Exit print mode Print Data A+ A- Undo all

Mickey: The Story of a Mouse (2022)

Mickey: The Story of a Mouse (2022)Mickey: The Story of a Mouse (2022)

Synopsis:

Mickey : The Story of a Mouse(2022)

“အရာအားလုံး ကြွက်တစ်ကောင်ကနေ အစပြုခဲ့တာပါ”
~ Walt Disney ~

အနီရောင်ဘောင်းဘီတို၊ အဝါရောင်ဖိနပ်၊
အဖြူရောင်လက်အိတ်နဲ့ ကြွက်လေး ဆိုတာနဲ့
မစ်ကီမောက်စ်ကို ပြေးမြင်မိကြမှာပါ

တစ်ကမ္ဘာလုံးက ချီးကျူး အသိအမှတ်ပြုရတဲ့ Animation လောကရဲ့ ပြယုဂ်ဖြစ်လာမယ့်
မစ်ကီမောက်စ်ကို 1928 ခုနှစ်မှာ နာမည်ကျော် ဝေါ့တ်ဒစ်စနေ နဲ့ အာ့ဘ်အိုင်ဝါ့ခ်စ်တို့က ဖန်တီးခဲ့ကြပါတယ်

ဝေါ့တ်ဒစ်စနေဟာ အရာအားလုံးဆုံးရှုံးသွားတဲ့အချိန်မှာ မစ်ကီမောက်စ်ကို ရှာတွေ့ခဲ့တာပါ
အဲဒီနောက်မှာတော့ တစ်ဟုန်ထိုး နာမည်ကြီးလာတဲ့ မစ်ကီ၊
အမေရိကန်နိုင်ငံ စီးပွါးရေးပျက်ကပ်ကာလထဲက မစ်ကီ၊
ဒုတိယကမ္ဘာစစ်အတွင်းက မစ်ကီ၊
ဒုတိယ ကမ္ဘာစစ်အလွန် စစ်အေးကာလက မစ်ကီ၊
လူမျိုးရေးခွဲခြားမှုတွေ ကြားထဲက မစ်ကီ၊
ဗီယက်နမ်စစ်ပွဲကြားက မစ်ကီ၊
မူပိုင်ခွင့်တွေကြားထဲက မစ်ကီ…

အစရှိသဖြင့် မစ်ကီဟာ ကာလမျိုးစုံကို ပုံစံမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရပါတယ်

ကမ္ဘာပေါ်က အတွေ့အကြုံ အရင့်ကျက်ဆုံး ကာတွန်းဇာတ်ကောင်လို့ ဆိုလိုက်ရင် မစ်ကီကိုပဲ ပြရမှာပါ

2022 နိုဝင်ဘာမှာ 94 နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့
မစ်ကီကို ကာတွန်းဇာတ်ကောင်ထက်ပိုတဲ့ သက်ရှိပြယုဂ်အဖြစ်
ယနေ့ထက်တိုင် တစ်ကမ္ဘာလုံးက လက်ခံထားကြဆဲ ဖြစ်သလို
မစ်ကီရဲ့ ရုပ်ပုံတွေကလည်း နေရာအနှံ့မှာ နေရာယူထားဆဲပါ

ရာစုနှစ် တစ်စုနီးပါး အနိမ့်အမြင့် အတက်အကျတွေကြားထဲမှာ
မဆုတ်မနစ် ခရီးနှင်ခဲ့တဲ့ ကြွက်တစ်ကောင်ရဲ့ခရီးစဉ်ကို
မစ်ကီမောက်စ် မှတ်တမ်းရုပ်ရှင်ထဲမှာ လိုက်ပါ ခံစားကြည့်ရအောင်ပါ

အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။

Genre….. Biography, Documentary
Quality…. 1080p | 720p | 480p
File size…  2.1GB | 1.1GB | 438MB
Format… mp4
Duration…. 1h 29min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Roman NoX
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
18 November 2022
Rated
TV-G
Runtime
1h 29min
Popularity
19.013
Status
Released
ID IMDb.com
tt11178402
IMDB Rating
7
IMDB votes
285
ID Themoviedb.org
934323
TMDb Rating
7.242
TMDb votes
31