Exit print mode Print Data A+ A- Undo all

Marmaduke (2010)

Live Large
Marmaduke (2010)Marmaduke (2010)

Synopsis:

Marmaduke (2010)
==================

ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။

ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိ

အမျိုးစုံ ဆိုဒ်စုံတွေကို ‌တယုတယမွေးပြီး

သားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။

 

တခါတလေကျ သူတို့စိတ်ထဲ

ငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာ

သိချင်စိတ်လေးဖြစ်မိကြမှာပါ။

 

 

ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးက

အဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီး

Computer Animation နဲ့ သူတို့အတွေးတွေ

စကားပြောတာတွေကို ရိုက်ကူးပြထားတဲ့

ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

 

ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊

အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့

မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။

 

ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါ

အနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။

 

ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့

သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။

သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။

မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့်

သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။

 

တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့

ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့

မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။

ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင်

မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။

ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျ‌နေတဲ့

ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့

ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာ

မာမဒုခ်နဲ့‌ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာ

အဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကို

ဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက်

ခွေးချစ်သူတွေသာမက မိသားစုနဲ့ ‌အေးဆေးအနားယူချင်သူတွေ

Drama ကြိုက်သူတွေပါ သဘောကျမယ့်

ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။

 

File size…   2 GB /    1 GB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 27m
Genre …..  Family, Comedy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Jaka



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $50 000 000,00
Revenue
USD $83 761 844,00
Popularity
31.091
Status
Released
ID IMDb.com
tt1392197
ID Themoviedb.org
38579
TMDb Rating
5.279
TMDb votes
705