Rating__7.7/10
Format__mp4
Duration__01:50:00
Type__Biography , Dram , Sport
Subtitle__Myanmar Subtitle (Hardsub)
Translated by Deer
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Marathon (2005)


No downloads available

Genres



Related movies