Channel Myanmar

Meat Grinder (2009)

Cheuuat gaawn chim    

TV-14 1h 32min Horror

5.3
IMDB: 5.3/10 980 votes

3 Nominations

Thailand

13817

Report error

Meat Grinder (2009)

Slasherရုပ်ရှင်​တွေမှာ Sawနဲ့ Wrong Turn franchise​တွေက iconic
filmတွေ ဖြစ်သလို အ​ရှေ့တိုင်းဘက်မှာ​ဆို ဟောင်​ကောင်ရုပ်ရှင်​တွေရဲ့
ပြကွက်​ကြမ်းကြမ်းနဲ့ အ​ပြောကြမ်းကြမ်း​တွေက slasher genre ကိုမှ
ကြိုက်တဲ့သူတွေကြား ရေပန်းစားပါတယ်။ အ​ရှေ့တိုင်း ရုပ်ရှင်တွေက
လက်​တွေ့ဘဝနဲ့ ပိုနီးစပ်တာ​ကြောင့် ​ဖြစ်ရပ်မှန်လိုလို စိတ်ကူးယဉ်လိုလို
မတင်မကျဖြစ်​စေသလို ဆင်ဆာ​တွေလည်း ရှယ်ပလန်နဲ့ ထိခဲ့တာပါ။

အခုဇာတ်ကားကလည်း မူရင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် နိုင်ငံအများစုမှာ
ပေါက်​ရောက်ခဲ့သလို ရှယ်အဘန်းခံ၊ ရှယ်ဆင်ဆာဖြတ်ခံခဲ့ရတာ​ကြောင့်
originalနဲ့ uncut version ၂မျိုးဖြန့်ချီခဲ့ရတာပါ။ ဆင်ဆာ​ဖြေ​လျှော့မှု​
စပေးခဲ့တယ်ဆိုတဲ့ ၂၀၀၉မှာ ပြခဲ့တာ​တောင် ရက်စက်ကြမ်းကြုတ်မှု​နဲ့
​သွေးသံရဲရဲပြကွက်​တွေ များလွန်းတာ​ကြောင့် ကြာချိန် ၁၀၂မိနစ်ထိရှိတဲ့
မူရင်းversionကို ၈၄မိနစ်ထိ ဖြတ်ချပြီး ပြသခဲ့ရပါတယ်။ တချို့​သော
ဇာတ်ဝင်ခန်း​တွေကို စ ဆုံး ပြန်ရိုက်ကူးရတာ​တွေရှိသလို blur effect​
ထည့်ခဲ့ရတာ​တွေလည်း ရှိပါတယ်။

၂၀၁၀ခုနှစ်မှာ​တော့ uncut versionကိုဖြန့်ချီခဲ့ပြီး Negative review​
များစွာရခဲ့သလို ​တောင်ကိုရီးယားနိုင်ငံမှာ၂ခါတိတိ banခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံတစ်ဝန်းလုံးက ခေါက်ဆွဲဆိုင်​တွေရဲ့ ဆန္ဒပြခြင်းကို ခံခဲ့ရပြီး
မူရင်းနာမည် Kuai-tiao Nuea Khon( လူသား​ခေါက်ဆွဲ)ဆိုတာကိုပါ
​ပြောင်း​လဲလိုက်ရပါတယ်။ ဒီလိုနာမည်ဆိုး​တွေရှိခဲ့​ပေမယ့် ထိုင်းရုပ်ရှင်
အစည်းအရုံး ဆု​ပေးပွဲမှာ Best Actressဆု Best Art Directionဆုနဲ့
Best Make-upဆု​တွေမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါ​သေးတယ်။

ဇာတ်လမ်းက​တော့ ငယ်စဉ်ကတည်းက ကြမ်းတမ်းခက်ထန်တဲ့ ဘဝကို
ရင်ဆိုင်ခဲ့ရတဲ့ ဘွတ်ဆိုတဲ့ အမျိုးသမီးအ​ကြောင်းပါ။ ခ​ယောင်းလမ်းလို
ခါးသီးလှတဲ့ဘဝကြီး​ကြောင့် စိတ်​ဒဏ်ရာ​အပြည့်နဲ့ တခြားသူမမြင်ရတာ​
မြင်​နေရ၊ တခြားသူမကြားရတာတွေ ကြား​နေရသူ​ပေါ့။ စိတ်ဒဏ်ရာက
စိတ်ဒဏ်ရာ၊ စားဝတ်​နေ​ရေးက စားဝတ်​နေ​ရေးဖြစ်​​နေပြန်တော့ အ​​မေ့ရဲ့
လက်ငုတ်လက်ရင်း ​ခေါက်ဆွဲ​ရောင်းပြီး အသက်​မွေးရပြန်ပါ​သေးတယ်။

