Exit print mode Print Data A+ A- Undo all

Midnight in the Switchgrass (2021)

Can they stop a serial killer who can't stop himself?
Midnight in the Switchgrass (2021)Midnight in the Switchgrass (2021)

Synopsis:

 

Midnight in the Switchgrass(2021)
=======================
No Rating Yet

တာရာမင်းဝေ ၀တ္တုတိုတစ်ခုထဲ ဖတ်ဖူးတဲ့ဟာပေါ့။
သေချာတော့မမှတ်မိတော့ဘူး။သဘောကတော့ဒီလို
အကြီးကျယ်ဆုံး၀တ္တုတွေမှာ အရာသုံးမျိုးပါရတယ်တဲ့။ ခမ်းနားကြီးကျယ်မှု၊ လိင်စေ့ဆော်မှု၊
နောက် သဲထိတ်ရင်ဖိုတဲ့။ ဒီရုပ်ရှင်ဟာ ပထမအချက်
က ယွန်းပြီး ကျန်တဲ့နှစ်ချက်ပါတယ်။

ဘရုစ်ဝီလ်ကိုလည်း ပြထားပေမယ့်
အဓိကဇာတ်ကောင်ကတော့ မီဂန်ဖောက်စ်ပဲ။
မိန်းကလေးလှလှလေးတွေကို ဖမ်းပြီး
လှောင်ပိတ်ကစားပြီး လိင်စိတ်ဖြေတဲ့
ကွင်းဆက်လူသတ်သမား မုဒိန်းကောင်ကို လိုက်နေတဲ့
စုံထောက်မလေးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့
ဒုတိယအချက်ကို အမိအရသုံးထားတယ်။

မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကြိုက်တဲ့သူတွေ
ကြိုက်မယ့်ကားမျိုးပဲ။ တရားခံကိုတော့
ကားအစမှာကတည်းက ဖော်ပြထားလို့
သိပ်ပြီးမထူးပေမဲ့ သူပေးတဲ့ သဲထိတ်ရင်ဖိုက
တရားခံကို မိ မမိ အပေါ်မှာတော့ မမူတည်ဘူး။
ဒါကမြင်နေကြဇာတ်ကွက်ဆိုတော့
သိပ်တော့ရင်ဖိုလှစရာမရှိဘူး။တရားခံဟာ
လှလွန်းတဲ့ အသွင်ယူရဲမေ မီဂန်ဖောက်စ်ကို
ဖမ်းပြီး ခူးဆွတ်ခြွေမွဖို့ ကြံတယ်။
ဒီမှာ ဓားစာခံတွေ သေမလားရှင်မလား
ဘာဆက်ဖြစ်မလဲက တဖြည်းဖြည်းနဲ့
ရင်ဖိုစရာတော့ကောင်းတယ်။
အတိုင်းအတာတစ်ခုအထိ သဲထိတ်ရင်ဖို ရသ
ပေးနိုင်တယ်ပေါ့။ ဒီနှစ်ချက်နဲ့တင် ဒီရုပ်ရှင်ဟာ
စုံထောက်ရုပ်ရှင် မှုခင်းရုပ်ရှင် ကြိုက်တဲ့သူတွေ
အတွက် စိတ်ကျေနပ်မှုတစ်ခုတော့
ပေးနိုင်မှာပဲ။အထူးသဖြင့် ကြည့်ပျော်တဲ့ကားတောင်
အရမ်းရှားနေတဲ့ ဒီကာလထဲမှာပေါ့။

တရား၀င်ထွက်ရက်က ဇူလိုင်၂၃ဆိုတော့
Rating မရှိသေးဘူး။ ဒါရိုက်တာRandall Emmett
ကတော့ The Irishmanကားအပါအ၀င်
ဘရုစ်ဝီလ်ကား ဆယ်ကားကျော်ကို ပရိုဂျူဆာ
လုပ်ဖူးတဲ့သူ။ဒါရိုက်တာက ပရိုဂျူဆာလောက
ကနေ ဒါရိုက်တာဘက် ပထမဆုံးကူးလာတဲ့ကား။
သို့ပေမဲ့ ဒါရိုက်တာဟာ ခေသူတော့မဟုတ်ဘူး။
နောက်နှစ်မှာ ရောဘတ်ဒီနဲရိုးနဲ့ပါ wash me
in the riverရိုက်ဖို့ရှိတယ်။ မီဂန်ဖောက်စ်ကြောင့်ရော
သဲထိတ်ရင်ဖိုရသပေးနိုင်တဲ့ ဇာတ်လမ်းကြောင့်ရော
ကြည့်ကောင်းတဲ့ စုံထောက်ရုပ်ရှင်ကားအဖြစ်
သတ်မှတ်ချင်တယ်။ အရေးအကြီးဆုံး
တစ်ချက်က‌တော့ စတားလုံးရဲ့သမီး
စစ္စတင်း စတားလုံးလေးလည်း မဆိုသလောက်
ပါထားသေးတယ်။

(စာကြွင်း။ ဘာနေနေ မီဂန်ဖောက်စ် ကြမ်းတယ်)

 

File size…(2 GB) / (1.2 GB) / (600 MB)
Quality…BluRay 1080p /720p/ 480p
Format…mp4
Duration….01:40:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by Mugiwara Ya & Wira Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $15 000 000,00
Popularity
20.639
Status
Post Production
ID IMDb.com
tt11656220
ID Themoviedb.org
693113