Exit print mode Print Data A+ A- Undo all

Memoirs of a Geisha (2005)

My world is as forbidden as it is fragile; without its mysteries, it cannot survive.
Memoirs of a Geisha (2005)Memoirs of a Geisha (2005)

Synopsis:

Memoirs of a Geisha (2005)_____IMDb – 7.4/10

Won 3 Oscars. Another 29 wins & 47 nominations




ဂေးရှားတွေ အကြောင်းကို အရမ်းစိတ်ဝင်စားခဲ့မိတယ်

အကိုတစ်ယောက်က Memoirs Of a Geisha ကို ကြည့်ပါလို့ လမ်းညွှန်ခဲ့တယ်

ဂျပန်တွေရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ဂေးရှားအလှမယ်ဆိုတာ တွေ့ကရာ မိန်းမတိုင်း

အမည်တပ်ခွင့်မရှိဘူး ထိုက်တန်မှ ရတယ် သေလောက်အောင် လေ့ကျင့်ထား နာကျင်ထားမှ ရနိုင်မယ့် နာမည်တစ်ခု

ဒီရုပ်ရှင်ကို ကြည့်ပြီး ဂေးရှားအလှမယ် ဆိုတာ ပြည့်တန်ဆာ သာသာ မဟုတ်ဘူးဆိုတာ နားလည်သွားတယ်

ပျော်တော်ဆက်မယ် သက်သက်လဲ မဟုတ်ပြန်ဘူး သူတို့မှာ တန်ဖိုးတစ်ခုဆိုတာ ရှိတယ် အဲ့ဒီတန်ဖိုးကိုလဲ

အခကြေးငွေ အမြင့်ဆုံးနဲ့ ပြန်ရောင်းကြတယ် အပျိုစင် ဘဝ ပေါ့…

ကြေး အမြင့်ဆုံးရတဲ့ ဂေးရှား ဟာ ဂုဏ်သိက္ခာ အရှိဆုံး လို့ မှတ်ယူခဲ့ကြတယ်….

ဒီရုပ်ရှင် အစမှာတော့ ချီယို နဲ့ ဆပ်စု ဆိုတဲ့ တံငါရွာက ညီအမ နှစ်ယောက်ဟာ ဂေးရှားအလှမယ်တွေကို

သင်ကြားပျိုးထောင်ပေးနေတဲ့ နေရာတစ်ခုမှာ ရောင်းစားခံလိုက်ရတယ်…

တိတိ ကျကျ ပြောရရင် ချီယို လေး ၉ နှစ်သမီး ဘဝမှာ ဒုက္ခတွေ နဲ့ စတင်ရင်ဆိုင်ရတဲ့ နှစ်ပေါ့…

ချီယို နဲ့ သူ့အစ်မ ဆပ်စု ဟာ တစ်နေရာစီ ခွဲ အရောင်းခံရပြီး ချီယို ကတော့ ပန့်ကင်း ဆိုတဲ့ သူငယ်ချင်း

ကောင်မလေးနဲ့ အတူ အိမ်အလုပ်တွေ ကူလုပ်ပေးရတဲ့ အစေခံ ဖြစ်ခဲ့တယ်..

ချီယို ဟာ သူ့အကြွေးတွေ ကြေအောင် ဆပ်နိုင်မှ လွတ်မြောက်မှာဖြစ်ပြီး သူ့အစ်မ ဆပ်စု ကတော့ ချီယို ကို

ထားခဲ့ပြီး အဝေးကို ထွက်ပြေးသွားခဲ့တယ်…

တစ်နေ့မှာတော့ ချီယိုလေးဟာ လမ်းတစ်နေရာမှာ ခလုပ်တိုက်လို့ ငိုမဲ့မဲ့နဲ့ ထိုင်နေခဲ့တယ်…

အဲ့ဒီ အချိန် အရမ်းကြင်နာတက်တဲ့ ဦး တစ်ယောက်နဲ့ စတွေ့ပြီး ချီယိုလေး ကို ဦး က

လဲကျနေရင်လဲ ပြန်ထဖို့ စိတ်ဓါတ်ခွန်အားတွေ ပေးခဲ့တယ် ဂေးရှား တစ်ယောက်ဖြစ်လာနိုင်ကြောင်း

ပြောပြီး ချီယို လေးကို သူမ စားချင်တဲံ မုန့်တွေလဲ ဝယ်ကျွေးခဲ့တယ် အဲ့ဒီအချိန်က စပြီး

ဦး ကို ပြန်တွေ့နိုင်ဖို့ မျှော်လင့်ချက်နဲ့ ချီယို လေးဟာ ဂေးရှားအလှမယ် တစ်ဦး ဖြစ်အောင်

စတင်ကြိုးစားမယ် ဆိုပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချခဲ့တယ် ကျွန် ဘ၀ ကနေ ကြိုးကြိုးစားစားနဲ့

ဂေးရှားအလှမယ် ဖြစ်အောင် အပင်ပန်းခံ နာကျင်မှုတွေ စိတ်ဒဏ်ရာများစွာကိုသည်းခံခဲ့တယ်…

ဂေးရှားတွေဟာ ချစ်လို့ မရပါဘူး စည်းကမ်းချက်နဲ့ အချစ်ကြား ဘယ်ဟာကိုရွေးမလဲ ဆိုတဲ့ ချီယိုလေး ရဲ့ နှလုံးသား ပြသနာ

သူမ ဘ၀ ရဲ့ ရည်မှန်းချက်တွေ နဲ့ ဂေးရှားအလှမယ်တို့ရဲ့ စည်းကမ်းချက်တွေအကြား ဗျာများရတာတွေကို

မလွတ်တမ်း အသက်မရှုနိုင်အောင် စွဲဆောင်နိုင်တဲ့ ဒီရုပ်ရှင်ကားလေးကို ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး…

ဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Khin Pyae Sone Kyaw ဖြစ်ပြီး

Thit San Khant မှ Review ရေးပေးထားပါတယ်…





























File Size : 1.22 GB
Quality : Blu-Ray 1080P

Running Time : 2h 25min
Format : Mp4
Genre : Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by : Khin Pyae Sone Kyaw
Encoded by : Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Memoirs of a Geisha
Director
Rob Marshall
Stars
Gong Li, Kaori Momoi, Ken Watanabe, Kôji Yakusho, Michelle Yeoh, Navia Nguyen, Suzuka Ohgo, Tsai Chin, Youki Kudoh, Zhang Ziyi
Release Date
6 April 2006
Rated
PG-13
Runtime
2h 25min
Awards
Won 3 Oscars. Another 29 wins & 47 nominations
Country
USA
Budget
USD $85 000 000,00
Revenue
USD $162 242 962,00
Popularity
14.847
Status
Released
ID IMDb.com
tt0397535
IMDB Rating
7.4
IMDB votes
135,514
ID Themoviedb.org
1904
TMDb Rating
7.6
TMDb votes
1687