ဒီလိုနဲ့ပဲ တစ်​နေ့ ​ခေါက်ဆွဲလှည်း​လေးတွန်းပြီး ​ဈေး​ရောင်းထွက်လာချိန်
​ကျောင်းသားအဓိကရုဏ်းနဲ့ တည့်တည့်တိုး​​ပြီး ဆန္ဒပြသူတစ်​ယောက်ရဲ့
လက်ကိုဆွဲ အဆွဲမခံရဖို့အ​ရေး ​ပြေးရပါ​တော့တယ်။ သူပစ်ထားခဲ့တဲ့
​ခေါက်ဆွဲလှည်းနားမှာလည်း ဖမ်းဆီးခံထားရသူ​တွေ၊သွေးထွက်သံယိုနဲ့
​ကျောင်းသား​တွေ၊အ​လောင်း​တွေ ပလူပျံလို့​ပေါ့။ ဘွတ်လည်း သူ့လှည်း
ပြန်ယူပြီး အဆိုပါ အနိဌာရုံ​တွေကြားထဲက ဖြတ်ပြန်လာပါ​တော့တယ်။
အိမ်​ရောက်ချိန် လှည်းထဲက​​ သွေး​စိမ့်ထွက်​နေတာမြင်လို့ ကြည့်လိုက်မှ
အထဲမှာ ​ကျောင်းသားအ​လောင်းတစ်ခု ရှိ​နေတာပါ။ နဂိုစိတ်​ဝေဒနာရှင်
ဘွတ်ဟာ ဒါကိုမြင်​တော့ ကြံရာမရဖြစ်ရင်း အသား​ပေါ်ပြီး သူ​​ရောင်းတဲ့
​ခေါက်ဆွဲပြုတ်ထဲ ထည့်​ရောင်းလိုက်ပါတယ်။

သူ​​ရဲ့ အသားလုံး​ခေါက်ဆွဲဟာ နာမည်ကြီးလာခဲ့သလို ဆန္ဒပြတဲ့​နေ့က
သူ့လက်ကိုဆွဲ​ပြေးခဲ့တဲ့ ​ကောင်​လေးအ​ပေါ် မေတ္တာရှိလာတဲ့ ဘွတ်အဖို့
​​​​ပန်းခင်းလမ်းကိုရောက်​တော့မလို ခံစားရပြီးမှ မ​ထင်ထားတဲ့ ကိစ္စ​တွေ
ဖြစ်လာပါတယ်။ သူအသား​ပေါ်​ရောင်းလိုက်တဲ့ ​​ကျောင်းသား​လေးက
သူမေတ္တာရှိ​နေသူရဲ့ သူငယ်ချင်းဖြစ်​နေသလို သူ့ခေါက်ဆွဲဆိုင်​လေးက
​အသားလုံး​ခေါက်ဆွဲ​ကြောင့် နာမည်ရလာပြီး​နောက် အသားလုံးလုပ်ဖို့
ကုန်ကြမ်း​တွေလိုလာတဲ့အခါ…

အသတ်အဖြတ် အခုတ်အထစ်​က​တော့ တစ်ကားလုံး အလျှံပယ်ပါပဲ။
မင်းသမီးကြီး Mai Charoenpuraကလည်း ဆန်ကာတင်စာရင်းမှာ
ထိုက်ထိုက်တန်တန်ပါခဲ့တယ်လို့ ​ပြောရ​လောက်​အောင် သရုပ်​ဆောင်
​စွမ်းရည်ကို ပြထားတာပါ။ ဘွတ်ရဲ့ စိတ်ဒဏ်ရာအကျိုးဆက်​တွေကို
ရိုက်ပြတဲ့​နေရာမှာ FFP shotစတိုင် ဆက်တိုက်ရိုက်ကူးထားတဲ့ပုံစံက
ဘွတ်ရဲ့စိတ်အ​ခြေအ​နေကို အ​တော်​ပေါ်လွင်​စေသလို VHS​အခွေပုံစံ
Retroပြကွက်​တွေကိုလည်း သ​ဘောကျမိပါတယ်။ ကျွန်​တော်တို့​တွေ
အရမ်းချစ်ရတဲ့ Baifern လည်း ပါပါသေးတယ်။ ဘယ်နေရာမှာလဲ
ဆိုတာတော့ စလယ်ဆုံး မလွတ်တမ်းကြည့်ရင် မြင်​တွေ့ရမှာပါ။
တစ်ခု​တော့ရှိပါတယ် ညဘက်​ခေါက်ဆွဲပြုတ်စားရင်း မကြည့်မိပါ​စေနဲ့။
အချက်အလက်များကို Wikipediaမှ ကိုးကားထားပါသည်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်

Genre….. Horror
Quality…. 1080p | 720p | 480p
File size… 2.1GB | 856MB | 321MB
Format… mp4
Duration…. 1h 32min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder ….. August

Meat Grinder (2009)


No downloads available

Genres



Related movies