Exit print mode Print Data A+ A- Undo all

Mirror (1975)

Mirror (1975)Mirror (1975)

Synopsis:

Mirror(1975)
===========
IMDb Rating – 8.1/10
Directed By Andrei Tarkovsky

ထုတ်ပြောမထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်တဲ့။
ကောင်မလေးတစ်ယောက်ကို ခင်ဗျား ချစ်နေတယ်ထား။
ခင်ဗျား သူ့နဲ့ စကားတွေ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ပြောဖြစ်နေမယ်။
ခင်ဗျား သူ့ကိုချစ်နေတယ်ဆိုတဲ့ အချက်ကို အသေပြောချင်နေပေမဲ့ အကြောင်း‌ကြောင်းနဲ့ ခင်ဗျားမပြောဖြစ်ဘူး။
သူလည်းသိချင်သိမယ် မသိချင်မသိဘူး။
ခင်ဗျားကတော့ မပြောဖြစ်ဘူး။
ဒီလိုအခြေအနေမျိုးကို လူတစ်ဝက်လောက်တော့ ကြုံဖူးကြမယ်ထင်တာပ‌ဲ။
ဖြစ်ဖူးရင်တော့
အဲ့ဒီအချိန်မှာ ခင်ဗျား ခံစားရတဲ့ခံစားမှုကို စကားလုံးနဲ့ ဖော်ပြကြည့်။ ကျွန်တော်တော့ မဖော်ပြတတ်ဘူး။
သေချာတာကတော့ အဲ့ဒီခံစားမှုဟာ အ‌တော်လေးသိပ်သည်း ပြင်းထန်တယ်။
ဒါပေမဲ့ အဲ့ဒီခံစားမှုကို
စကားလုံးနဲ့ ဖော်ပြဖို့ကြ မရတော့ဘူး။
စကားလုံးတွေဟာ လူသားရဲ့အမှန်စင်စစ် ခံစားမှုကို ဖော်ပြဖို့ရာ မလုံလောက်တဲ့ အရာတွေပဲ။
ခံစားမှုတွေကို ဖော်ပြဖို့ စကားလုံးတွေက မတတ်နိုင်ဘူး။

 

မော်ဒန်Artတွေမှာတော့ ရုပ်ပုံတွေဟာ ရုပ်ပုံမဟုတ်တော့ဘူး။
စကားလုံးတွေဟာ စကားလုံးတွေမဟုတ်တော့ဘူး။
ဖော်ပြချင်တဲ့ ခံစားမှုရဲ့ မသိကိန်းတစ်ခုကို ပိုပေါ်လွင်အောင် တိကျတဲ့အရာတစ်ခုကို
ပုံဖော်ခြင်းရေးသားခြင်းမရှိတော့ဘဲ ခံစားမှုလိုမျိုးဝေဝါးတဲ့အရာတစ်ခုကိုသာ အနုပညာပစ္စည်းကို ခံစားမည့်သူကို ပေးအပ်လာတယ်။
ပြောရရင် ပရိတ်သတ်ကို အလုပ်ပေးထားတယ်။
သူတို့ဖန်တီးထားတဲ့ အနုပညာကိုအရင်းတည်ပြီး ခံစားသူဟာ ကိုယ်ပိုင်ခံစားမှုကို ပြန်တူးဖော်ရတယ်။
တ‌ာကော့စကီးရုပ်ရှင်တွေဒီလိုပဲ ဇာတ်လမ်းအရရော ဒိုင်ယာလော့အရရော ကြည့်ရှုသူကို ဝေဝါးတဲ့အရာတစ်ခုသာ ပေးထားတယ်။
သူ့ရုပ်ရှင်တွေမှာ နိမိတ်ပုံဆန်တဲ့ စကားလုံးတွေနဲ့ အာစီနီတာကော့စကီးရဲ့ ကဗျာတွေကို ဖောဖောသီသီလည်းသုံးထားတယ်။
ဇာတ်လမ်းအရရော စကားလုံးအရပါ ဝေဝါးလွန်းတဲ့ တာကော့စကီးရုပ်ရှင်တွေကို ရုပ်ရှင်သမားတွေက ကြည့်ဖို့မဟုတ်တဲ့ ခံစားဖို့သက်သက် ရုပ်ရှင်တွေလို့ ဆိုကြတယ်။
အိပ်မက်ဆန်ဆန် အခင်းအကျင်းမှာ ဇာတ်ကောင်တွေဟာ
သူမတူအောင်သဘာဝကျတယ်။
ဒီလိုဆန့်ကျင်ဘက်အရာနှစ်ခုကိုတွဲဆက်ထားတယ်။

