Exit print mode Print Data A+ A- Undo all

Mickey’s Magical Christmas: Snowed in at the House of Mouse (2001)

Mickey’s Magical Christmas: Snowed in at the House of Mouse (2001)Mickey’s Magical Christmas: Snowed in at the House of Mouse (2001)

Synopsis:

Mickey’s Magical Christmas: Snowed in at the House of Mouse (2001)

ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of Mouse ဆိုတာက မစ်ကီတို့သူငယ်ချင်းတွေဖွင့်ထားတဲ့ Dinner Theatre Club… အဲဒီကို ဒစ္စနေးက ဇာတ်ကောင်တွေအကုန်လာကြတယ်ပေါ့။ အဲဒီဇာတ်ကောင်တွေကိုထည့်တဲ့နေရာမှာ အန်နီမေးရှင်းလုံးဝမရှိသေးတဲ့ ဒစ္စနေးကောမစ်က ဇာတ်ကောင်တွေကိုပါ ထည့်ခဲ့တယ်။ ၅၂ပိုင်းနဲ့ ရုပ်ရှင်၂ကားထွက်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီ၂ကားထဲက တစ်ကားဖြစ်သလို ခရစ္စမတ်ကားလည်းဟုတ်နေတဲ့ကားပေါ့။

ဇာတ်လမ်းစစမှာ မစ်ကီတို့တွေဟာ ခရစ္စမတ်အကြိုနေ့မှာ ဖျော်ဖြေပွဲလုပ်ပြီးတဲ့နောက် ဧည့်သည်တွေကို နှုတ်ဆက်တယ်။ ကံဆိုးချင်တော့ နှင်းတွေပိန်းပိတ်နေအောင် ကျနေလို့ တစ်ယောက်မှ အိမ်ပြန်မရတော့ဘဲ House of Mouse မှာပဲ ခရစ္စမတ်ပါတီကို ကျင်းပရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုခရစ္စမတ်ပါတီကျင်းပတော့ မစ်ကီက အိမ်ရှင်ပီပီ အားလုံးကို ပျော်စေချင်တယ်။ ရှိရှိသမျှ ဒစ္စနေးဗီလိန်တွေအကုန်လုံးတောင် ခရစ္စမတ်ကိုတော့ ချစ်ကြတယ်။ ပျော်ကြရွှင်ကြတယ်ပေါ့။ ဒါပေမဲ့ ခရစ္စမတ်ကို မချစ်နိုင်တဲ့သူက ဒေါ်နယ်လ်။ ဒီတော့ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်တတ်လာအောင် မစ်ကီက မစ်ကီရဲ့ဇာတ်လမ်းတိုလေးတွေရော ဒေါ်နယ်လ်ရဲ့ဇာတ်လမ်းတိုလေးတွေရောပြတယ်။ ထုံးစံအတိုင်း မင်နီ ဂူဖီ ပလူတိုတို့ရော ဟူဝီ ဒူဝီ လူဝီတို့ရော ဘဲကပ်စေးတို့ရော အကုန်ပါတာပေါ့။ တစ်ပုဒ်ပြီး တစ်ပုဒ်ပြပေမဲ့ ဒေါ်နယ်လ်ကတော့ သူ့ဦးလေးဘဲကပ်စေးနဲ့တူအောင်ကို ခေါင်းတွင်တွင်ခါနေတုန်းပဲ။ ဒီတော့ မစ်ကီတို့တွေ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်သွားအောင် ဘာပြရမလဲ ခေါင်းချင်းရိုက်ကြတာပေါ့။ ဒေါ်နယ်လ်ချစ်တတ်သွားအောင် မစ်ကီတို့ ဘယ်လိုဇာတ်လမ်းတွေ ဒေါ်နယ့်လ်ကို ပြကြမလဲ ကြည့်ကြရလိမ့်မယ်။

ဒေါ်နယ့်လ်ကို ပြသွားတဲ့ ခရစ္စမတ်ဇာတ်လမ်းတွေထဲမှာ ဒစ္စနေးရုပ်ရှင်တို ၂ခုပါတယ်။ Pluto’s Christmas Tree (1952) နဲ့ Mickey’s Christmas Carol (1983) တို့ပါပဲ။ Mickey’s Christmas Carol ကတော့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို မှီးထားတယ်။ Academy Award for Best Animated Short Film ဆုပါ ဆန်ခါတင်ဝင်သွားသေးတယ်။ တကယ်လည်း‌ ကောင်းပါတယ်။ သူတို့ပြခဲ့တဲ့ဇာတ်လမ်းတွေထဲ ဒီတစ်ပုဒ်ကတော့ တော်တော်ကောင်းတယ်။ ခရစ္စမတ်ရဲ့ အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ A Christmas Carol ရဲ့ ကျောရိုးအတိုင်း မစ်ကီမောက်စ်တို့နဲ့ ကြည့်ရမှာဆိုတော့ ခရစ္စမတ်မှာ ကြည့်လို့လည်း တော်တော်အရသာရှိလိမ့်မယ်။

မစ်ကီတို့ဆိုခဲ့တဲ့သီချင်းအတိုင်းပေါ့… ခရစ္စမတ်ဆိုတာ ခရစ္စမတ်သစ်ပင်ကြီးဧည့်ခန်းထဲ အလှထည့်ထားတာလည်းမဟုတ်ဘူး။ ခရစ္စမတ်ပွဲကြီးလမ်းကြီးတွေ လုပ်ကြတာမျိုးလည်း မဟုတ်ဘူး။ ခရစ္စမတ်ဆိုတာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ချစ်ခြင်းတွေနဲ့ အတူရှိနေတဲ့ အချိန်ပါပဲ။

အားလုံးလည်း ရှိနိုင်ကြပါစေ… မယ်ရီခရစ္စမတ်…

(ဒီကာတွန်းနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.8GB, 800MB
Quality – 1080p, 720p
IMDb Rating – 6.6/10
Format – mp4
Duration – 1H 5Min
Genre – Adventure, Animation, Comedy
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Bobs Gannaway, Burny Mattinson, Tony Craig
Stars
Bill Farmer, Carlos Alazraqui, Corey Burton, David Ogden Stiers, Eddie Carroll, Frank Welker, Jeff Bennett, Jennifer Hale, Jodi Benson, John Cleese, Maurice LaMarche, Paige O'Hara, Pat Carroll, Peter Cullen, Robby Benson, Russi Taylor, Tony Anselmo, Tress MacNeille, Wayne Allwine
Release Date
2001
Rated
TV-G
Runtime
1h 5m
Country
United States, Philippines
Popularity
38.11
Status
Released
ID IMDb.com
tt0300195
IMDB Rating
6.6
IMDB votes
3800
ID Themoviedb.org
21448
TMDb Rating
7
TMDb votes
248