 

ကဗျာကို ဘာသာပြန်တာဟာ မိုးကာဝတ်ပြီး မိုးရေချိုးသလိုပဲ။
တာကော့စကီးကိုယ်တိုင်လည်း ကဗျာဟာ ဘာသာပြန်မရတဲ့အရာပါလို့ Nostalgiaရုပ်ရှင်မှာပြောထားတယ်။
တာကော့စကီးရုပ်ရှင်တွေမှာ ကဗျာတွေက မပါမဖြစ်အရာတွေ။ရုပ်ရှင်တိုင်းလိုလိုပါတယ်
ဒီMirrorမှာတော့ စကားလုံးတွေဟာ ပိုဝေဝါးတယ်။
ဇာတ်လမ်းကလည်း ဘာအကြောင်းပါလို့ ပြောပြရခက်တယ်။
Mirroဟာ ပြန်မရောက်နိုင်တော့တဲ့ ကလေးဘဝအတွက် အိမ်လွမ်းတဲ့ကဗျာ ဆိုလို့ရနိုင်လောက်မယ်။

 

တာကော့စကီးဟာ Poetic Cinemaသမားပါ။ ဒ့ါအပြင် ဒီရုပ်ရှင်မှာလည်း စာပေသဘောအရပြောရရင် သိစိတ်အလျဉ်စာရေးနည်းကိုသုံးထားတယ် အဲ့ဒီ‌တော့ သူခံစားရသလို ပြချင်သလိုပြ‌နေမှာပါပဲ။ Poetic Cinemaနဲ့ပက်သက်ရင်တော့ သေချာတာကတော့ အနုပညာဆိုတာ နားလည်ဖို့လား ခံစားဖို့လား မကွဲပြားမချင်း Poetic Cinemaတွေကို သူ့အတိုင်းသား ထားလိုက်တာအကောင်း‌ဆုံးပါပဲ။

( အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )


Quality__720p
IMDb Rating__8.1/10
Format__mp4
Duration__01:47:00
Type__Biography , Drama
Subtitle__Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Zerkalo
Director
Andrei Tarkovsky
Stars
Alla Demidova, Anatoliy Solonitsyn, Ángel Gutiérrez, Arseny Tarkovsky, Dionisio García Zapico, Ernesto del Bosque, Filipp Yankovsky, Ignat Daniltsev, Innokentiy Smoktunovskiy, Larisa Tarkovskaya, Luis Correcher, Margarita Terekhova, Mariya Tarkovskaya-Vishnyakova, Nikolay Grinko, Oleg Yankovskiy, Olga Kizilova, Tamara Ogorodnikova, Tatiana Del Bosque, Tatyana Reshetnikova, Teresa Del Bosque, Tomas Pamies, Yuri Sventikov, Yuriy Nazarov
Release Date
7 March 1975
Runtime
1h 47min
Country
(Soviet Union)
Budget
USD $825 370,00
Revenue
USD $48 841,00
Popularity
9.157
Status
Released
ID IMDb.com
tt0072443
IMDB Rating
8.1
IMDB votes
41,403
ID Themoviedb.org
1396
TMDb Rating
8.1
TMDb votes
550